DVB Logo
Home
မြန်မာသတင်း
မြန်မာ့လက်မှုပညာများကို လေ့လာနိုင်မည့် Crafts Weekend ပွဲ ရန်ကုန်တွင် ကျင်းပ
DVB
·
September 14, 2019
မြန်မာ့လက်မှုပညာများကို လေ့လာနိုင်မည့် Crafts Weekend ပွဲ ရန်ကုန်တွင် ကျင်းပ
1 / 11
Donate to DVB

မြန်မာ့လက်မှုပညာတွေကို လေ့လာနိုင်မယ့် Crafts Weekend ပွဲကို ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာရှိတဲ့ သမိုင်းဝင်ဟိုတယ်နှင့်ခရီးသွား အဆောက်အဦမှာ ပြုလုပ်နေပါတယ်။ 

အဲဒီပွဲတော်ကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ Turquoise Mountain Myanmar ကနေ စီစဉ်ပြီး ကျင်းပနေတာဖြစ်ပါတယ်။ 

Crafts Weekend ပွဲတော်ကိုတော့ စက်တင်ဘာ ၁၄ ရက်ကနေ ၅ ရက်အထိ ကျင်းပသွားမှာပါ။ အဲဒီပြပွဲမှာတော့ မြန်မာ့ရိုးရာ လက်မှုအနုပညာလက်ရာတွေ၊ ရိုးရာအထည်အလိပ်တွေ၊ ရွှေထည်လက်ဝတ်ရတနာတွေနဲ့ ယွန်းထည်လက်ရာတွေကို ပြသထားတာဖြစ်ပြီး ပြည်သူတွေကို အခမဲ့ဝင်ရောက်လေ့လာခွင့် ပြုထားပါတယ်။

သမိုင်းဝင် ဟိုတယ်နှင့်ခရီးသွား အဆောက်အဦကိုတော့ Turquoise Mountain Myanmar ကနေ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည် ပြုပြင်ထိန်းသိမ်းတာတွေကို လုပ်ဆောင်ပြီး ပထမဆုံးအကြိမ်ဖွင့်လှစ်ကာ Crafts Weekend ပွဲတော်ကို လုပ်ဆောင်ခဲ့တာပါ။ 

Turquoise Mountain Myanmar ဟာ ရှေးဟောင်းအဆောက်အအုံတွေကို ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းတာတွေ၊ ရိုးရာလက်မှုပစ္စည်းတွေကို စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးတွေကို လုပ်ဆောင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~

Zawgyi_version

ျမန္မာ့လက္မႈပညာမ်ားကို ေလ့လာႏိုင္မည့္ Crafts Weekend ပြဲ ရန္ကုန္တြင္ က်င္းပ

ျမန္မာ့လက္မႈပညာေတြကို ေလ့လာႏိုင္မယ့္ Crafts Weekend ပြဲကို ရန္ကုန္ၿမိဳ႕ ဆူးေလဘုရားအနီးမွာရွိတဲ့ သမိုင္းဝင္ဟိုတယ္ႏွင့္ခရီးသြား အေဆာက္အဦမွာ ျပဳလုပ္ေနပါတယ္။

အဲဒီပြဲေတာ္ကိုေတာ့ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္နဲ႔ Turquoise Mountain Myanmar ကေန စီစဥ္ၿပီး က်င္းပေနတာျဖစ္ပါတယ္။

Crafts Weekend ပြဲေတာ္ကိုေတာ့ စက္တင္ဘာ ၁၄ ရက္ကေန ၅ ရက္အထိ က်င္းပသြားမွာပါ။ အဲဒီျပပြဲမွာေတာ့ ျမန္မာ့႐ိုးရာ လက္မႈအႏုပညာလက္ရာေတြ၊ ႐ိုးရာအထည္အလိပ္ေတြ၊ ေ႐ႊထည္လက္ဝတ္ရတနာေတြနဲ႔ ယြန္းထည္လက္ရာေတြကို ျပသထားတာျဖစ္ၿပီး ျပည္သူေတြကို အခမဲ့ဝင္ေရာက္ေလ့လာခြင့္ ျပဳထားပါတယ္။

သမိုင္းဝင္ ဟိုတယ္ႏွင့္ခရီးသြား အေဆာက္အဦကိုေတာ့ Turquoise Mountain Myanmar ကေန ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ျပန္လည္ ျပဳျပင္ထိန္းသိမ္းတာေတြကို လုပ္ေဆာင္ၿပီး ပထမဆုံးအႀကိမ္ဖြင့္လွစ္ကာ Crafts Weekend ပြဲေတာ္ကို လုပ္ေဆာင္ခဲ့တာပါ။

Turquoise Mountain Myanmar ဟာ ေရွးေဟာင္းအေဆာက္အအုံေတြကို ေရွးမူမပ်က္ ျပန္လည္ျပဳျပင္ထိန္းသိမ္းတာေတြ၊ ႐ိုးရာလက္မႈပစၥည္းေတြကို စဥ္ဆက္မျပတ္ ေရရွည္ ဖြံ႕ၿဖိဳးတိုးတက္ေရးေတြကို လုပ္ေဆာင္ေနတဲ့အဖြဲ႕ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013