DVB Logo
Home
မြန်မာသတင်း
မင်းပြား စစ်ရှောင်စခန်းတွင် ကလေးငယ်တဦး သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံး
DVB
·
September 15, 2019
မင်းပြား စစ်ရှောင်စခန်းတွင် ကလေးငယ်တဦး သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် နရမ်းကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်းက အသက် ၃ နှစ်အရွယ် ကလေးငယ်တဦး သွေးလွန်တုပ်ကွေးဖြစ်ပြီး သေဆုံးသွားတယ်လို့ သက်ဆိုင်ရာစခန်းတာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောဆိုပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ ည ၁၂ နာရီကျော်လောက်မှာ မင်းပြား ပြည်သူ့ဆေးရုံမှာ သေဆုံးသွားတာလို့ နရမ်းကျေးရွာက စစ်ဘေးရှောင်ကယ်ဆယ်ရေးတာဝန်ခံ ဦးမောင်သာညွန့်က ပြောပါတယ်။

“နေမကောင်းလို့ မင်းပြား ကမ်းဆိပ်ဆေးခန်းကို တခါ ပြတယ်။ အဲဒါနဲ့မသက်သာလို့ မင်းပြားဆေးရုံ တက်တယ်။ အဲဒီမှ ာပြတယ်။ မသက်သာဘူး။ ဆရာဝန်ကြီးက စစ်တွေဆေးရုံကို လွှတ်တယ်။ သွားဖို့ လုပ်နေတဲ့နေ့ ညနေ ၁၂ နာရီကျော်လောက်မှာ ကလေးက ဆုံးသွားတယ်။ တုပ်ကွေးဖြစ်လို့ ဆုံးသွားတာပါ။

သေဆုံးသွားတဲ့ ကလေးငယ်ဟာ ဆေးခန်းမပြခင် အပြင်းဖျားလို့ ချက်ချင်း ကမ်းဆိပ်ဆေးခန်း သွားပြခဲ့ပေမယ့် မသက်သာတာကြောင့် မင်းပြားဆေရုံမှာ ဆေးကုသနေရင်း သေဆုံးသွားတာလို့ ကယ်ဆယ်ရေးစခန်း တာဝန်ခံက ပြောပါတယ်။

မင်းပြားမြို့နယ်အတွင်း ပြီးခဲ့တဲ့လပိုင်းတွေက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကျေးရွာ ၂၀ ကျော် မင်းပြားမြို့ထက်နဲ့ ရာမင်းတံတားအနီးက သေကန်းကျေးရွာကို ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေ ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

ကျေးရွာတွေထဲက ထွက်ပြေးလာကြတဲ့အထဲမှာ နရမ်းကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာ လွန်ခဲ့တဲ့ ၂ လက ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၄၀၀ ကျော်ရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ စစ်ဘေးရှောင် ၃၉ ဦးသာ ကျန်ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ ကျန်ရှိနေတဲ့ စစ်ဘေးရှောင်တွေကတော့ အဲဒီဘုန်းတော်ကြီးကျောင်းမှာ ဖုံသာကျေးရွာ၊ မင်းတင်မ၊ လက်ခုပ်ကျေးရွာက စစ်ဘေးရှောင် ၃၉ ဦးဟာ နေရပ်ကို မပြန်ရဲသေးဘဲ ခိုလှုံနေကြတာလို့ စခန်းတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင် ၇ သောင်းရှိတဲ့အထဲမှာ စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ အပါအဝင် ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပြောဆိုပါတယ်။

သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ကိုသိန်း

~~~~~~~~~~~~~~~~~~~~~

မင္းျပား စစ္ေရွာင္စခန္းတြင္ ကေလးငယ္တဦး ေသြးလြန္တုပ္ေကြးေရာဂါေၾကာင့္ ေသဆုံး

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ နရမ္းေက်း႐ြာဘုန္းေတာ္ႀကီးေက်ာင္းမွာ ဖြင့္လွစ္ထားတဲ့ စစ္ေဘးေရွာင္စခန္းက အသက္ ၃ ႏွစ္အ႐ြယ္ ကေလးငယ္တဦး ေသြးလြန္တုပ္ေကြးျဖစ္ၿပီး ေသဆုံးသြားတယ္လို႔ သက္ဆိုင္ရာစခန္းတာဝန္ရွိသူေတြက ဒီဗြီဘီကို ေျပာဆိုပါတယ္။

စက္တင္ဘာ ၁၃ ရက္ေန႔ ည ၁၂ နာရီေက်ာ္ေလာက္မွာ မင္းျပား ျပည္သူ႔ေဆး႐ုံမွာ ေသဆုံးသြားတာလို႔ နရမ္းေက်း႐ြာက စစ္ေဘးေရွာင္ကယ္ဆယ္ေရးတာဝန္ခံ ဦးေမာင္သာၫြန႔္က ေျပာပါတယ္။

“ေနမေကာင္းလို႔ မင္းျပား ကမ္းဆိပ္ေဆးခန္းကို တခါ ျပတယ္။ အဲဒါနဲ႔မသက္သာလို႔ မင္းျပားေဆး႐ုံ တက္တယ္။ အဲဒီမွ ာျပတယ္။ မသက္သာဘူး။ ဆရာဝန္ႀကီးက စစ္ေတြေဆး႐ုံကို လႊတ္တယ္။ သြားဖို႔ လုပ္ေနတဲ့ေန႔ ညေန ၁၂ နာရီေက်ာ္ေလာက္မွာ ကေလးက ဆုံးသြားတယ္။ တုပ္ေကြးျဖစ္လို႔ ဆုံးသြားတာပါ။

ေသဆုံးသြားတဲ့ ကေလးငယ္ဟာ ေဆးခန္းမျပခင္ အျပင္းဖ်ားလို႔ ခ်က္ခ်င္း ကမ္းဆိပ္ေဆးခန္း သြားျပခဲ့ေပမယ့္ မသက္သာတာေၾကာင့္ မင္းျပားေဆ႐ုံမွာ ေဆးကုသေနရင္း ေသဆုံးသြားတာလို႔ ကယ္ဆယ္ေရးစခန္း တာဝန္ခံက ေျပာပါတယ္။

မင္းျပားၿမိဳ႕နယ္အတြင္း ၿပီးခဲ့တဲ့လပိုင္းေတြက တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ေအေအ တိုက္ပြဲျဖစ္ပြားေနတာေၾကာင့္ ေက်း႐ြာ ၂၀ ေက်ာ္ မင္းျပားၿမိဳ႕ထက္နဲ႔ ရာမင္းတံတားအနီးက ေသကန္းေက်း႐ြာကို ေထာင္နဲ႔ခ်ီတဲ့ စစ္ေဘးေရွာင္ေတြ ထြက္ေျပးလာခဲ့ၾကတာျဖစ္ပါတယ္။

ေက်း႐ြာေတြထဲက ထြက္ေျပးလာၾကတဲ့အထဲမွာ နရမ္းေက်း႐ြာက ဘုန္းေတာ္ႀကီးေက်ာင္းမွာ လြန္ခဲ့တဲ့ ၂ လက ခိုလႈံေနၾကတဲ့ စစ္ေဘးေရွာင္ ၄၀၀ ေက်ာ္ရွိခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ စစ္ေဘးေရွာင္ ၃၉ ဦးသာ က်န္ရွိေနတာ ျဖစ္ပါတယ္။

လက္ရွိ က်န္ရွိေနတဲ့ စစ္ေဘးေရွာင္ေတြကေတာ့ အဲဒီဘုန္းေတာ္ႀကီးေက်ာင္းမွာ ဖုံသာေက်း႐ြာ၊ မင္းတင္မ၊ လက္ခုပ္ေက်း႐ြာက စစ္ေဘးေရွာင္ ၃၉ ဦးဟာ ေနရပ္ကို မျပန္ရဲေသးဘဲ ခိုလႈံေနၾကတာလို႔ စခန္းတာဝန္ခံက ဒီဗြီဘီကို ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္းက စစ္ေဘးေရွာင္ ၇ ေသာင္းရွိတဲ့အထဲမွာ စစ္ေဘးေရွာင္စခန္းေတြမွာ စားနပ္ရိကၡာ အပါအဝင္ ေဆးဝါး အကူအညီေတြ လိုအပ္ေနတယ္လို႔ ရခိုင္အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြက ေျပာဆိုပါတယ္။

သတင္း - ဝဏၰခြာညိဳ၊ ဓာတ္ပုံ- ကိုသိန္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013