DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသား သတင်းမီဒီယာ ညီလာခံ မြစ်ကြီးနားတွင် ကျင်းပ
DVB
·
September 16, 2019
တိုင်းရင်းသား သတင်းမီဒီယာ ညီလာခံ မြစ်ကြီးနားတွင် ကျင်းပ
1 / 7
Donate to DVB

မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားတွေရဲ့ သတင်းမီဒီယာ ညီလာခံကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းမှာ စက်တင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။ 

ဒီညီလာခံကို ပြည်နယ်တွေအတွင်း ကျင်းပလာတာ ၇ ကြိမ်ထိ ရှိလာပြီဖြစ်ပြီး လက်ရှိသတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သတင်းသမားဘဝလုံခြုံကာကွယ်ရေးစတဲ့ မီဒီယာနဲ့ဆက်စပ်တဲ့ အကြောင်းအရာတွေကို သုံးသပ်ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ကာ ကျင်းပတာလည်း ဖြစ်ပါတယ်။ 

တိုင်းရင်းမီဒီယာညီလာခံကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေ၊ မီဒီယာအသီးသီးက တာဝန်ရှိသူတွေ၊ သတင်းထောက်တွေ၊ အထူးဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

“အခုလို မီဒီယာညီလာခံကို ကချင်ပြည်နယ်မှာ လာရောက်ကျင်းပတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ၂၁ ရာစုမှာ နည်းပညာခေတ်ကြီးအတွင်း စတုတ္ထမဏ္ဍိုင်လို့လည်း ပြောလို့ရတဲ့ ဒီမဏ္ဍိုင်ကြီးဟာ အင်မတန်မှ အရေးပါတဲ့ မြင်ပါတယ်” လို့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မန္တလေးမှာ ပြီးခဲ့တဲ့ လပိုင်းမှာ ပြုလုပ်ခဲ့တဲ့ မဏ္ဍိုင် ၄ ရပ် တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က စတုတ္ထမဏ္ဍိုင်ဆိုတာ မရှိဘူးလို့ ပြောဆိုခဲ့တဲ့အပေါ်မှာ မီဒီယာသမားတွေအကြားမှာ ဝေဖန်မှုတွေလည်း အများကြီးထွက်ပေါ်ခဲ့ပါတယ်။

၃ ရက်တာကာလအတွင်း အုပ်စုဖွဲ့ဆွေးနွေးချက်တွေကနေ ရရှိလာတဲ့ အချက်အလက်တွေ စုစည်းပြီး စာတမ်းပြုစုတာ၊ အကြံပြုချက်နဲ့ ကြေညာချက်ထုတ်ပြန်တာတွေကိုလည်း ပြုလုပ်သွားဖို့ရှိပါတယ်။

~~~~~~~~~~~~~~~~~~

Zawgyi_version

တိုင္းရင္းသား သတင္းမီဒီယာ ညီလာခံ ျမစ္ႀကီးနားတြင္ က်င္းပ

ျမန္မာႏိုင္ငံအတြင္းက တိုင္းရင္းသားေတြရဲ႕ သတင္းမီဒီယာ ညီလာခံကို ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ မေနာကြင္းမွာ စက္တင္ဘာ ၁၆ ရက္ကေန ၁၈ ရက္အထိ ၃ ရက္ၾကာ က်င္းပေနပါတယ္။

ဒီညီလာခံကို ျပည္နယ္ေတြအတြင္း က်င္းပလာတာ ၇ ႀကိမ္ထိ ရွိလာၿပီျဖစ္ၿပီး လက္ရွိသတင္းမီဒီယာေတြရဲ႕ အခန္းက႑၊ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ေရရွည္တည္တံ့ခိုင္ၿမဲေရး၊ သတင္းသမားဘဝလုံၿခဳံကာကြယ္ေရးစတဲ့ မီဒီယာနဲ႔ဆက္စပ္တဲ့ အေၾကာင္းအရာေတြကို သုံးသပ္ေဆြးေႏြးႏိုင္ဖို႔ ရည္႐ြယ္ကာ က်င္းပတာလည္း ျဖစ္ပါတယ္။

တိုင္းရင္းမီဒီယာညီလာခံကို ျပန္ၾကားေရးဝန္ႀကီးဌာနက တာဝန္ရွိသူေတြ၊ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္နဲ႔ အစိုးရအဖြဲ႕ဝင္ေတြ၊ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီက တာဝန္ရွိသူေတြ၊ မီဒီယာအသီးသီးက တာဝန္ရွိသူေတြ၊ သတင္းေထာက္ေတြ၊ အထူးဖိတ္ၾကားထားသူေတြ တက္ေရာက္ခဲ့ၾကပါတယ္။

“အခုလို မီဒီယာညီလာခံကို ကခ်င္ျပည္နယ္မွာ လာေရာက္က်င္းပတဲ့အတြက္ ေက်းဇူးတင္ပါတယ္၊ ၂၁ ရာစုမွာ နည္းပညာေခတ္ႀကီးအတြင္း စတုတၳမ႑ိဳင္လို႔လည္း ေျပာလို႔ရတဲ့ ဒီမ႑ိဳင္ႀကီးဟာ အင္မတန္မွ အေရးပါတဲ့ ျမင္ပါတယ္” လို႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္က အဖြင့္အမွာစကားမွာ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ မႏၲေလးမွာ ၿပီးခဲ့တဲ့ လပိုင္းမွာ ျပဳလုပ္ခဲ့တဲ့ မ႑ိဳင္ ၄ ရပ္ ေတြ႕ဆုံပြဲမွာ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္က စတုတၳမ႑ိဳင္ဆိုတာ မရွိဘူးလို႔ ေျပာဆိုခဲ့တဲ့အေပၚမွာ မီဒီယာသမားေတြအၾကားမွာ ေဝဖန္မႈေတြလည္း အမ်ားႀကီးထြက္ေပၚခဲ့ပါတယ္။

၃ ရက္တာကာလအတြင္း အုပ္စုဖြဲ႕ေဆြးေႏြးခ်က္ေတြကေန ရရွိလာတဲ့ အခ်က္အလက္ေတြ စုစည္းၿပီး စာတမ္းျပဳစုတာ၊ အႀကံျပဳခ်က္နဲ႔ ေၾကညာခ်က္ထုတ္ျပန္တာေတြကိုလည္း ျပဳလုပ္သြားဖို႔ရွိပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013