DVB Logo
Home
မြန်မာသတင်း
မုံရွာ သမဝါယမအသင်း ရောင်းချခဲ့သည့်မြေအား ပြန်ပေးရန် ဒေသခံများ တောင်းဆို
DVB
·
September 14, 2019
မုံရွာ သမဝါယမအသင်း ရောင်းချခဲ့သည့်မြေအား ပြန်ပေးရန် ဒေသခံများ တောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကျွဲရဲကျေးရွာမှာရှိတဲ့ သမဝါယမအသင်းက ရောင်းချခဲ့တဲ့ မြေနေရာကို ကျေးရွာဖွံ့ဖြိုးရေးအတွက် ပြန်လည်ပေးအပ်ဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

အဆိုပါမြေနေရာဟာ ယခင်က ကျေးရွာဖွံ့ဖြိုးရေးအတွက် ဘော်လီဘောကွင်း ဖြစ်ခဲ့သလို ကျေးရွာဆွမ်းလောင်းပွဲတွေမှာ အသုံးချခဲ့တဲ့ မြေနေရာဖြစ်တယ်လို့ သိရပြီး အဲ့ဒီအတွက် အခုအခါမှာ ကျေးရွာဒေသခံက ဒေသဖွံ့ဖြိုးအတွက် ပြန်လည်တောင်းဆိုနေကြတာပါ။

ဒီမြေကို အလှူရှင်တဦးက ကျေးရွာဖွံ့ဖြိုးရေးအတွက် အသုံးချဖို့ လှူဒါန်းခဲ့ပေမယ့် ကျေးရွာ သမဝါယမအသင်းက တခြားသူအား ပြန်လည်ရောင်းချခဲ့တယ်လို့ ကျွဲရဲမြောက်ရွာနေ ကိုအောင်ဝင်းက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး နိုင်ငံတော်ဒုသမ္မတထံ တိုင်ကြားခဲ့သလို စစ်ကိုင်းဒေသကြီးအစိုးရထံ တင်ပြရာမှာ တိုင်းဒေသကြီး လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက လက်ရှိဝယ်ယူထားတဲ့ ပိုင်ရှင်ရဲ့ အဆောက်ဦ မြေဧရိယာ ပေ ၅၀×၃၀ အထက်ကျော်လွန်တဲ့မြေကို ကျေးရွာက ပိုင်ဆိုင်သင့်ကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ညွှန်ကြားချက် ထွက်ရှိထားတယ်လို့ ကျွဲရဲမြောက်ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုးလွင်က ပြောပါတယ်။

မုံရွာမြို့နယ် သမဝါယမဦးစီးမှူး ဦးခင်မောင်လွင်ကတော့ ၁၉၉၆ ခုနှစ်အချိန်တုန်းက အသင်းစုထည့်ဝင်ငွေ မရှိတဲ့အတွက် အဆိုပါမြေနေရာကို ရောင်းချခဲ့တယ်လို့သိရကြောင်းနဲ့ ရောင်းချပြီး မြေဖြစ်တဲ့အတွက် တိုက်ရိုက်မသက်ဆိုင်တော့ပေမယ့် လက်ရှိဝယ်ယူထားတဲ့ မြေပိုင်ရှင်နဲ့ ကျေးရွာအကြား ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ စက်တင်ဘာလ ၁၂ ရက်နေ့က ကျေးရွာသမအသင်းသားတွေနဲ့ တွေ့ဆုံစဉ်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒေသခံတွေကတော့ ကျေးရွာပိုင်မြေအဖြစ် ပြန်လည်မရရှိမှာကို စိုးရိမ်နေကြပြီး တိုင်းဒေသကြီး လယ်ပြန်စစ်ရဲ့ ညွှန်ကြားချက်အတိုင်းသာ ဖြစ်လိုကြောင်းနဲ့ တခြား ပြောင်းလဲမှုတွေ ရှိလာရင် လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

အဆိုပါ မြေနေရာကို ကျေးရွာလူထုပိုင်နေရာအဖြစ် ပြန်လည်ရရှိရင်တော့ ကျေးရွာဖွံ့ဖြိုးရေးအတွက် လူမှုရေးအသင်းအဖွဲ့ရုံးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ပြုလုပ်ဖို့ ကျေးရွာသူကျေးရွာသားတွေက လိုလားနေကြတာပါ။

ရန်နိုင်စိုး

~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မုံ႐ြာ သမဝါယမအသင္း ေရာင္းခ်ခဲ့သည့္ေျမအား ျပန္ေပးရန္ ေဒသခံမ်ား ေတာင္းဆို

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ ကြၽဲရဲေက်း႐ြာမွာရွိတဲ့ သမဝါယမအသင္းက ေရာင္းခ်ခဲ့တဲ့ ေျမေနရာကို ေက်း႐ြာဖြံ႕ၿဖိဳးေရးအတြက္ ျပန္လည္ေပးအပ္ဖို႔ ေဒသခံေတြက ေတာင္းဆိုေနၾကပါတယ္။

အဆိုပါေျမေနရာဟာ ယခင္က ေက်း႐ြာဖြံ႕ၿဖိဳးေရးအတြက္ ေဘာ္လီေဘာကြင္း ျဖစ္ခဲ့သလို ေက်း႐ြာဆြမ္းေလာင္းပြဲေတြမွာ အသုံးခ်ခဲ့တဲ့ ေျမေနရာျဖစ္တယ္လို႔ သိရၿပီး အဲ့ဒီအတြက္ အခုအခါမွာ ေက်း႐ြာေဒသခံက ေဒသဖြံ႕ၿဖိဳးအတြက္ ျပန္လည္ေတာင္းဆိုေနၾကတာပါ။

ဒီေျမကို အလႉရွင္တဦးက ေက်း႐ြာဖြံ႕ၿဖိဳးေရးအတြက္ အသုံးခ်ဖို႔ လႉဒါန္းခဲ့ေပမယ့္ ေက်း႐ြာ သမဝါယမအသင္းက တျခားသူအား ျပန္လည္ေရာင္းခ်ခဲ့တယ္လို႔ ကြၽဲရဲေျမာက္႐ြာေန ကိုေအာင္ဝင္းက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သတ္ၿပီး ႏိုင္ငံေတာ္ဒုသမၼတထံ တိုင္ၾကားခဲ့သလို စစ္ကိုင္းေဒသႀကီးအစိုးရထံ တင္ျပရာမွာ တိုင္းေဒသႀကီး လယ္ယာေျမႏွင့္ တျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီက လက္ရွိဝယ္ယူထားတဲ့ ပိုင္ရွင္ရဲ႕ အေဆာက္ဦ ေျမဧရိယာ ေပ ၅၀×၃၀ အထက္ေက်ာ္လြန္တဲ့ေျမကို ေက်း႐ြာက ပိုင္ဆိုင္သင့္ေၾကာင္း ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ၫႊန္ၾကားခ်က္ ထြက္ရွိထားတယ္လို႔ ကြၽဲရဲေျမာက္႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးမိုးလြင္က ေျပာပါတယ္။

မုံ႐ြာၿမိဳ႕နယ္ သမဝါယမဦးစီးမႉး ဦးခင္ေမာင္လြင္ကေတာ့ ၁၉၉၆ ခုႏွစ္အခ်ိန္တုန္းက အသင္းစုထည့္ဝင္ေငြ မရွိတဲ့အတြက္ အဆိုပါေျမေနရာကို ေရာင္းခ်ခဲ့တယ္လို႔သိရေၾကာင္းနဲ႔ ေရာင္းခ်ၿပီး ေျမျဖစ္တဲ့အတြက္ တိုက္႐ိုက္မသက္ဆိုင္ေတာ့ေပမယ့္ လက္ရွိဝယ္ယူထားတဲ့ ေျမပိုင္ရွင္နဲ႔ ေက်း႐ြာအၾကား ညႇိႏႈိင္းေဆာင္႐ြက္သြားမယ္လို႔ စက္တင္ဘာလ ၁၂ ရက္ေန႔က ေက်း႐ြာသမအသင္းသားေတြနဲ႔ ေတြ႕ဆုံစဥ္မွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

ေဒသခံေတြကေတာ့ ေက်း႐ြာပိုင္ေျမအျဖစ္ ျပန္လည္မရရွိမွာကို စိုးရိမ္ေနၾကၿပီး တိုင္းေဒသႀကီး လယ္ျပန္စစ္ရဲ႕ ၫႊန္ၾကားခ်က္အတိုင္းသာ ျဖစ္လိုေၾကာင္းနဲ႔ တျခား ေျပာင္းလဲမႈေတြ ရွိလာရင္ လက္မခံႏိုင္ဘူးလို႔ ဆိုပါတယ္။

အဆိုပါ ေျမေနရာကို ေက်း႐ြာလူထုပိုင္ေနရာအျဖစ္ ျပန္လည္ရရွိရင္ေတာ့ ေက်း႐ြာဖြံ႕ၿဖိဳးေရးအတြက္ လူမႈေရးအသင္းအဖြဲ႕႐ုံးနဲ႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံး ျပဳလုပ္ဖို႔ ေက်း႐ြာသူေက်း႐ြာသားေတြက လိုလားေနၾကတာပါ။

ရန္ႏိုင္စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013