
သံချပ်ကာတပ်မဟာတခု ဒါမှမဟုတ် စုစုပေါင်းတပ်ဖွဲ့ဝင် အယောက် ၅,၀၀၀ ကို ဥရောပကနေ ရုပ်သိမ်းမဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်က ဒေသတွင်း မဟာမိတ်အဖွဲ့ရဲ့ ကာကွယ်ရေး အစီအစဉ် တွေကို ထိခိုက်မှာ မဟုတ်ဘူးလို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ ထိပ်တန်းတပ်မှူး အလက်ဇတ်စ် ဂရင်းကီဝစ်ချ်က မေ ၁၉ ရက်မှာ ပြောပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မှာ NATO အဖွဲ့ဝင် နိုင်ငံတွေက စစ်ဘက်အကြီးအကဲတွေနဲ့ တွေ့ချိန်မှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။
အမေရိကန်ရဲ့ စွမ်းရည်တွေက ဆက်ထောက်ပံ့မှုနဲ့အတူ ဥရောပမဟာမိတ်တွေနဲ့ ကနေဒါတို့က ဥရောပမှာ သမားရိုးကျ ကာကွယ်ရေးအတွက် တာဝန်ပိုယူနေတယ်လို့လည်း ဂရင်းကီဝစ်ချ်က ထပ်ပါတယ်။
မဟာမိတ်အဖွဲ့ရဲ့ ဥရောပမဏ္ဍိုင် ပိုအားကောင်းလာတာနဲ့အမျှ အမေရိကန်က ဥရောပမှာ တည်ရှိမှု ကို လျှော့ချပြီး မဟာမိတ်တွေက မပေးနိုင်သေးတဲ့ အရေးကြီးစွမ်းရည်တွေကိုသာ ပံ့ပိုးပေးဖို့ ကန့်သတ်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
တိကျတဲ့ အချိန်ဇယားကို မပေးနိုင်ပေမဲ့ ဒါက “နှစ်ပေါင်းများစွာ ဆက်လုပ်နေတဲ့ လုပ်ငန်းစဉ်” တခု ဖြစ်လိမ့်မယ်လို့လည်း သူက ထပ်ပြောပါတယ်။
Source: Reuters










