DVB Logo
Home
နိုင်ငံတကာ
BTS အဖွဲ့၏ Arirang ကမ္ဘာလှည့်ဖျော်ဖြေပွဲ တောင်ကိုရီးယား၌ စတင်
DVB
·
April 10, 2026
Photo: Reuters
Photo: Reuters
Donate to DVB

တောင်ကိုရီးယားနိုင်ငံရဲ့ ဂိုယန် အားကစားကွင်းကြီးမှာ နာမည်ကြီး ကေပေါ့ပ်အဖွဲ့ BTS ရဲ့ တကျော့ပြန် တင်ဆက်မှုတွေနဲ့အတူ ဧပြီ ၉ ရက်က ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်ကို စတင်လိုက်ပါတယ်။

အဲဒီနောက် BTS ဟာ ဂိုယန်မှာတင် ၂ ညတိတိ ဆက်လက်ဖျော်ဖြေသွားမှာ ဖြစ်ပြီး ဧပြီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့အတွင်း ပရိသတ် အယောက် ၄၀,၀၀၀ စီ တက်ရောက် အားပေးကြဖို့ ရှိနေပါတယ်။

အဲဒီ ပထမဆုံးဖျော်ဖြေပွဲကို တိုက်ရိုက်ထုတ်လွှင့်မှုကနေ ကြည့်ရှုနိုင်ဖို့အတွက် ပရိသတ် ၄ သန်းကျော်ဟာ အခကြေးငွေ ပေးချေခဲ့တဲ့အလျောက် ဒေါ်လာ ၁၆၈ သန်း ဝင်ငွေရရှိခဲ့ပါတယ်။

ဒါကြောင့် Arirang လို့ အမည်ပေးထားတဲ့ ကမ္ဘာ့လှည့်ဖျော်ဖြေပွဲကို သမိုင်းတလျှောက် ဝင်ငွေအကောင်းဆုံး ဖျော်ဖြေပွဲတွေထဲက တခုဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူတွေအနေနဲ့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ကမ္ဘာကျော် ပေါ့ပ်အဆိုတော် တေလာဆွစ်ဖ်ရဲ့ Eras Tour ကနေ ရရှိခဲ့တဲ့ ဒေါ်လာ ၂ ဘီလီယံ ဝင်ငွေစံချိန်ကိုပါ ကျော်လွန်သွားနိုင်တယ်လို့ ဆိုပါတယ်။

လာမဲ့ ၁၂ လတာအတွင်း ကမ္ဘာ့တိုက်ကြီး ၅ တိုက်ရဲ့ မြို့ကြီး ၃၄ မြို့မှာ ဖျော်ဖြေပွဲပေါင်း ၈၅ ပွဲအထိ ပြုလုပ်သွားမှာဖြစ်တာကြောင့် တောင်ကိုရီးယား ကေပေါ့ပ်အဖွဲ့တခုအတွက် အကြီးကျယ်ဆုံး ခရီးစဉ်အဖြစ် မှတ်ကျောက်တင်နိုင်တော့မှာပါ။

ဒါပေမဲ့ BTS ဟာ ကိုယ်ပိုင်ဟန်တွေနဲ့ ကင်းကွာလာခဲ့ပြီး အမြတ်အစွန်းများတဲ့ အနောက်တိုင်းဈေးကွက်ဆီ လိုက်လာတယ်လို့ မိခင်ကုမ္ပဏီဖြစ်တဲ့ Hybe ကို ပြည်တွင်းပရိသတ်တချို့က ဝေဖန်ထားပါတယ်။

တချိန်တည်းမှာ ပြည်ပက ပရိသတ်တွေကတော့ သဘောထားကွဲလွဲမှု နည်းပါးပြီး အသစ်အဆန်းတွေနဲ့ စမ်းသပ်လာခဲ့တဲ့ အလှည့်အပြောင်းကို ကြိုဆိုခဲ့ကြပါတယ်။

အလားတူ RM တယောက်တည်းသာ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပေမဲ့ ကမ္ဘာတဝန်းက BTS ပရိသတ်တွေအတွက်တော့ ဒါဟာ အဟန့်အတားတခု မဟုတ်ပါဘူး။

လက်ရှိမှာ BTS ဟာ နာမည်ကြီး ကေပေါ့ပ်အဖွဲ့တဖွဲ့ ဆိုတာထက် နိုင်ငံရဲ့ ကိုယ်စားပြု အမှတ်တံဆိပ်လိုမျိုး ဖြစ်လာတဲ့အလျောက် သူတို့အပေါ် ကြီးမားတဲ့ဖိအားတွေ ကျရောက်လာခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013