
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ရဲ့ အတွင်းရေးမှူးချုပ် ကာအိုကင်ဟောင်က ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုကို အမြင့်ဆုံးအဆင့်ဆီ ရောက်ရှိစေဖို့ ပိုကျယ်ပြန့်တဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်တွေ ချမှတ်ဖို့ တရုတ်နိုင်ငံနဲ့လည်း ပိုနီးနီးကပ်ကပ် ဆက်ဆံဖို့ ဆော်ဩလိုက်ပါတယ်။
ဇူလိုင်လ အစောပိုင်းမှာ တရုတ်မြို့တော် ပေကျင်းမှာ တရုတ်ကမ္ဘာလုံးဆိုင်ရာ ရုပ်သံကွန်ရက် CGTN နဲ့ လူတွေ့မေးမြန်းခန်းမှာ ကာအိုကင်ဟောင်က လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် (FTA) နဲ့ ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်အဖွဲ့အစည်း (RCEP) နှစ်ရပ်လုံး ကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဆွေးနွေးဆက်ဆံရေး ၃၅ နှစ်ပြည့် အထိမ်းအမှတ်ရော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး ၅ နှစ်ပြည့် အထိမ်းအမှတ်ကိုပါ တရုတ်နဲ့ အာဆီယံတို့က ကျင်းပခဲ့တာပါ။
နှစ်ဖက်စလုံးဟာ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ဖို့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ မှာ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန် ၃.၀ အဆင့်မြှင့်တင်ရေး ပရိုတိုကောကို လက်မှတ် ထိုးခဲ့ကြပါတယ်။
လက်မှတ်ထိုးသူတွေထဲမှာ ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက် (RCEP) ရဲ့ အဖွဲ့ဝင်တွေလည်း ဖြစ်တဲ့ အာရှ-ပစိဖိတ်နိုင်ငံ ၁၅ နိုင်ငံပါပြီး ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် ဖြစ်လာပါတယ်။
စီးပွားရေးပေါင်းစည်းမှု ပိုကျယ်ပြန့်လာအောင် ကဏ္ဍအားလုံးမှာ ပိုနီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့လည်း သူက ထောက်ပြပါတယ်။
၂၀၃၀ ပြည့်နှစ်မှာ အရှေ့တောင်အာရှရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးကို အမေရိကန်ဒေါ်လာ ၂ ထရီလီယံ အထိ နှစ်ဆတိုးမြှင့်ဖို့ ရည်ရွယ်ထားတဲ့ အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူညီချက် (DEFA) ကို အခုနှစ်ကုန်ပိုင်းမှာ လက်မှတ်ရေးထိုးဖို့ မျှော်လင့်တဲ့အကြောင်းကိုလည်း ကာအိုကင်ဟောင်က ဖော်ပြပါတယ်။
Source: Reuters











