DVB Logo
Home
မြန်မာသတင်း
ဦးလှဆွေအား မိအောင်ဖမ်းမည်ဟု ရဲတပ်ဖွဲ့က ကတိပေးထားကြောင်း ဦးဇော်ဌေးပြော
DVB
·
September 14, 2019
ဦးလှဆွေအား မိအောင်ဖမ်းမည်ဟု ရဲတပ်ဖွဲ့က ကတိပေးထားကြောင်း ဦးဇော်ဌေးပြော
Donate to DVB

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တရားစွဲခံရပြီး ဖမ်းဝရမ်းအထုတ်ခံထားရတဲ့ ဦးလှဆွေကို မိအောင်ဖမ်းမယ်ဆိုပြီး ရဲတပ်ဖွဲ့က ကတိပေးထားတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့က သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုလုပ်ကြံမှုမှာ ပါဝင်ခဲ့တဲ့ အဓိကတရားခံ အောင်ဝင်းခိုင်ကို လက်ရှိအချိန်ထိ မဖမ်းမိသေးတဲ့အပေါ် သတင်းထောက်တဦးရဲ့မေးမြန်းမှုအပေါ်မှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလိုပြောဆိုသွားတာပါ။ 

“အဓိကကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိပါတယ်။ ကျနော်တို့ မေးတာ မြန်းတာ ရှိပါတယ်။ ရဲတပ်ဖွဲ့တွေကို ကျနော်တို့ ယုံကြည်ပါတယ်။ သို့သော် ထိထိရောက်ရောက် လုပ်ဖို့ လိုတယ်။ မိသင့်မိထိုက်တဲ့လူကို မိအောင်လုပ်ဖို့တော့ လိုတယ်။ ဘူးလက်လှဆွေကို သူတို့ မိအောင်ဖမ်းပါမယ်လို့ ပြောထားတာတွေ ရှိပါတယ်။ ကျနော်တို့ကတော့ စောင့်ကြည့်ဖို့ပဲ ရှိပါတယ်။”

ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်က မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်ခဲ့တဲ့ ‘အမေရိကန်နိုင်ငံက မြန်မာ့တပ်မတော်ထိပ်တန်း အရာရှိတွေအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဆန့်ကျင်ရှုတ်ချပွဲ’မှာ ဦးလှဆွေ ဟောပြောတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က တရားလိုပြုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ – (က) နဲ့ တရားစွဲဆိုထားတာပါ။ 

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို တရားစွဲဆိုထားတဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) ဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။ 

လတ်တလော ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဦးလွေဆြအား မိေအာင္ဖမ္းမည္ဟု ရဲတပ္ဖြဲ႕က ကတိေပးထားေၾကာင္း ဦးေဇာ္ေဌးေျပာ

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မနဲ႔ တရားစြဲခံရၿပီး ဖမ္း၀ရမ္းအထုတ္ခံထားရတဲ့ ဦးလွေဆြကို မိေအာင္ဖမ္းမယ္ဆိုၿပီး ရဲတပ္ဖြဲ႕က ကတိေပးထားတယ္လို႔ သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌးက ေျပာပါတယ္။

စက္တင္ဘာ ၁၃ ရက္ေန႔က သမၼတအိမ္ေတာ္သတင္းစာရွင္းလင္းပြဲမွာ တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီကိုလုပ္ႀကံမႈမွာ ပါဝင္ခဲ့တဲ့ အဓိကတရားခံ ေအာင္ဝင္းခိုင္ကို လက္ရွိအခ်ိန္ထိ မဖမ္းမိေသးတဲ့အေပၚ သတင္းေထာက္တဦးရဲ႕ေမးျမန္းမႈအေပၚမွာ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက အခုလိုေျပာဆိုသြားတာပါ။

“အဓိကကေတာ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ တာဝန္ရွိပါတယ္။ က်ေနာ္တို႔ ေမးတာ ျမန္းတာ ရွိပါတယ္။ ရဲတပ္ဖြဲ႕ေတြကို က်ေနာ္တို႔ ယုံၾကည္ပါတယ္။ သို႔ေသာ္ ထိထိေရာက္ေရာက္ လုပ္ဖို႔ လိုတယ္။ မိသင့္မိထိုက္တဲ့လူကို မိေအာင္လုပ္ဖို႔ေတာ့ လိုတယ္။ ဘူးလက္လွေဆြကို သူတို႔ မိေအာင္ဖမ္းပါမယ္လို႔ ေျပာထားတာေတြ ရွိပါတယ္။ က်ေနာ္တို႔ကေတာ့ ေစာင့္ၾကည့္ဖို႔ပဲ ရွိပါတယ္။”

ၿပီးခဲ့တဲ့ ၾသဂုတ္ ၃ ရက္က မဟာဗႏၶဳလပန္းၿခံေရွ႕မွာ ျပဳလုပ္ခဲ့တဲ့ ‘အေမရိကန္ႏိုင္ငံက ျမန္မာ့တပ္မေတာ္ထိပ္တန္း အရာရွိေတြအေပၚ အေရးယူပိတ္ဆို႔မႈေတြကို ဆန႔္က်င္ရႈတ္ခ်ပြဲ’မွာ ဦးလွေဆြ ေဟာေျပာတဲ့ အေၾကာင္းအရာေတြနဲ႔ပတ္သက္ၿပီး ေက်ာက္တံတားၿမိဳ႕နယ္ ဒုတိယအေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးမ်ိဳးျမင့္က တရားလိုျပဳလုပ္ၿပီး ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၁၂၄ – (က) နဲ႔ တရားစြဲဆိုထားတာပါ။

လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြကို တရားစြဲဆိုထားတဲ့ ႏိုင္ငံေတာ္ အၾကည္ညိဳ ပ်က္ေစမႈ ပုဒ္မ ၁၂၄ (က) ဟာ ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ အႏွစ္ ၂၀ အထိ ခ်မွတ္ႏိုင္တဲ့ ပုဒ္မ ျဖစ္ပါတယ္။

လတ္တေလာ ဖမ္းဝရမ္းထုတ္ခံထားရတဲ့ ဦးဝီရသူကိုလည္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ဖမ္းဆီးအေရးယူႏိုင္ျခင္းမရွိေသးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013