DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်နေသည့် မြောက်ပိုင်း ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ကျိုင်းတုံတွင် တွေ့ဆုံဆွေးနွေး
DVB
·
September 17, 2019
တိုက်ပွဲဖြစ်နေသည့် မြောက်ပိုင်း ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ကျိုင်းတုံတွင် တွေ့ဆုံဆွေးနွေး
1 / 4
Donate to DVB

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့၊  ငြိမ်းချမ်းရေးကော်မရှင်နဲ့ တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့တို့  စက်တင်ဘာ ၁၇ ရက် မနက်က ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

လက်ရှိ တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့   အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့အတွက် ငြိမ်းချမ်းရေး ကော်မရှင် NRPC နဲ့ တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့တို့ဟာ မနေ့ကတည်းက  ကျိုင်းတုံမြို့ကို ရောက်ရှိနေတာပါ။

ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဦးသိန်းဇော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)တို့ ဦးဆောင် တက်ရောက်လာပြီး တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ပါတယ်။ 

တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ အခုတကြိမ်မှ ဆွေးနွေးပွဲကို တက်ရောက်တာပါ။ ဒီဆွေးနွေးပွဲကို KIA၊ TNLA၊ MNDAA၊ AA အဖွဲ့တွေက ထိပ်ပိုင်းခေါင်းဆောင် တချို့လည်း  တက်ရောက်ခဲ့ပါတယ်။

လက်ရှိမှာ တပ်မတော်ဘက်ကကော မြောက်ပိုင်းအဖွဲ့တွေဘက်ကပါ အပစ်ရပ်ကာလ သတ်မှတ်ထားပေမဲ့ မြေပြင်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ထောင်သောင်းချီတဲ့ အရပ်သားပြည်သူတွေ စစ်ဘေးရှောင်နေရပါ။

ဒီဆွေးနွေးပွဲ မအောင်မြင်ရင် တိုင်းပြည်အတွက် စိုးရိမ်စရာရှိတယ်လို့ အစိုးရဘက်က တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။

~~~~~~~~~~~~~~~~~~~
Zawgyi_version

တိုက္ပြဲျဖစ္ေနသည့္ ေျမာက္ပိုင္း ၄ ဖြဲ႕ႏွင့္ ၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ က်ိဳင္းတုံတြင္ ေတြ႕ဆုံေဆြးေႏြး

ေျမာက္ပိုင္းမဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္ ၄ ဖြဲ႕၊  ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္အဖြဲ႕တို႔  စက္တင္ဘာ ၁၇ ရက္ မနက္က ရွမ္းျပည္နယ္ က်ိဳင္းတုံၿမိဳ႕မွာ ၿငိမ္းခ်မ္းေရးကိစၥ ေတြ႕ဆုံေဆြးေႏြးေနၾကပါတယ္။

လက္ရွိ တိုက္ပြဲေတြ ျဖစ္ေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔   အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးဖို႔အတြက္ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ NRPC နဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္အဖြဲ႕တို႔ဟာ မေန႔ကတည္းက  က်ိဳင္းတုံၿမိဳ႕ကို ေရာက္ရွိေနတာပါ။

ၿငိမ္းခ်မ္းေရးေကာ္မရွင္ဘက္က ဦးသိန္းေဇာ္၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး(အၿငိမ္းစား)တို႔ ဦးေဆာင္ တက္ေရာက္လာၿပီး တပ္မေတာ္သား ကိုယ္စားလွယ္အဖြဲ႕ကိုေတာ့ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္ပါတယ္။

တပ္မေတာ္သား ကိုယ္စားလွယ္ေတြအေနနဲ႔ အခုတႀကိမ္မွ ေဆြးေႏြးပြဲကို တက္ေရာက္တာပါ။ ဒီေဆြးေႏြးပြဲကို KIA၊ TNLA၊ MNDAA၊ AA အဖြဲ႕ေတြက ထိပ္ပိုင္းေခါင္းေဆာင္ တခ်ိဳ႕လည္း  တက္ေရာက္ခဲ့ပါတယ္။

လက္ရွိမွာ တပ္မေတာ္ဘက္ကေကာ ေျမာက္ပိုင္းအဖြဲ႕ေတြဘက္ကပါ အပစ္ရပ္ကာလ သတ္မွတ္ထားေပမဲ့ ေျမျပင္မွာေတာ့ တိုက္ပြဲေတြ ျဖစ္ပြားေနၿပီး ေထာင္ေသာင္းခ်ီတဲ့ အရပ္သားျပည္သူေတြ စစ္ေဘးေရွာင္ေနရပါ။

ဒီေဆြးေႏြးပြဲ မေအာင္ျမင္ရင္ တိုင္းျပည္အတြက္ စိုးရိမ္စရာရွိတယ္လို႔ အစိုးရဘက္က တရားဝင္ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013