DVB Logo
Home
Lead Story
Artemis II လကမ္ဘာခရီးစဉ်အပြီး အာကာသယာဉ်မှူး ၄ ဦး ကမ္ဘာမြေပေါ်ကို  ပြန်ရောက်
DVB
·
April 11, 2026
Photo: NASA
Photo: NASA
Donate to DVB

Artemis II လကမ္ဘာခရီးစဉ်သွားတဲ့ အာကာသယာဉ်မှူးတွေဟာ ကမ္ဘာပေါ်ကို ဘေးကင်းစွာနဲ့ ပြန်ရောက်လာပြီ ဒေသစံတော်ချိန် ဧပြီ ၁၀ ရက် ည ၈ နာရီကျော်လောက်က  ပစိဖိတ် သမုဒ္ဒရာထဲကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

ဒီခရီးစဉ်မှာ အမေရိကန် အာကာသယာဉ်မှူးတွေဖြစ်တဲ့ ရိဒ်ဝိုက်စ်မန်း၊ ဗစ်တာ ဂလိုဗာ၊ ခရစ္စတီးနား ကော့ချ်နဲ့ ကနေဒါ အာကာသယာဉ်မှူး ဂျရယ်မီ ဟန်ဆန်တို့ လိုက်ပါသွားတာဖြစ်ပြီး ကမ္ဘာမြေပြင်ပေါ် ပြန်ရောက်လာတဲ့ အာကာသယာဉ်မှူးတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ရဟတ်ယာဉ်နဲ့ ဆယ်ယူပြီးနောက် ကယ်ဆယ်ရေးသင်္ဘောပေါ်သို့ ပို့ဆောင်ပေးခဲ့ကြပါတယ်။

အဖွဲ့ခေါင်းဆောင်ရိဒ်ဝိုက်မန်းက အဖွဲ့သားတွေအားလုံး ကျန်းမာရေး ကောင်းမွန်တယ်လို့ ပြောပါတယ်။

“ဒါက လူသားတွေအတွက် အာကာသစူးစမ်းလေ့လာရေး ခေတ်သစ် တခုစတင်ခြင်းပါ”လို့ နာဆာက ပြောပါတယ်။ 

Artemis II မှာ လိုက်ပါတဲ့  အာကာသယာဉ်မှူး ၄ ယောက်စလုံး ကျန်းမာရေး ကောင်းမွန်တယ်လို့ ဆေးအဖွဲ့က အတည်ပြုပါတယ်။ 

ဒါပေမဲ့ ချက်ချင်းအိမ်ပြန်ခွင့်ရဦးမှာမဟုတ်ဘဲ အာကာသယာဉ်မှူးတွေကို နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အမေရိကန်ရေတပ်က ခေါ်ယူခဲ့ပါတယ်။

Artemis II ဟာ လေထုထဲကိုဝင်တဲ့အချိန် ဆက်သွယ်မှု ၆ မိနစ် လောက်ပျက်တောက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဧပြီ ၆ ရက်က အာကာသယာဉ်ဟာ ကမ္ဘာကနေ မိုင်ပေါင်း ၂၅၂,၇၅၆ မိုင်အထိ ရောက်ရှိခဲ့ပြီး ဒါဟာ ကမ္ဘာနဲ့ အဝေးဆုံးကို ရောက်ရှိခဲ့တာဖြစ်ပြီး လူသားတွေထဲမှာ အာကာသထဲကို ခရီးအဝေးဆုံး ရောက်အောင်သွားနိုင်ခဲ့တဲ့ ပမာဏပဲ ဖြစ်ပါတယ်။ 

ရာစုနှစ်ဝက်ကျော်အတွင်း ပထမဆုံး လူသားပါဝင်တဲ့ လကမ္ဘာခရီးစဉ်အဖြစ် Artemis II မစ်ရှင်ကို အမေရိကန်အာကာသအေဂျင်စီ (NASA) က  ဧပြီ ၁ ရက် ဒေသစံတော်ချိန် ည ၆ နာရီ ၃၅ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး ဧပြီ ၁ ရက် ဒေသစံတော်ချိန် ည ၈ နာရီ  ၇ မိနစ်မှာ ကမ္ဘာမြေပြင်ပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

Source: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013