DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်နေသော်လည်း ပြည်တွင်းစစ် ပိုဆိုးလာဟုဆို
DVB
·
September 21, 2019
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်နေသော်လည်း ပြည်တွင်းစစ် ပိုဆိုးလာဟုဆို
Donate to DVB

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေပေမယ့်လည်း  ပြည်တွင်းစစ်ပွဲတွေဟာ ပိုပိုပြီး ဆိုးလာတယ်လို့ ဒီဗွီဘီသတင်းဌာနက ပြုလုပ်တဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ စကားဝိုင်း ဆွေးနွေးပွဲ တက်ရောက်လာသူတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပေမယ့်လည်း တဖက်မှာ ပြည်တွင်းစစ်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတာကြောင့် ကြားထဲက ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ အစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာလည်း ငြိမ်းချမ်းရေးကို ၃ နှစ်လောက် ဦးစားပေး လုပ်ဆောင်နေပေမယ့် ဖွံဖြိုးတိုးတက်မှုမရှိဘဲ ကြားထဲက ပြည်သူတွေသာ အခက်အခဲပေါင်းစုံတွေနဲ့ ခံစားနေရတယ်လို့ ဆိုပါတယ်။

ဒီဗွီဘီသတင်းဌာနက ပြုလုပ်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေးနှင့် စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးအကျိုးဆောင် ဒေါ်ရှင်းရှင်းက “ငြိမ်းချမ်းရေး လက်မှတ်ထိုးတယ်သာ ပြောပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးတိုးတက်မှု မရှိဘူး။ လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိဘူးဆိုတဲ့ အနေအထားမှာ ပြည်သူတွေရဲ့ အနေအထားကတော့ ရှေ့မတိုးနိုင်ဘဲ သူတို့ရဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုးသလိုမျိုး ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

လက်ရှိ ငြိမ်းချမ်းရေးအနေအထား အောင်မြင်ဖို့အတွက် နှစ်ဖက် ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အရေးကြီးသလို ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်မှသာ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်လာမယ်လို့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူ ဒေါ်နန်းစေဝါက ပြောပါတယ်။ 

“ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်နိုင်ဖို့အတွက် နှစ်ဖက်က ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ အရေးကြီးသလို ကျမတို့ ပြည်သူလူထုတွေကလည်း အားလုံး ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။ ဒါမှသာ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ပျက်စီးစေတဲ့ ပဋိပက္ခတွေကို ပြန်ကြည့်လိုက်ရင် အဓိကကတော့ မညီမျှမှုတွေပေါ့။ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှမှုမရှိတဲ့ အခွင့်အရေးတွေက အဓိကကျပါတယ်။”

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပွဲတွေ ဖြစ်ပွားနေတာဟာ နှစ်ပေါင်း ၇၀ နီးပါး ရှိသွားခဲ့ပြီ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ ရပ်တန့်မှု မရှိသေးတာဟာ ကိုယ့်နိုင်ငံရဲ့ပုံရိပ်တွေကို အများကြီး ထိခိုက်မှုတွေရှိတယ်လို့ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို တက်ရောက်လာသူတွေက ပြောပါတယ်။

ဒါ့အပြင် အခုလို ကိုယ့်နိုင်ငံမှာ အချင်းချင်း စစ်ပွဲတွေ ဖြစ်နေတာဟာ ကြားထဲက ပြည်သူတွေ မြေစာပင် ဖြစ်နေရတယ်လို့ ဆိုပါတယ်။ 

နေလင်းအောင်

~~~~~~~~~~~~~~~~~~~~~
Zawgyi_version

ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား လုပ္ေနေသာ္လည္း ျပည္တြင္းစစ္ ပိုဆိုးလာဟုဆို

ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ လုပ္ေနေပမယ့္လည္း  ျပည္တြင္းစစ္ပြဲေတြဟာ ပိုပိုၿပီး ဆိုးလာတယ္လို႔ ဒီဗြီဘီသတင္းဌာနက ျပဳလုပ္တဲ့ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးေန႔ စကားဝိုင္း ေဆြးေႏြးပြဲ တက္ေရာက္လာသူေတြက ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို ဆက္တိုက္ဆိုသလို လုပ္ေဆာင္ေနေပမယ့္လည္း တဖက္မွာ ျပည္တြင္းစစ္ပြဲေတြ ဆက္တိုက္ဆိုသလို ျဖစ္ေနတာေၾကာင့္ ၾကားထဲက ျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ႐ိုက္ခ်ိဳးသလို ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

လက္ရွိ အစိုးရသစ္ တက္လာၿပီးေနာက္ပိုင္းမွာလည္း ၿငိမ္းခ်မ္းေရးကို ၃ ႏွစ္ေလာက္ ဦးစားေပး လုပ္ေဆာင္ေနေပမယ့္ ဖြံၿဖိဳးတိုးတက္မႈမရွိဘဲ ၾကားထဲက ျပည္သူေတြသာ အခက္အခဲေပါင္းစုံေတြနဲ႔ ခံစားေနရတယ္လို႔ ဆိုပါတယ္။

ဒီဗြီဘီသတင္းဌာနက ျပဳလုပ္တဲ့ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးေန႔ အထိမ္းအမွတ္ ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရးစကားဝိုင္းေဆြးေႏြးပြဲမွာ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္ ေဒၚရွင္းရွင္းက “ၿငိမ္းခ်မ္းေရး လက္မွတ္ထိုးတယ္သာ ေျပာပါတယ္။ ဒါေပမဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈ မရွိဘူး။ လြတ္လြတ္လပ္လပ္ သြားလာခြင့္ မရွိဘူးဆိုတဲ့ အေနအထားမွာ ျပည္သူေတြရဲ႕ အေနအထားကေတာ့ ေရွ႕မတိုးႏိုင္ဘဲ သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ႐ိုက္ခ်ိဳးသလိုမ်ိဳး ျဖစ္ေနပါတယ္” လို႔ ေျပာပါတယ္။

လက္ရွိ ၿငိမ္းခ်မ္းေရးအေနအထား ေအာင္ျမင္ဖို႔အတြက္ ႏွစ္ဖက္ ပါဝင္ပတ္သက္ေနတဲ့ လက္နက္ကိုင္ အဖြဲ႕အစည္းေတြ အေရးႀကီးသလို ျပည္သူလူထုကလည္း ပူးေပါင္းပါဝင္မွသာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေအာင္ျမင္လာမယ္လို႔ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ တာဝန္ရွိသူ ေဒၚနန္းေစဝါက ေျပာပါတယ္။

“ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေအာင္ျမင္ႏိုင္ဖို႔အတြက္ ႏွစ္ဖက္က ပါဝင္ပတ္သက္ေနတဲ့ လက္နက္ကိုင္ အဖြဲ႕အစည္းေတြမွာ အေရးႀကီးသလို က်မတို႔ ျပည္သူလူထုေတြကလည္း အားလုံး ပူးေပါင္းပါဝင္ေပးဖို႔ လိုအပ္တယ္လို႔ ေျပာခ်င္ပါတယ္။ ဒါမွသာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေအာင္ျမင္မွာ ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးကို ပ်က္စီးေစတဲ့ ပဋိပကၡေတြကို ျပန္ၾကည့္လိုက္ရင္ အဓိကကေတာ့ မညီမွ်မႈေတြေပါ့။ တိုင္းရင္းသားေတြရဲ႕ တန္းတူညီမွ်မႈမရွိတဲ့ အခြင့္အေရးေတြက အဓိကက်ပါတယ္။”

ျမန္မာႏိုင္ငံမွာ ျပည္တြင္းစစ္ပြဲေတြ ျဖစ္ပြားေနတာဟာ ႏွစ္ေပါင္း ၇၀ နီးပါး ရွိသြားခဲ့ၿပီ ျဖစ္ေပမယ့္ လက္ရွိအခ်ိန္ထိ ရပ္တန႔္မႈ မရွိေသးတာဟာ ကိုယ့္ႏိုင္ငံရဲ႕ပုံရိပ္ေတြကို အမ်ားႀကီး ထိခိုက္မႈေတြရွိတယ္လို႔ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးေန႔ စကားဝိုင္းေဆြးေႏြးပြဲ အခမ္းအနားကို တက္ေရာက္လာသူေတြက ေျပာပါတယ္။

ဒါ့အျပင္ အခုလို ကိုယ့္ႏိုင္ငံမွာ အခ်င္းခ်င္း စစ္ပြဲေတြ ျဖစ္ေနတာဟာ ၾကားထဲက ျပည္သူေတြ ေျမစာပင္ ျဖစ္ေနရတယ္လို႔ ဆိုပါတယ္။

ေနလင္းေအာင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013