DVB Logo
Home
မြန်မာသတင်း
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗိုလ်ချုပ်မှူးကြီးတို့ကို တရုတ် အထူးကိုယ်စားလှယ် တွေ့ဆုံ
DVB
·
September 14, 2019
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗိုလ်ချုပ်မှူးကြီးတို့ကို တရုတ် အထူးကိုယ်စားလှယ် တွေ့ဆုံ
1 / 2
Donate to DVB

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်ဟာ မနေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ရော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ပါ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းကို မွန်းလွဲပိုင်းမှာ တွေ့ဆုံခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး နောက်ဆုံးဖြစ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးပါတယ်။ ပြီးတော့ မြန်မာနိုင်ငံအစိုးရရဲ့ ကြိုးပမ်းအားထုတ်တာတွေမှာ တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမယ့် ကိစ္စတွေကို ဆွေးနွေးအမြင်ဖလှယ်ခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထား ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တော့ ညနေပိုင်းမှာ တွေ့ဆုံခဲ့ပြီး မြန်မာနဲ့ တရုတ်နိုင်ငံတို့အကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနဲ့ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း အလေးအနက်ထားပြီး ချစ်ကြည်ရေးနဲ့ ဆက်ဆံရေးတွေ ပိုပြီး တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်ရဲ့ ရပ်တည်ဆောင်ရွက်ချက်တွေကို တရုတ်နိုင်ငံက ထောက်ခံ အားပေးကူညီနေတာတွေအပြင်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်အောင် ဆက်လက်လုပ်နိုင်မယ့် အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ပြီးတော့ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးတို့ကို ပိုပြီးပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေနဲ့ ဩဂုတ်လ ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့ AA၊ TNLA၊ MNDAA အဖွဲ့တို့ရဲ့ တိုက်ခိုက်မှုတွေကို တရုတ်နိုင်ငံက လက်မခံဘဲ ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချတယ် ဆိုတာကိုလည်း ဆွေးနွေးခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ဗိုလ္ခ်ဳပ္မႉးႀကီးတို႔ကို တ႐ုတ္ အထူးကိုယ္စားလွယ္ ေတြ႕ဆုံ

တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွေရးရာ အထူးကိုယ္စားလွယ္ဟာ မေန႔က ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ေရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ပါ သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။

ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ဟာ တ႐ုတ္ အာရွေရးရာ အထူးကိုယ္စားလွယ္ မစၥတာစြန္းေဂၚရွန္းကို မြန္းလြဲပိုင္းမွာ ေတြ႕ဆုံခဲ့တာပါ။

ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္း ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး လုပ္ငန္းစဥ္နဲ႔ပတ္သက္ၿပီး ေနာက္ဆုံးျဖစ္ေနတဲ့ အေျခအေနေတြကို ေဆြးေႏြးပါတယ္။ ၿပီးေတာ့ ျမန္မာႏိုင္ငံအစိုးရရဲ႕ ႀကိဳးပမ္းအားထုတ္တာေတြမွာ တ႐ုတ္ႏိုင္ငံက အျပဳသေဘာ ဆက္လက္ကူညီ ေဆာင္႐ြက္ေပးသြားမယ့္ ကိစၥေတြကို ေဆြးေႏြးအျမင္ဖလွယ္ခဲ့တယ္လို႔ အစိုးရက ထုတ္ျပန္ထား ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ေတာ့ ညေနပိုင္းမွာ ေတြ႕ဆုံခဲ့ၿပီး ျမန္မာနဲ႔ တ႐ုတ္ႏိုင္ငံတို႔အၾကား ေဆြမ်ိဳးေပါက္ေဖာ္ ခ်စ္ၾကည္ရင္းႏွီးမႈနဲ႔ မဟာဗ်ဴဟာ မိတ္ဖက္ဆက္ဆံေရးကို နက္နက္ရႈိင္းရႈိင္း အေလးအနက္ထားၿပီး ခ်စ္ၾကည္ေရးနဲ႔ ဆက္ဆံေရးေတြ ပိုၿပီး တိုးျမႇင့္ေဆာင္႐ြက္ေရး ေဆြးေႏြးခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ လက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေရးနဲ႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြအေပၚ ျမန္မာႏိုင္ငံအစိုးရနဲ႔ တပ္မေတာ္ရဲ႕ ရပ္တည္ေဆာင္႐ြက္ခ်က္ေတြကို တ႐ုတ္ႏိုင္ငံက ေထာက္ခံ အားေပးကူညီေနတာေတြအျပင္  ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ တိုးတက္ေအာင္ ဆက္လက္လုပ္ႏိုင္မယ့္ အေျခအေနေတြ ေဆြးေႏြးခဲ့တယ္လို႔လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ပါတယ္။

ၿပီးေတာ့ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရး၊ မူးယစ္ေဆးဝါးနဲ႔ တရားမဝင္ ကုန္သြယ္မႈ တိုက္ဖ်က္ေရးတို႔ကို ပိုၿပီးပူးေပါင္းေဆာင္႐ြက္ႏိုင္မယ့္ အေျခအေနေတြနဲ႔ ဩဂုတ္လ ၁၅ ရက္က ျဖစ္ပြားခဲ့တဲ့ AA၊ TNLA၊ MNDAA အဖြဲ႕တို႔ရဲ႕ တိုက္ခိုက္မႈေတြကို တ႐ုတ္ႏိုင္ငံက လက္မခံဘဲ ျပတ္ျပတ္သားသား ကန႔္ကြက္ရႈတ္ခ်တယ္ ဆိုတာကိုလည္း ေဆြးေႏြးခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013