DVB Logo
Home
မြန်မာသတင်း
မင်းပြားမြို့နယ်တွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲပြင်းထန်
DVB
·
September 14, 2019
မင်းပြားမြို့နယ်တွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲပြင်းထန်
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာနဲ့ ဒိုင်းသားကျေးရွာအနားတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ စက်တင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက် မနက်ပိုင်း ၁၀ နာရီလောက်မှာ ပန်းမြောင်းအုပ်စုနဲ့ ရွေကျင်ကျေးရွာ အုပ်စုတွေမှာ တိုက်ပွဲဖြစ်တွေ ဖြစ်ခဲ့ကြသလို ဒီကနေ့ မနက်ပိုင်းမှာလည်း အဲဒီကျေးရွာအနား ကျော်ကျားမြောင်း သလူဂျိုင်ပြင်ကွင်းအနားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ပန်းမြောင်းအုပ်စုနဲ့ ရွှေကျင်အုပ်စုအနားက သလူဂျိုင်နားမှာ ဖြစ်နေတာ၊ ပစ်ခတ်မှုတွေ နည်းနည်းကြာတယ်။ မီးခိုတလူလူ တက်လာနေတာ။ နှစ်ဖက် တိုက်ပွဲဖြစ်နေတာက ၁၀ နာရီခွဲလောက်မှာ ဖြစ်တာ ထင်တယ်။ အသံတွေကတော့ ကျယ်ကျယ်လောင်လောင် ကြားနေရတာတော့ ဒီဘက်လူတွေက တော်တော်စိုးရိမ်နေကြတယ်။ ဖြစ်တာကလည်း မနေ့ကနဲ့ ဒီနေ့ ဖြစ်တာ၊ အခုတိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို ကျေးရွာတွေနဲ့တော့ နည်းနည်းတော့ လှမ်းတယ်။”

စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းကလည်း အဲဒီအနားက ရွှေကျန်ကျေးရွာအထက်ဘက် ကျော်ကြားချောင်းနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီအနီးအနား သာစည်ကျေးရွာ၊ ဆောင်ဒုံး၊ ရွေတောင်၊ ခွံဆုံ(ချင်းရွာ)တွေ ရှိနေကြတာပါ။ 

တပ်မတော်စစ်ကြောင်း ထိန်းပြင်မှာ ခေတ္တနားနေပြီးနောက် ထိန်းပြင်ကွင်းကျော်ပြီး နောက်မှာ တိုက်ပွဲဖြစ်တာလို့ ကျေးရွာသားတွေက ပြောဆိုကြပါတယ်။

မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတာ မှန်ကန်ပြီး အထိအခိုက် အကျအဆုံးကိုတော့ မသိရသေးဘူးလို့ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“ဟုတ်တယ်ခင်ဗျ၊ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်နေပါတယ်။ တိုက်ပွဲဖြစ်တာက ၁၀ နာရီဝန်းကျင်လောက်က ဖြစ်တာပေါ့။ အခုလက်ရှိအချိန်အထိ တိုက်ပွဲက ပြီးသွားသလား၊ မပြီးသေးဘူးလားဆိုတာ မသိသေးဘူးဗျ။ ကျနော်တို့ အုပ်ချုပ်ရေးမှူးလုပ်တဲ့ စစ်ကြောင်းတကြောင်းကို ဒီကောင်တွေ သတင်းရတာနဲ စောင့်ချတာ ဒါပါပဲ။”

အခုလို တိုက်ပွဲဖြစ်နေတာနဲ့ ပတ်သက်လို့ ထိခိုက်ဒဏ်ရာရတာကိုတော့ ဒီကနေ့ နေ့လယ်ပိုင်းအချိန်အထိ မသိရသေးဘူးလို့ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ တပ်မတော်အေအေတို့ တိုက်ပွဲဖြစ်ပွားလာတာ အခုလဆိုရင် ၉ လနီးပါး ရှိလာနေပြီဖြစ်ပြီး တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၇ သောင်းနီးပါး ရှိလာနေပြီ ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာ ၁၇ ရက်မှာ အစိုးရငြိမ်းချမ်းရေး ကော်မရှင်၊ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ကိုးကန့်၊ တီအန်အယ်လ်အေ၊ အေအေ၊ ကေအိုင်အေတို့ ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဝဏ္ဏခွာညို

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မင္းျပားၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ ေအေအတို႔ တိုက္ပြဲျပင္းထန္

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ေ႐ႊက်င္ေက်း႐ြာနဲ႔ ဒိုင္းသားေက်း႐ြာအနားေတြမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ေအေအတို႔ စက္တင္ဘာလ ၁၃ ရက္နဲ႔ ၁၄ ရက္တို႔မွာ တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စက္တင္ဘာ ၁၃ ရက္ မနက္ပိုင္း ၁၀ နာရီေလာက္မွာ ပန္းေျမာင္းအုပ္စုနဲ႔ ေ႐ြက်င္ေက်း႐ြာ အုပ္စုေတြမွာ တိုက္ပြဲျဖစ္ေတြ ျဖစ္ခဲ့ၾကသလို ဒီကေန႔ မနက္ပိုင္းမွာလည္း အဲဒီေက်း႐ြာအနား ေက်ာ္က်ားေျမာင္း သလူဂ်ိဳင္ျပင္ကြင္းအနားမွာ တိုက္ပြဲေတြ ျဖစ္ပြားခဲ့တာလို႔ ေဒသခံတဦးက ေျပာပါတယ္။

“ပန္းေျမာင္းအုပ္စုနဲ႔ ေ႐ႊက်င္အုပ္စုအနားက သလူဂ်ိဳင္နားမွာ ျဖစ္ေနတာ၊ ပစ္ခတ္မႈေတြ နည္းနည္းၾကာတယ္။ မီးခိုတလူလူ တက္လာေနတာ။ ႏွစ္ဖက္ တိုက္ပြဲျဖစ္ေနတာက ၁၀ နာရီခြဲေလာက္မွာ ျဖစ္တာ ထင္တယ္။ အသံေတြကေတာ့ က်ယ္က်ယ္ေလာင္ေလာင္ ၾကားေနရတာေတာ့ ဒီဘက္လူေတြက ေတာ္ေတာ္စိုးရိမ္ေနၾကတယ္။ ျဖစ္တာကလည္း မေန႔ကနဲ႔ ဒီေန႔ ျဖစ္တာ၊ အခုတိုက္ပြဲျဖစ္ေနတဲ့ ေနရာေတြကို ေက်း႐ြာေတြနဲ႔ေတာ့ နည္းနည္းေတာ့ လွမ္းတယ္။”

စက္တင္ဘာ ၁၃ ရက္ မနက္ပိုင္းကလည္း အဲဒီအနားက ေ႐ႊက်န္ေက်း႐ြာအထက္ဘက္ ေက်ာ္ၾကားေခ်ာင္းနားမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး အဲ့ဒီအနီးအနား သာစည္ေက်း႐ြာ၊ ေဆာင္ဒုံး၊ ေ႐ြေတာင္၊ ခြံဆုံ(ခ်င္း႐ြာ)ေတြ ရွိေနၾကတာပါ။

တပ္မေတာ္စစ္ေၾကာင္း ထိန္းျပင္မွာ ေခတၱနားေနၿပီးေနာက္ ထိန္းျပင္ကြင္းေက်ာ္ၿပီး ေနာက္မွာ တိုက္ပြဲျဖစ္တာလို႔ ေက်း႐ြာသားေတြက ေျပာဆိုၾကပါတယ္။

မင္းျပားၿမိဳ႕နယ္ ေ႐ႊက်င္ေက်း႐ြာဘက္ေတြမွာ တိုက္ပြဲေတြ ျဖစ္ေနတာ မွန္ကန္ၿပီး အထိအခိုက္ အက်အဆုံးကိုေတာ့ မသိရေသးဘူးလို႔ အေနာက္ပိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

“ဟုတ္တယ္ခင္ဗ်၊ ဒီေန႔ မနက္ပိုင္းက တိုက္ပြဲျဖစ္ေနပါတယ္။ တိုက္ပြဲျဖစ္တာက ၁၀ နာရီဝန္းက်င္ေလာက္က ျဖစ္တာေပါ့။ အခုလက္ရွိအခ်ိန္အထိ တိုက္ပြဲက ၿပီးသြားသလား၊ မၿပီးေသးဘူးလားဆိုတာ မသိေသးဘူးဗ်။ က်ေနာ္တို႔ အုပ္ခ်ဳပ္ေရးမႉးလုပ္တဲ့ စစ္ေၾကာင္းတေၾကာင္းကို ဒီေကာင္ေတြ သတင္းရတာနဲ ေစာင့္ခ်တာ ဒါပါပဲ။”

အခုလို တိုက္ပြဲျဖစ္ေနတာနဲ႔ ပတ္သက္လို႔ ထိခိုက္ဒဏ္ရာရတာကိုေတာ့ ဒီကေန႔ ေန႔လယ္ပိုင္းအခ်ိန္အထိ မသိရေသးဘူးလို႔ အေနာက္ပိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ဆိုပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ တပ္မေတာ္နဲ႔ တပ္မေတာ္ေအေအတို႔ တိုက္ပြဲျဖစ္ပြားလာတဲ့ အခုလဆိုရင္ ၉ လနီးပါး ရွိလာေနၿပီျဖစ္ၿပီး တိုက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ ၇ ေသာင္းနီးပါး ရွိလာေနၿပီ ျဖစ္ပါတယ္။

လာမယ့္ စက္တင္ဘာ ၁၇ ရက္မွာ အစိုးရၿငိမ္းခ်မ္းေရး ေကာ္မရွင္၊ တပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္ ကိုးကန႔္၊ တီအန္အယ္လ္ေအ၊ ေအေအ၊ ေကအိုင္ေအတို႔ က်ိဳင္းတုံၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။

ဝဏၰခြာညိဳ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013