DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင် တပ်မကို အေအေအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
September 21, 2019
ဘူးသီးတောင် တပ်မကို အေအေအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် (စကခ) တပ်မ ၁၅ ကို စက်တင်ဘာ ၂၀ ရက်နေ့ ညနေ ၅ နာရီလောက်က အေအေအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဆောက်အအုံတချို့ ပျက်စီးသွားခဲ့ပြီး ကလးငယ် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဒီနေ့ ညနေပိုင်းပါ၊ လက်နက်ကြီး ၄ လုံး ပစ်တယ်၊ ၃ လုံး ပေါက်ကွဲတယ်၊ အဝေးက လှမ်းပစ်တာပါ။ အဆောက်အအုံအချို့ ပျက်စီးသွားတယ်၊ ထိခိုက်ဒဏ်ရာရရှိသူကတော ကလေး ၂ ဦးပါ။ စိုးရိမ်စရာတော့ မရှိပါဘူး။”

အဆိုပါပစ်ခတ်ခံရတဲ့ တပ်မဟာ ဘူးသီးတောင်မြို့အရှေ့ဘက် ၃ မိုင်လောက်ကွာ ဘူးသီးတောင်-စိုင်းတင်ကားလမ်း ဘယ်ဘက်မှာ တည်ရှိတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့ ည ၁၁ နာရီကျော်ကလည်း ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာ အရှေ့ဘက်ရှိ တပ်မတော်က နေရာယူထားတဲ့ ကျောင်းတောင် တောင်ကုန်းကို ရက္ခိုင့်တပ်တော်(အေအေ)က လာရောက် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြု ပြောကြားပါတယ်။

“တိုက်ပွဲ ဖြစ်ပွားခဲ့တာ မှန်တယ်။ ည ၁၁ နာရီကျော်မှာ ဥယျာဉ်သာကျေးရွာ အရှေ့ဘက်မှာ ရှိတဲ့ စေတီဟောင်းတောင်ကုန်းကို အေအေက လာရောက် ပစ်ခတ်တာကြောင့် တိုက်ပွဲ ဖြစ်ခဲ့တယ်၊ အထိအခိုက် တစုံတရာတော့ မရှိပါဘူး၊ စခန်းတောင်ကုန်းလည်း ဘာမှ မဖြစ်ပါဘူး။”

လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် အေအေဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNTJP/MNDAA)၊ တအာင်း လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA )၊ ရက္ခိုင့်တမပ်မတော် (ULA/AA) တို့ဟာ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း စက်တင်ဘာ ၂ဝ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

ကောင်းကောင်း

~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဘူးသီးေတာင္ တပ္မကို ေအေအအဖြဲ႕က လက္နက္ႀကီးျဖင့္ ပစ္ခတ္

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ အေျခစိုက္ စစ္ဆင္ေရးကြပ္ကဲေရးဌာနခ်ဳပ္ (စကခ) တပ္မ ၁၅ ကို စက္တင္ဘာ ၂၀ ရက္ေန႔ ညေန ၅ နာရီေလာက္က ေအေအအဖြဲ႕က လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ အေဆာက္အအုံတခ်ိဳ ပ်က္စီးသြားခဲ့ၿပီး ကလးငယ္ ၂ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ဒီေန႔ ညေနပိုင္းပါ၊ လက္နက္ႀကီး ၄ လုံး ပစ္တယ္၊ ၃ လုံး ေပါက္ကြဲတယ္၊ အေဝးက လွမ္းပစ္တာပါ။ အေဆာက္အအုံအခ်ိဳ႕ ပ်က္စီးသြားတယ္၊ ထိခိုက္ဒဏ္ရာရရွိသူကေတာ ကေလး ၂ ဦးပါ။ စိုးရိမ္စရာေတာ့ မရွိပါဘူး။”

အဆိုပါပစ္ခတ္ခံရတဲ့ တပ္မဟာ ဘူးသီးေတာင္ၿမိဳ႕အေရွ႕ဘက္ ၃ မိုင္ေလာက္ကြာ ဘူးသီးေတာင္-စိုင္းတင္ကားလမ္း ဘယ္ဘက္မွာ တည္ရွိတယ္လို႔ သိရပါတယ္။

စက္တင္ဘာ ၁၉ ရက္ေန႔ ည ၁၁ နာရီေက်ာ္ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ ဥယ်ာဥ္သာေက်း႐ြာ အေရွ႕ဘက္ရွိ တပ္မေတာ္က ေနရာယူထားတဲ့ ေက်ာင္းေတာင္ ေတာင္ကုန္းကို ရကၡိဳင့္တပ္ေတာ္(ေအေအ)က လာေရာက္ တိုက္ခိုက္ခဲ့တာေၾကာင့္ တိုက္ပြဲ ျဖစ္ပြားခဲ့တယ္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက အတည္ျပဳ ေျပာၾကားပါတယ္။

“တိုက္ပြဲ ျဖစ္ပြားခဲ့တာ မွန္တယ္။ ည ၁၁ နာရီေက်ာ္မွာ ဥယ်ာဥ္သာေက်း႐ြာ အေရွ႕ဘက္မွာ ရွိတဲ့ ေစတီေဟာင္းေတာင္ကုန္းကို ေအေအက လာေရာက္ ပစ္ခတ္တာေၾကာင့္ တိုက္ပြဲ ျဖစ္ခဲ့တယ္၊ အထိအခိုက္ တစုံတရာေတာ့ မရွိပါဘူး၊ စခန္းေတာင္ကုန္းလည္း ဘာမွ မျဖစ္ပါဘူး။”

လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့တဲ့အေပၚ ေအေအဘက္ကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ညီေနာင္မဟာမိတ္သုံးဖြဲ႕ျဖစ္တဲ့ ကိုးကန႔္တပ္မေတာ္ (MNTJP/MNDAA)၊ တအာင္း လြတ္ေျမာက္ေရးတပ္မေတာ္ (PSLF/TNLA )၊ ရကၡိဳင့္တမပ္မေတာ္ (ULA/AA) တို႔ဟာ ၂ဝ၁၉ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိ တဖက္သတ္ အပစ္အခတ္ ရပ္စဲေၾကာင္း စက္တင္ဘာ ၂ဝ ရက္ေန႔က ထုတ္ျပန္ေၾကညာထားပါတယ္။

ေကာင္းေကာင္း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013