DVB Logo
Home
မြန်မာသတင်း
ဗစ်တိုးရီးယားအမှု အဂတိလိုက်စားမှုနှင့် ငြိစွန်းခြင်း ရှိ၊ မရှိ စောင့်ကြည့်နေဟု ကော်မရှင်ပြော
DVB
·
September 21, 2019
ဗစ်တိုးရီးယားအမှု အဂတိလိုက်စားမှုနှင့် ငြိစွန်းခြင်း ရှိ၊ မရှိ စောင့်ကြည့်နေဟု ကော်မရှင်ပြော
Donate to DVB

နေပြည်တော်က အသက် ၃ နှစ်အရွယ် ဗစ်တိုးရီးယား လိင်အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်မှာ အဂတိလိုက်စားမှုနဲ့ ငြိစွန်းခြင်း ရှိ၊ မရှိ စောင့်ကြည့်နေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့က နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ဆေးပေးဖို့ တိုင်းကြားထားမှု ရှိမရှိနဲ့ တိုင်ကြားမှုမရှိပါက ကော်မရှင်အနေနဲ့ ကျော်စောသတ်မှတ်ပြီး စစ်ဆေးမှု ရှိ၊ မရှိ သိလိုတဲ့ မေးခွန်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်က အခုလို ပြန်လည်ဖြေဆိုခဲ့တာပါ။‌

“ဗစ်တိုးရီးယားလေး အမှုနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်အနေနဲ့ စာနာထောက်ထားမှုများစွာနဲ့ ကျနော်တို့ အဂတိလိုက်စားမှု မြောက် မမြောက်၊ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ ငြိစွန်းမှု ရှိ၊ မရှိဆိုတာကို စောင့်ကြည့်ဆောင်ရွက်လျက် ရှိပါတယ်။"

ကော်မရှင်အနေနဲ့ ဗစ်တိုးရီးယားအမှုအပေါ် စစ်ဆေးပေးဖို့ နစ်နာသူ ကလေးငယ်ရဲ့ မိဘတွေက အမှုအပေါ် အဂတိလိုက်စားမှု ရှိ၊ မရှိ စစ်ဆေးပေးဖို့ တိုင်ကြားလာတဲ့အတွက် တိုင်ကြားသူတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး အမှုအပေါ် စောင့်ကြည့်နေတာလို့ ဆိုပါတယ်။

"ကျနော်တို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုလည်း တိုင်ကြားလာခဲ့တာ ရှိပါတယ်။ ဒီတိုင်ကြားစာနဲ့ပတ်သက်ပြီးတော့ တိုင်ကြားသူနဲ့လည်း တွေ့ဆုံပြီးတော့ ကျနော်တို့ ရှင်းလင်းမေးမြန်းခဲ့ပြီး ဖြစ်ပါတယ်။ အဂတိနဲ့ ပတ်သက်လာနိုင်တဲ့ အနေအထားမျိုးရှိရင် ကျနော်တို့က စောင့်ကြည့်တယ်။ လေ့လာတယ်။ ကျနော်တို့ရဲ့ လုပ်ငန်းတာဝန်ပဲလေ။ ဒီဟာနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့နစ်နာမှုကို တိုင်တာပါ။ အဖေနဲ့ အမေနဲ့က တိုင်တာ။ ဖြစ်သွားပြီးတော့ နှစ်ပတ်လောက် ကြာတဲ့အချိန်မှာ ရောက်ပါတယ်။" 

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ ပြီးခဲ့တဲ့ မေလက အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယား မဖွယ်မရာ ပြုကျင့်ခံခဲ့မှုနဲ့ပတ်သက်ပြီး ကားယာဉ်မောင်း ဖြစ်သူ ကိုအောင်ကြီးအား ဒက္ခိဏခရိုင်တရားရုံးမှာ တရားဆွဲဆိုကာ အမှုကို စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ရုံးထုတ်စစ်ဆေးမှုအရ အဓိက သက်သေဖြစ်သူ ဗစ်တိုးရီးယားလေးအား စစ်ဆေးခဲ့ပြီး တရားစွဲဆိုခံထားရတဲ့ အောင်ကြီးကို မသိရှိကြောင်း ထွက်ဆိုထားပါတယ်။

~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဗစ္တိုးရီးယားအမႈ အဂတိလိုက္စားမႈႏွင့္ ၿငိစြန္းျခင္း ရွိ၊ မရွိ ေစာင့္ၾကည့္ေနဟု ေကာ္မရွင္ေျပာ

ေနျပည္ေတာ္က အသက္ ၃ ႏွစ္အ႐ြယ္ ဗစ္တိုးရီးယား လိင္အၾကမ္းဖက္ခံရတဲ့ ျဖစ္စဥ္မွာ အဂတိလိုက္စားမႈနဲ႔ ၿငိစြန္းျခင္း ရွိ၊ မရွိ ေစာင့္ၾကည့္ေနတယ္လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

စက္တင္ဘာ ၂၁ ရက္ေန႔က ေနျပည္ေတာ္ရွိ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္႐ုံး သတင္းစာရွင္းလင္းပြဲမွာ ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္ၿပီး အဂတိလိုက္စားမႈေတြ ရွိေနတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ စစ္ေဆးေပးဖို႔ တိုင္းၾကားထားမႈ ရွိမရွိနဲ႔ တိုင္ၾကားမႈမရွိပါက ေကာ္မရွင္အေနနဲ႔ ေက်ာ္ေစာသတ္မွတ္ၿပီး စစ္ေဆးမႈ ရွိ၊ မရွိ သိလိုတဲ့ ေမးခြန္းအေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ရဲ႕ စစ္ေဆးေရးမႉးခ်ဳပ္ ဦးသန႔္ေဇာ္က အခုလို ျပန္လည္ေျဖဆိုခဲ့တာပါ။‌

“ဗစ္တိုးရီးယားေလး အမႈနဲ႔ ပတ္သက္ၿပီးေတာ့ ေကာ္မရွင္အေနနဲ႔ စာနာေထာက္ထားမႈမ်ားစြာနဲ႔ က်ေနာ္တို႔ အဂတိလိုက္စားမႈ ေျမာက္ မေျမာက္၊ အဂတိလိုက္စားမႈနဲ႔ ပတ္သက္ၿပီးေတာ့ ၿငိစြန္းမႈ ရွိ၊ မရွိဆိုတာကို ေစာင့္ၾကည့္ေဆာင္႐ြက္လ်က္ ရွိပါတယ္။"

ေကာ္မရွင္အေနနဲ႔ ဗစ္တိုးရီးယားအမႈအေပၚ စစ္ေဆးေပးဖို႔ နစ္နာသူ ကေလးငယ္ရဲ႕ မိဘေတြက အမႈအေပၚ အဂတိလိုက္စားမႈ ရွိ၊ မရွိ စစ္ေဆးေပးဖို႔ တိုင္ၾကားလာတဲ့အတြက္ တိုင္ၾကားသူေတြနဲ႔ ေတြ႕ဆုံညႇိႏႈိင္းၿပီး အမႈအေပၚ ေစာင့္ၾကည့္ေနတာလို႔ ဆိုပါတယ္။

"က်ေနာ္တို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္ကိုလည္း တိုင္ၾကားလာခဲ့တာ ရွိပါတယ္။ ဒီတိုင္ၾကားစာနဲ႔ပတ္သက္ၿပီးေတာ့ တိုင္ၾကားသူနဲ႔လည္း ေတြ႕ဆုံၿပီးေတာ့ က်ေနာ္တို႔ ရွင္းလင္းေမးျမန္းခဲ့ၿပီး ျဖစ္ပါတယ္။ အဂတိနဲ႔ ပတ္သက္လာႏိုင္တဲ့ အေနအထားမ်ိဳးရွိရင္ က်ေနာ္တို႔က ေစာင့္ၾကည့္တယ္။ ေလ့လာတယ္။ က်ေနာ္တို႔ရဲ႕ လုပ္ငန္းတာဝန္ပဲေလ။ ဒီဟာနဲ႔ပတ္သက္ၿပီးေတာ့ သူ႔ရဲ႕နစ္နာမႈကို တိုင္တာပါ။ အေဖနဲ႔ အေမနဲ႔က တိုင္တာ။ ျဖစ္သြားၿပီးေတာ့ ႏွစ္ပတ္ေလာက္ ၾကာတဲ့အခ်ိန္မွာ ေရာက္ပါတယ္။"

ေနျပည္ေတာ္ရွိ Wisdom Hill ပုဂၢိလက မူႀကိဳေက်ာင္းမွာ ၿပီးခဲ့တဲ့ ေမလက အသက္ ၃ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ ဗစ္တိုးရီးယား မဖြယ္မရာ ျပဳက်င့္ခံခဲ့မႈနဲ႔ပတ္သက္ၿပီး ကားယာဥ္ေမာင္း ျဖစ္သူ ကိုေအာင္ႀကီးအား ဒကၡိဏခ႐ိုင္တရား႐ုံးမွာ တရားဆြဲဆိုကာ အမႈကို စစ္ေဆးေနတာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၁ ရက္ေန႔က ႐ုံးထုတ္စစ္ေဆးမႈအရ အဓိက သက္ေသျဖစ္သူ ဗစ္တိုးရီးယားေလးအား စစ္ေဆးခဲ့ၿပီး တရားစြဲဆိုခံထားရတဲ့ ေအာင္ႀကီးကို မသိရွိေၾကာင္း ထြက္ဆိုထားပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013