DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူတွင် ငါးဖမ်းနေသူတဦးအား လူတစုက ဖမ်းဆီးခေါ်ဆောင်
DVB
·
September 15, 2019
ကျောက်ဖြူတွင် ငါးဖမ်းနေသူတဦးအား လူတစုက ဖမ်းဆီးခေါ်ဆောင်
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ကြီးပြင်ကျေးရွာအုပ်စု မော်ဖျားကျေးရွာမှာ စက်တင်ဘ ၁၄ ရက်နေ့က မနက်အစာပိုင်းက ငါးဖမ်းပိုက်ဖော်နေတဲ့ ဦးဖြချေကို အမည်မသိလူတစုက စက်လှေ ၂ စီးနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ 

မိသားစုဝင် ကိုချစ်မောင်က “မနက် ၄ နာရီကျော်လောက်မှာ သူက ငါးဖမ်းပိုက်ဖော်နေတဲ့အချိန်မှာ ဟွန်ဒါစက်လှေနှစ်စီးက အနောက်ဘက်ကနေပြီး လာတယ်၊ နောက်ငါးဖမ်းနေတဲ့ လူတွေကိုလည်း ချည်ပြီးတော့ ထားခဲ့တယ်၊ သူ့နားကို ရောက်တဲ့အချိန်မှာ ကင်းပုစွန်ပါလားဆိုပြီးတော့ မေးတယ်၊ မပါဘူးဆိုပြီးတော့ ပြောတယ်၊ အဲဒါနဲ့ စက်လှေပေါ်ကို တက် ဆိုပြီးတော့ ပြောတော့ သူက မတက်တော့ ရုန်းရင်းဆန်ခတ် ဖြစ်ကြတယ်၊ ရေထဲမှာ လှေလှော်တဲ့ တက်နဲ့ တချက်၊ နှစ်ချက်လောက် ရိုက်လိုက်တာပေါ့၊ အတင်းဆွဲတင်ပြီးတော့ အနောက်ဘက်ကို ပြန်ပြီးမောင်းသွားတယ်” လို့ ပြောပါတယ်။

ဦးဖြူချေရဲ့ ဖြစ်စဉ်ကို သားဖြစ်သူ သိရှိပြီး စက်လှေနဲ့လိုက်ရာမှာ အဆိုပါ အမည်မသိအဖွဲ့က လေးခွနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စက်လှေကို ပြန်လှည့်မောင်းခဲ့ရပြီး ဘယ်သူတွေ ဆိုတာကိုတော့ မမြင်လိုက်ရဘူးလို့ ဆိုပါတယ်။

ကျောက်ကြီးပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက “သူ့သား လိုက်လာတဲ့အချိန်မှာ စက်လှေအနားကို ကပ်လို့မရဘူး၊ သူတို့မှာက ဟွန်ဒါစက်လှေက ၂ စီးပါတယ်၊ သူ့သားကလည်း တယောက်တည်းဆိုတော့ အနားကို မကပ်ရဲဘူးပေါ့၊ သူ့သားက ပြန်လှည့်ပြီးထွက်လာတာပေါ့” လို့ ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကွမ်းချောင်းစခန်း ရဲအုပ်ဟန်ထွန်းအောင်ကို ဆက်သွယ်မေးမြန်းရာမှာ ပြည်နယ်ကိုသာ မေးမြန်းဖို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

နောင်နောင်

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေက်ာက္ျဖဴတြင္ ငါးဖမ္းေနသူတဦးအား လူတစုက ဖမ္းဆီးေခၚေဆာင္

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္၊ ေက်ာက္ႀကီးျပင္ေက်း႐ြာအုပ္စု ေမာ္ဖ်ားေက်း႐ြာမွာ စက္တင္ဘ ၁၄ ရက္ေန႔က မနက္အစာပိုင္းက ငါးဖမ္းပိုက္ေဖာ္ေနတဲ့ ဦးျဖေခ်ကို အမည္မသိလူတစုက စက္ေလွ ၂ စီးနဲ႔ လာေရာက္ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ဖမ္းဆီးခံရသူရဲ႕ မိသားစုဝင္ေတြက ေျပာပါတယ္။

မိသားစုဝင္ ကိုခ်စ္ေမာင္က “မနက္ ၄ နာရီေက်ာ္ေလာက္မွာ သူက ငါးဖမ္းပိုက္ေဖာ္ေနတဲ့အခ်ိန္မွာ ဟြန္ဒါစက္ေလွႏွစ္စီးက အေနာက္ဘက္ကေနၿပီး လာတယ္၊ ေနာက္ငါးဖမ္းေနတဲ့ လူေတြကိုလည္း ခ်ည္ၿပီးေတာ့ ထားခဲ့တယ္၊ သူ႔နားကို ေရာက္တဲ့အခ်ိန္မွာ ကင္းပုစြန္ပါလားဆိုၿပီးေတာ့ ေမးတယ္၊ မပါဘူးဆိုၿပီးေတာ့ ေျပာတယ္၊ အဲဒါနဲ႔ စက္ေလွေပၚကို တက္ ဆိုၿပီးေတာ့ ေျပာေတာ့ သူက မတက္ေတာ့ ႐ုန္းရင္းဆန္ခတ္ ျဖစ္ၾကတယ္၊ ေရထဲမွာ ေလွေလွာ္တဲ့ တက္နဲ႔ တခ်က္၊ ႏွစ္ခ်က္ေလာက္ ႐ိုက္လိုက္တာေပါ့၊ အတင္းဆြဲတင္ၿပီးေတာ့ အေနာက္ဘက္ကို ျပန္ၿပီးေမာင္းသြားတယ္” လို႔ ေျပာပါတယ္။

ဦးျဖဴေခ်ရဲ႕ ျဖစ္စဥ္ကို သားျဖစ္သူ သိရွိၿပီး စက္ေလွနဲ႔လိုက္ရာမွာ အဆိုပါ အမည္မသိအဖြဲ႕က ေလးခြနဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ စက္ေလွကို ျပန္လွည့္ေမာင္းခဲ့ရၿပီး ဘယ္သူေတြ ဆိုတာကိုေတာ့ မျမင္လိုက္ရဘူးလို႔ ဆိုပါတယ္။

ေက်ာက္ႀကီးျပင္ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းထြန္းဝင္းက “သူ႔သား လိုက္လာတဲ့အခ်ိန္မွာ စက္ေလွအနားကို ကပ္လို႔မရဘူး၊ သူတို႔မွာက ဟြန္ဒါစက္ေလွက ၂ စီးပါတယ္၊ သူ႔သားကလည္း တေယာက္တည္းဆိုေတာ့ အနားကို မကပ္ရဲဘူးေပါ့၊ သူ႔သားက ျပန္လွည့္ၿပီးထြက္လာတာေပါ့” လို႔ ေျပာပါတယ္။

အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာ ကြမ္းေခ်ာင္းစခန္း ရဲအုပ္ဟန္ထြန္းေအာင္ကို ဆက္သြယ္ေမးျမန္းရာမွာ ျပည္နယ္ကိုသာ ေမးျမန္းဖို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

ေနာင္ေနာင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013