DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးရန် ငြိမ်းချမ်းရေးကော်မရှင်နှင့် တပ်ကိုယ်စားလှယ်အဖွဲ့ ကျိုင်းတုံသို့ ရောက်ရှိ
DVB
·
September 16, 2019
ငြိမ်းချမ်းရေးဆွေးနွေးရန် ငြိမ်းချမ်းရေးကော်မရှင်နှင့် တပ်ကိုယ်စားလှယ်အဖွဲ့ ကျိုင်းတုံသို့ ရောက်ရှိ
1 / 6
Donate to DVB

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့အတွက် ငြိမ်းချမ်းရေးကော်မရှင်နဲ့ တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့တို့ ကျိုင်းတုံမြို့ကို  စက်တင်ဘာ ၁၆ ရက် မနက်က ရောက်ရှိလာပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဦးသိန်းဇော်၊ ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား) တို့ ဦးဆောင်တက်ရောက်လာပြီး တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တက်ရောက်လာတာပါ။

တပ်မတော်ကိုယ်စားလှယ်တွေအနေနဲ့ အခုတစ်ကြိမ်မှ ဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ပါဝင် တက်ရောက်လာတာပါ။

KIA၊ MNDAA၊ TNLA နဲ့ AA တို့ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ဟာ စက်တင်ဘာ ၁၇ ရက်မှာ ကျိုင်းတုံမှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပြီး ဒီဆွေးနွေးပွဲမအောင်မြင်ရင် တိုင်းပြည်အတွက် စိုးရိမ်စရာရှိတယ်လို့ အစိုးရဘက်က တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။ 

တပ်မတော်ဘက်ကရော  မြောက်ပိုင်းအဖွဲ့တွေဘက်ကပါ အပစ်ရပ်ကာလ သတ်မှတ်ထားပေမယ့် လက်ရှိမြေပြင်မှာတော့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပြီး အရပ်သားပြည်သူတွေများစွာ စစ်ဘေးရှောင်နေရပါတယ်။

သတင်း၊ဓာတ်ပုံ-ပြည့်ဘုန်းအောင်




ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ တပ္ကိုယ္စားလွယ္အဖြဲ႕ က်ိဳင္းတုံသို႔ ေရာက္ရွိ
ျပည့္ဘုန္းေအာင္

ေျမာက္ပိုင္းမဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္ ၄ ဖြဲ႕နဲ႔ အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးဖို႔အတြက္ ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္အဖြဲ႕တို႔ က်ိဳင္းတုံၿမိဳ႕ကို စက္တင္ဘာ ၁၆ ရက္ မနက္က ေရာက္ရွိလာပါတယ္။

ၿငိမ္းခ်မ္းေရးေကာ္မရွင္ဘက္က ဦးသိန္းေဇာ္၊ ဒု-ဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး(အၿငိမ္းစား) တို႔ ဦးေဆာင္တက္ေရာက္လာၿပီး တပ္မေတာ္သား ကိုယ္စားလွယ္အဖြဲ႕ကိုေတာ့ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ဦးေဆာင္တက္ေရာက္လာတာပါ။

တပ္မေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ အခုတစ္ႀကိမ္မွ ေဆြးေႏြးပြဲကို ပထမဆုံးအႀကိမ္ ပါဝင္ တက္ေရာက္လာတာပါ။

KIA၊ MNDAA၊ TNLA နဲ႔ AA တို႔ ပါဝင္တဲ့ ေျမာက္ပိုင္းမဟာမိတ္ ၄ဖြဲ႕နဲ႔ ၿငိမ္းခ်မ္းေရး ေကာ္မရွင္တို႔ဟာ စက္တင္ဘာ ၁၇ ရက္မွာ က်ိဳင္းတုံမွာ ေတြ႕ဆုံေဆြးေႏြးၾကမွာျဖစ္ၿပီး ဒီေဆြးေႏြးပြဲမေအာင္ျမင္ရင္ တိုင္းျပည္အတြက္ စိုးရိမ္စရာရွိတယ္လို႔ အစိုးရဘက္က တရားဝင္ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

တပ္မေတာ္ဘက္ကေရာ ေျမာက္ပိုင္းအဖြဲ႕ေတြဘက္ကပါ အပစ္ရပ္ကာလ သတ္မွတ္ထားေပမယ့္ လက္ရွိေျမျပင္မွာေတာ့ တိုက္ပြဲေတြ ျပင္းထန္စြာ ျဖစ္ပြားေနၿပီး အရပ္သားျပည္သူေတြမ်ားစြာ စစ္ေဘးေရွာင္ေနရပါတယ္။
သတင္း၊ဓာတ္ပုံ-ျပည့္ဘုန္းေအာင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013