DVB Logo
Home
မြန်မာသတင်း
မြစ်ရေတက်၍ ပဲခူး၊ ညောင်လေးပင်နှင့် ရွှေကျင်တွင် လူ ၃ သောင်းခန့် ရေဘေးရှောင်နေရ
DVB
·
September 14, 2019
မြစ်ရေတက်၍ ပဲခူး၊ ညောင်လေးပင်နှင့် ရွှေကျင်တွင် လူ ၃ သောင်းခန့် ရေဘေးရှောင်နေရ
Donate to DVB

မြစ်ရေတက်နေလို့ ပဲခူး၊ ညောင်လေးပင်နဲ့ ရွှေကျင်မြို့နယ်တို့မှာ ရေဘေးရှောင်စခန်း ၄၅ ခုဖွင့်ထားရပြီး လူပေါင်း ၃ သောင်းလောက် ရေဘေးရှောင်နေရပါတယ်။

မနေ့မွန်းလွဲပိုင်းအထိ စာရင်းအရ ပဲခူးမြို့နယ်မှာ ရေဘေးရှောင်စခန်း ၂၆ ခု၊ ညောင်လေးပင် မြို့နယ်မှာ ၈ ခု၊ ရွှေကျင်မြို့နယ်မှာ ၁၁ ခု ဖွင့်ထားရပြီး အိမ်ထောင်စုပေါင်း ၅၇၀၀ လောက်က လူဦးရေ ၂၇၇၀၅ ယောက် ယာယီရွှေ့ပြောင်းနေရတာပါ။

စက်တင်ဘာ ၁၂ ရက်နေ့ကထက် ပဲခူးမှာ ရေဘေးရှောင်စခန်း ၃ ခု တိုးပြီး ဖွင့်လာရတာလည်း ဖြစ်ပါတယ်။

မနေ့ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရောက်ခဲ့ပြီး ရေဘေးရှောင်သူတွေကို ၃ ရက်စာ ရိက္ခာတွေ ပေးခဲ့တယ်လို့ တိုင်းအစိုးရက ဆိုပါတယ်။

ပဲခူးမြစ်ရဲ့ စိုးရိမ်ရေမှတ်ဟာ ၈၈၀ စင်တီမီတာရှိပြီး ဒီနေ့မနက်မှာ ၉၁၃ စင်တီမီတာ၊ စစ်တောင်းမြစ်ရေကတော့ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာဖြစ်ပြီး ဒီနေ့မနက်မှာ ၁၁၆၈ စင်တီမီတာရှိတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျမစ္ေရတက္၍ ပဲခူး၊ ေညာင္ေလးပင္ႏွင့္ ေ႐ႊက်င္တြင္ လူ ၃ ေသာင္းခန႔္ ေရေဘးေရွာင္ေနရ

ျမစ္ေရတက္ေနလို႔ ပဲခူး၊ ေညာင္ေလးပင္နဲ႔ ေ႐ႊက်င္ၿမိဳ႕နယ္တို႔မွာ ေရေဘးေရွာင္စခန္း ၄၅ ခုဖြင့္ထားရၿပီး လူေပါင္း ၃ ေသာင္းေလာက္ ေရေဘးေရွာင္ေနရပါတယ္။

မေန႔မြန္းလြဲပိုင္းအထိ စာရင္းအရ ပဲခူးၿမိဳ႕နယ္မွာ ေရေဘးေရွာင္စခန္း ၂၆ ခု၊ ေညာင္ေလးပင္ ၿမိဳ႕နယ္မွာ ၈ ခု၊ ေ႐ႊက်င္ၿမိဳ႕နယ္မွာ ၁၁ ခု ဖြင့္ထားရၿပီး အိမ္ေထာင္စုေပါင္း ၅၇၀၀ ေလာက္က လူဦးေရ ၂၇၇၀၅ ေယာက္ ယာယီေ႐ႊ႕ေျပာင္းေနရတာပါ။

စက္တင္ဘာ ၁၂ ရက္ေန႔ကထက္ ပဲခူးမွာ ေရေဘးေရွာင္စခန္း ၃ ခု တိုးၿပီး ဖြင့္လာရတာလည္း ျဖစ္ပါတယ္။

မေန႔ကေတာ့ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး ေရာက္ခဲ့ၿပီး ေရေဘးေရွာင္သူေတြကို ၃ ရက္စာ ရိကၡာေတြ ေပးခဲ့တယ္လို႔ တိုင္းအစိုးရက ဆိုပါတယ္။

ပဲခူးျမစ္ရဲ႕ စိုးရိမ္ေရမွတ္ဟာ ၈၈၀ စင္တီမီတာရွိၿပီး ဒီေန႔မနက္မွာ ၉၁၃ စင္တီမီတာ၊ စစ္ေတာင္းျမစ္ေရကေတာ့ မေဒါက္ၿမိဳ႕မွာ စိုးရိမ္ေရမွတ္ ၁၀၇၀ စင္တီမီတာျဖစ္ၿပီး ဒီေန႔မနက္မွာ ၁၁၆၈ စင္တီမီတာရွိတယ္လို႔ မိုးေလဝသဌာနက ထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013