DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်အောင် ကူညီသည့် တရုတ်နိုင်ငံကို မြောက်ပိုင်းအဖွဲ့ကျေးဇူးတင်
DVB
·
September 18, 2019
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်အောင် ကူညီသည့် တရုတ်နိုင်ငံကို မြောက်ပိုင်းအဖွဲ့ကျေးဇူးတင်
Donate to DVB

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှာ စက်တင်ဘာ ၁၇ရက်နေ့က အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်၊တပ်မတော်နဲ့ မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့ တို့ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်အောင် ကြားဝင်စေ့စပ်ပေးတဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်ကို အထူးကျေးဇူးတင်ကြောင်း မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေက ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ဆွေးနွေးပွဲအပြီး အပိတ်မိန့်ခွန်းမှာ မြောက်ပိုင်းအဖွဲ့တွေ ကိုယ်စား TNLA အဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်းကျော်က ပြောဆိုခဲ့တာပါ။

မြောက်ပိုင်းအဖွဲ့တွေနဲ့  ငြိမ်းချမ်းရေး ကော်မရှင်ဟာ ကျိုင်းတုံ မြို့မှာ ဒုတိယအကြိမ် ဆွေးနွေးတာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ တပ်မတော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ လက်ရှိဖြစ်နေတဲ့ မြေပြင်တိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့ မဆွေးနွေးနိုင်ခဲ့ပေမဲ့ နှစ်ဖက်သဘောတူထားတဲ့ အချက် ၇ချက်ကို ဆက်လက်ဆွေးနွေးဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

နောက်တစ်ကြိမ် ဆွေးနွေးပွဲကိုတော့ လာမဲ့ အောက်တိုဘာလအတွင်းမှာ ထပ်မံ ဆွေးနွေးကြမှာပါ။




ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ျဖစ္ေအာင္ ကူညီသည့္ တ႐ုတ္ႏိုင္ငံကို ေျမာက္ပိုင္းအဖြဲ႕ေက်းဇူးတင္
ျပည့္ဘုန္းေအာင္

ရွမ္းျပည္နယ္၊ က်ိဳင္းတုံၿမိဳ႕နယ္မွာ စက္တင္ဘာ ၁၇ရက္ေန႔က အစိုးရ ၿငိမ္းခ်မ္းေရး ေကာ္မရွင္၊တပ္မေတာ္နဲ႔ ေျမာက္ပိုင္း လက္နက္ကိုင္ေလးဖြဲ႕ တို႔ ျပဳလုပ္ခဲ့တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ျဖစ္ေျမာက္ေအာင္ ၾကားဝင္ေစ့စပ္ေပးတဲ့ တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံေတာ္ကို အထူးေက်းဇူးတင္ေၾကာင္း ေျမာက္ပိုင္း လက္နက္ကိုင္အဖြဲ႕ေတြက ဖြင့္ဟေျပာဆိုလိုက္ပါတယ္။

ေဆြးေႏြးပြဲအၿပီး အပိတ္မိန႔္ခြန္းမွာ ေျမာက္ပိုင္းအဖြဲ႕ေတြ ကိုယ္စား TNLA အဖြဲ႕က အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္တာဘုန္းေက်ာ္က ေျပာဆိုခဲ့တာပါ။

ေျမာက္ပိုင္းအဖြဲ႕ေတြနဲ႔ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ဟာ က်ိဳင္းတုံ ၿမိဳ႕မွာ ဒုတိယအႀကိမ္ ေဆြးေႏြးတာျဖစ္ၿပီး ဒီတစ္ႀကိမ္မွာေတာ့ တပ္မေတာ္ကိုယ္စားလွယ္ေတြ တက္ေရာက္ခဲ့ပါတယ္။

ဒုတိယအႀကိမ္ေဆြးေႏြးပြဲမွာ လက္ရွိျဖစ္ေနတဲ့ ေျမျပင္တိုက္ပြဲေတြ ရပ္တန႔္ႏိုင္ဖို႔ မေဆြးေႏြးႏိုင္ခဲ့ေပမဲ့ ႏွစ္ဖက္သေဘာတူထားတဲ့ အခ်က္ ၇ခ်က္ကို ဆက္လက္ေဆြးေႏြးဖို႔ သေဘာတူ လက္မွတ္ေရးထိုးခဲ့ပါတယ္။

ေနာက္တစ္ႀကိမ္ ေဆြးေႏြးပြဲကိုေတာ့ လာမဲ့ ေအာက္တိုဘာလအတြင္းမွာ ထပ္မံ ေဆြးေႏြးၾကမွာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013