DVB Logo
Home
မြန်မာသတင်း
သာတူညီမျှမူဝါဒ ဘတ်ဂျက်အကန့်အသတ်ကြောင့် အားလုံးမလွှမ်းခြုံနိုင်ဟု လူကယ်ပြန်ဝန်ကြီး ပြော
DVB
·
September 21, 2019
သာတူညီမျှမူဝါဒ ဘတ်ဂျက်အကန့်အသတ်ကြောင့် အားလုံးမလွှမ်းခြုံနိုင်ဟု လူကယ်ပြန်ဝန်ကြီး ပြော
1 / 4
Donate to DVB

တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုကို သာတူညီမျှဆိုတဲ့ မူဝါဒရှိပေမယ့် ဘတ်ဂျက်ကြောင့် အားလုံး မလွှမ်းခြုံနိုင်သေးတဲ့ အခြေအနေတွေ ရှိနေတယ်လို့ လူကယ်ပြန်ဝန်ကြီး ပြောကြားခဲ့ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့အဖွဲ့က စစ်ကိုင်းတိုင်းအတွင်းက မသန်စွမ်းသူ ၃ ထောင်ကျော်ကို စက်တင်ဘာ ၂၁ ရက်က မုံရွာမြို့၊ မြို့တော်ခန်းမမှာ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပါတယ်။ 

အခုလို မသန်စွမ်းတွေကို ထောက်ပံ့တာက စစ်ကိုင်းတိုင်းအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီအတွင်းကလည်း တိုင်းအတွင်းမြို့နယ် ၃၇ မြို့နယ်က မသန်စွမ်းဦးရေ ၁၀၉၃၄ ဦးအတွက် ၁ ယောက်ကို ၃ သောင်းကျပ်နှုန်းနဲ့ ငွေကျပ် ၃၂၈ သန်းကို ပေးအပ်ခဲ့ပါသေးတယ်။ 

အခု ဒုတိယအကြိမ်မှတော့ ပထမအကြိမ်မှာ မပါဝင်ခဲ့တဲ့ စာရင်းကျန် မသန်စွမ်း ၃၂၃၀ ဦးအတွက် ၁ ဦးကို ၃ သောင်းကျပ်နှုန်းနဲ့ စုစုပေါင်း ငွေကျပ် ၉၆ သန်းကျော်ကို လာရောက်ပေးအပ်ခဲ့တာပါ။ 

အခုနှစ်အတွင်း စစ်ကိုင်းတိုင်းအတွင်းက မသန်စွမ်း စုစုပေါင်း ၁၄၁၆၄ ဦးအတွက် နိုင်ငံတော်မှ ငွေကျပ်သန်းပေါင်း ၄၂၄ သန်းကျော်ကို အခုဘဏ္ဍာနှစ်အတွင်း ထောက်ပံ့ပေးအပ်ထားပါတယ်။ 

အခုလို ထောက်ပံ့ငွေပေးအပ်တာကို အစိုးရသစ်က ချမှတ်တဲ့ မူဝါဒအသစ်တွေကို ဝန်ကြီးဌာနက လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပြီး လူတိုင်းအခြေခံ လူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီရေး ကူညီထောက်ပံ့ကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေကတော့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုကို သာတူညီမျှ ခံစားရရှိရေး ဆိုတဲ့ မူတခု ရှိပါတယ်။ အစိုးရရဲ့ မူလည်း ဖြစ်တယ်။ ကျနော်တို့ ဝန်ကြီးဌာနကလည်း အဲလိုပဲ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်။ ကျနော်တို့ ဆောင်ရွက်မှုကို လူမှုဝန်ထမ်းက လုပ်တဲ့ ကိစ္စတွေ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုက ဆောင်ရွက်တဲ့ ကိစ္စတွေ၊ ပြန်လည်ထူထောင်ရေးမှာ လုပ်တဲ့ကိစ္စတွေ အကုန်လုံးကို ပြည်သူလူထုက သာတူညီမျှ ခံစားရရှိရေး ဆိုတာ မူအနေနဲ့ ထားတယ်။ သို့သော် ကျနော်တို့ အစိုးရရဲ့ ရန်ပုံငွေဘတ်ဂျက်တွေ အကန့်အသတ်တွေ ရှိတယ်။ တချို့နေရာတွေမှာ တနိုင်ငံလုံးကို မျှမျှတတ သာတူညီမျှဆိုတာကို အကောင်အထည်ဖော်နိုင်ပေမယ့် တချို့သော ကိစ္စတွေမှာတော့ တနိုင်ငံလုံး လွှမ်းခြုံဖို့ မတတ်နိုင်သေးတဲ့ အခြေအနေရှိတယ်။ ဒါကြောင့် ကြုံရာတွေ့ရာ လုပ်တာမဟုတ်ဘဲနဲ့ စနစ်တကျ အချက်အလက်တွေကို အခြေခံတဲ့ အညွှန်းကိန်းတွေအရ ဆောင်ရွက်နေတာဖြစ်တယ်” လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အဖွင့်အမှာစကားမှာ ပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ၂၀၁၈ ခုနှစ်စာရင်းတွေအရ ကိုယ်အင်္ဂါမသန်စွမ်းသူ ၆၆၉၂ ဦး၊ အမြင်အာရုံမသန်စွမ်းသူ ၂၄၀၃ ဦး၊ အကြားအာရုံမသန်စွမ်းသူ ၁၉၉၆ ဦး၊ ဉာဏ်ရည်မသန်စွမ်းသူ ၂၀၁၃ ဦးရှိပါတယ်။ 

မသန်စွမ်းသူတွေမှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း အများနည်းတူ တန်းတူညီမျှမှု နည်းပါးတဲ့အပြင် ဆင်းရဲနွမ်းပါးမှု မြင့်မားခြင်း၊ အလုပ်လက်မဲ့နှုန်း မြင့်မားခြင်းနှင့် ဝင်ငွေမလုံလောက်ခြင်း တွေကြုံနေကြရတယ်လို့ တက်ရောက်လာတဲ့ မသန်စွမ်းတွေကလည်း ပြောပါတယ်။

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

သာတူညီမွ်မူဝါဒ ဘတ္ဂ်က္ အကန႔္အသတ္ေၾကာင့္ အားလုံးမလႊမ္းၿခဳံႏိုင္ဟု လူကယ္ျပန္ဝန္ႀကီး ေျပာ

တႏိုင္ငံလုံးမွာရွိတဲ့ ျပည္သူလူထုကို သာတူညီမွ်ဆိုတဲ့ မူဝါဒရွိေပမယ့္ ဘတ္ဂ်က္ေၾကာင့္ အားလုံး မလႊမ္းၿခဳံႏိုင္ေသးတဲ့ အေျခအေနေတြ ရွိေနတယ္လို႔ လူကယ္ျပန္ဝန္ႀကီး ေျပာၾကားခဲ့ပါတယ္။

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး ဦးေဆာင္တဲ့အဖြဲ႕က စစ္ကိုင္းတိုင္းအတြင္းက မသန္စြမ္းသူ ၃ ေထာင္ေက်ာ္ကို စက္တင္ဘာ ၂၁ ရက္က မုံ႐ြာၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမမွာ ေထာက္ပံ့ေငြေတြ ေပးအပ္ခဲ့ပါတယ္။

အခုလို မသန္စြမ္းေတြကို ေထာက္ပံ့တာက စစ္ကိုင္းတိုင္းအတြင္း ဒုတိယအႀကိမ္ျဖစ္ၿပီး ပထမအႀကိမ္အျဖစ္ ေဖေဖာ္ဝါရီအတြင္းကလည္း တိုင္းအတြင္းၿမိဳ႕နယ္ ၃၇ ၿမိဳ႕နယ္က မသန္စြမ္းဦးေရ ၁၀၉၃၄ ဦးအတြက္ ၁ ေယာက္ကို ၃ ေသာင္းက်ပ္ႏႈန္းနဲ႔ ေငြက်ပ္ ၃၂၈ သန္းကို ေပးအပ္ခဲ့ပါေသးတယ္။

အခု ဒုတိယအႀကိမ္မွေတာ့ ပထမအႀကိမ္မွာ မပါဝင္ခဲ့တဲ့ စာရင္းက်န္ မသန္စြမ္း ၃၂၃၀ ဦးအတြက္ ၁ ဦးကို ၃ ေသာင္းက်ပ္ႏႈန္းနဲ႔ စုစုေပါင္း ေငြက်ပ္ ၉၆ သန္းေက်ာ္ကို လာေရာက္ေပးအပ္ခဲ့တာပါ။

အခုႏွစ္အတြင္း စစ္ကိုင္းတိုင္းအတြင္းက မသန္စြမ္း စုစုေပါင္း ၁၄၁၆၄ ဦးအတြက္ ႏိုင္ငံေတာ္မွ ေငြက်ပ္သန္းေပါင္း ၄၂၄ သန္းေက်ာ္ကို အခုဘ႑ာႏွစ္အတြင္း ေထာက္ပံ့ေပးအပ္ထားပါတယ္။

အခုလို ေထာက္ပံ့ေငြေပးအပ္တာကို အစိုးရသစ္က ခ်မွတ္တဲ့ မူဝါဒအသစ္ေတြကို ဝန္ႀကီးဌာနက လက္ေတြ႕အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနတာျဖစ္ၿပီး လူတိုင္းအေျခခံ လူ႔အခြင့္အေရးရရွိေရး၊ ဒီမိုကေရစီစံႏႈန္းနဲ႔ ကိုက္ညီေရး ကူညီေထာက္ပံ့ကယ္ဆယ္ေရးေတြကို လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

“ဝန္ႀကီးဌာနရဲ႕ ေဆာင္႐ြက္ခ်က္ေတြကေတာ့ တႏိုင္ငံလုံးမွာရွိတဲ့ ျပည္သူလူထုကို သာတူညီမွ် ခံစားရရွိေရး ဆိုတဲ့ မူတခု ရွိပါတယ္။ အစိုးရရဲ႕ မူလည္း ျဖစ္တယ္။ က်ေနာ္တို႔ ဝန္ႀကီးဌာနကလည္း အဲလိုပဲ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနတယ္။ က်ေနာ္တို႔ ေဆာင္႐ြက္မႈကို လူမႈဝန္ထမ္းက လုပ္တဲ့ ကိစၥေတြ၊ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈက ေဆာင္႐ြက္တဲ့ ကိစၥေတြ၊ ျပန္လည္ထူေထာင္ေရးမွာ လုပ္တဲ့ကိစၥေတြ အကုန္လုံးကို ျပည္သူလူထုက သာတူညီမွ် ခံစားရရွိေရး ဆိုတာ မူအေနနဲ႔ ထားတယ္။ သို႔ေသာ္ က်ေနာ္တို႔ အစိုးရရဲ႕ ရန္ပုံေငြဘတ္ဂ်က္ေတြ အကန႔္အသတ္ေတြ ရွိတယ္။ တခ်ိဳ႕ေနရာေတြမွာ တႏိုင္ငံလုံးကို မွ်မွ်တတ သာတူညီမွ်ဆိုတာကို အေကာင္အထည္ေဖာ္ႏိုင္ေပမယ့္ တခ်ိဳ႕ေသာ ကိစၥေတြမွာေတာ့ တႏိုင္ငံလုံး လႊမ္းၿခဳံဖို႔ မတတ္ႏိုင္ေသးတဲ့ အေျခအေနရွိတယ္။ ဒါေၾကာင့္ ႀကဳံရာေတြ႕ရာ လုပ္တာမဟုတ္ဘဲနဲ႔ စနစ္တက် အခ်က္အလက္ေတြကို အေျခခံတဲ့ အၫႊန္းကိန္းေတြအရ ေဆာင္႐ြက္ေနတာျဖစ္တယ္” လို႔ လူကယ္ျပန္ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက အဖြင့္အမွာစကားမွာ ေျပာဆိုခဲ့ပါတယ္။

စစ္ကိုင္းတိုင္းအတြင္း ၂၀၁၈ ခုႏွစ္စာရင္းေတြအရ ကိုယ္အဂၤါမသန္စြမ္းသူ ၆၆၉၂ ဦး၊ အျမင္အာ႐ုံမသန္စြမ္းသူ ၂၄၀၃ ဦး၊ အၾကားအာ႐ုံမသန္စြမ္းသူ ၁၉၉၆ ဦး၊ ဉာဏ္ရည္မသန္စြမ္းသူ ၂၀၁၃ ဦးရွိပါတယ္။

မသန္စြမ္းသူေတြမွာ လူမႈေရး၊ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရးႏွင့္ အလုပ္အကိုင္အခြင့္အလမ္း အမ်ားနည္းတူ တန္းတူညီမွ်မႈ နည္းပါးတဲ့အျပင္ ဆင္းရဲႏြမ္းပါးမႈ ျမင့္မားျခင္း၊ အလုပ္လက္မဲ့ႏႈန္း ျမင့္မားျခင္းႏွင့္ ဝင္ေငြမလုံေလာက္ျခင္း ေတြႀကဳံေနၾကရတယ္လို႔ တက္ေရာက္လာတဲ့ မသန္စြမ္းေတြကလည္း ေျပာပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013