DVB Logo
Home
မြန်မာသတင်း
ကျိုင်းတုံဆွေးနွေးပွဲ ရလဒ်မကောင်းပါက ရှေ့အလားအလာ စိုးရိမ်ရဟု ဦးဇော်ဌေးပြော
DVB
·
September 14, 2019
ကျိုင်းတုံဆွေးနွေးပွဲ ရလဒ်မကောင်းပါက ရှေ့အလားအလာ စိုးရိမ်ရဟု ဦးဇော်ဌေးပြော
Donate to DVB

ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ စက်တင်ဘာ ၁၇ ရက်နေ့ပြုလုပ်မယ့် အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ဆွေးနွေးပွဲမှာ ရလဒ်မကောင်းပါက ငြိမ်းချမ်းရေးအတွက် ရှေ့အလားအလာ စိုးရိမ်ရတယ်လို့  သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့က သမ္မတအိမ်တော်မှာ ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက အခုလို ပြောတာပါ။

"၁၇ ရက်နေ့ပွဲမှာ တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တွေလာမယ်၊ NRPC ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထောင် စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်ပြီးသွားမှာ ဖြစ်တယ်။ ၁၇ ရက်နေ့ ကျိုင်းတုံဆွေးနွေးပွဲကို တော်တော်လေး အလေးထားတယ်။ ဒါအရေးကြီးတယ်။ ဒီရလဒ်ပေါ်မှာ မူတည်ပြီးတော့ တပ်မတော်က တဖက်သတ်အပစ်ရပ်ကြေညာတဲ့ ၂၁ ရက်နေ့ သက်တမ်းထပ်တိုးတာ အဲပေါ်မှာ မူတည်နေတယ်။ အကယ်လို့ ဒီဆွေးနွေးပွဲ ရလဒ်မကောင်းဘူးဆိုရင် အလားအလာက နည်းနည်းလေး စိုးရိမ်ရတယ်။”

ဒါ့အပြင် ၁၇ ရက်နေ့ အစိုးရနဲ့ မြောက်ပိုင်း ၄ ဖွဲ့ ဆွေးနွေးပွဲမှာ အလားအလာကောင်းဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

“ဒီ ၁၇ ရက်နေ့ ဆွေးနွေးပွဲက အလားအလာအများကြီးကောင်းဖို့ လည်းမျှော်လင့်ထားတယ်။ ဖြစ်နိုင်ရင် ပဏာမသဘောတူညီ ချက်ကို ၄ ဖွဲ့လုံးနဲ့ ရေးထိုးနိုင်တဲ့အခြေအနေထိရောက်အောင် သွားဖို့ မျှော်လင့်ထားတယ်။ တပ်မတော်ကိုယ်စားလှယ်နဲ့ ပတ်သက်လို့လည်း ဆွေးနွေးမယ့်အပိုင်းကတော့ ၄ ဖွဲ့လုံးနဲ့ ဆွေးနွေးတာဖြစ်တယ်။ တပ်ကိုလည်း ကျaeာ်တို့ညှိမယ်။ တပ်မတော်အရာရှိကြီးတွေက ဘယ်လို ဆွေးနွေးချင်လဲပေါ့နော်။ များသောအားဖြင့်တော့ ဝိုင်းထဲမှာထိုင်ပြီးတော့ ဆွေးနွေး ဖို့ရှိပါတယ်။”

စက်တင်ဘာလ ၁၇ ရက်နေ့မှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်၊ တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တွေထဲက ကိုးကန့်၊ တီအန်အယ်လ်အေ၊ အေအေ၊ ကေအိုင်အေ တို့ ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက် ဆွေးနွေးပွဲမှာတော့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ရေးအတွက် တပ်မတော်ကိုယ်စားလှယ်တွေနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြတာပါ။

နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးပြီးတဲ့နောက်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) နဲ့ပတ်သက်ပြီးတော့ ဆက်လက် ညှိနှိုင်းသွားဖို့လည်း သဘောတူခဲ့ကြသလို နိုင်ငံထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်နိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆန္ဒ အပြည့်အဝနဲ့ နှစ်ဖက်စလုံးက ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပူးပေါင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်ဟာ လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့အထိ အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားသလို တီအန်အယ်လ်အေ၊ ကိုးကန့်နဲ့ အေအေ  မြောက်ပိုင်း ၃ ဖွဲ့ကလည်း အောက်တိုဘာလ ၈ ရက်နေ့ထိ တဖက်သတ်အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် စက်တင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းကတော့ ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့အနီးမှာ တပ်မတော်နဲ့ တီအန်အယ်လ်အေအဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

က်ိဳင္းတုံေဆြးေႏြးပြဲ ရလဒ္မေကာင္းပါက ေရွ႕အလားအလာ စိုးရိမ္ရဟု ဦးေဇာ္ေဌးေျပာ

ရွမ္းျပည္နယ္ က်ိဳင္းတုံၿမိဳ႕မွာ စက္တင္ဘာ ၁၇ ရက္ေန႔ျပဳလုပ္မယ့္ အစိုးရ၊ တပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕တို႔ ေဆြးေႏြးပြဲမွာ ရလဒ္မေကာင္းပါက ၿငိမ္းခ်မ္းေရးအတြက္ ေရွ႕အလားအလာ စိုးရိမ္ရတယ္လို႔  သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌးက ေျပာၾကားလိုက္ပါတယ္။

စက္တင္ဘာ ၁၃ ရက္ေန႔က သမၼတအိမ္ေတာ္မွာ ပုံမွန္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဦးေဇာ္ေဌးက အခုလို ေျပာတာပါ။

"၁၇ ရက္ေန႔ပြဲမွာ တပ္မေတာ္ဘက္က ဒုတိယဗိုလ္ခ်ဳပ္ႀကီးအဆင့္ေတြလာမယ္၊ NRPC ဒုတိယဥကၠ႒ျဖစ္တဲ့ ျပည္ေထာင္ စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦး ဦးေဆာင္ၿပီးသြားမွာ ျဖစ္တယ္။ ၁၇ ရက္ေန႔ က်ိဳင္းတုံေဆြးေႏြးပြဲကို ေတာ္ေတာ္ေလး အေလးထားတယ္။ ဒါအေရးႀကီးတယ္။ ဒီရလဒ္ေပၚမွာ မူတည္ၿပီးေတာ့ တပ္မေတာ္က တဖက္သတ္အပစ္ရပ္ေၾကညာတဲ့ ၂၁ ရက္ေန႔ သက္တမ္းထပ္တိုးတာ အဲေပၚမွာ မူတည္ေနတယ္။ အကယ္လို႔ ဒီေဆြးေႏြးပြဲ ရလဒ္မေကာင္းဘူးဆိုရင္ အလားအလာက နည္းနည္းေလး စိုးရိမ္ရတယ္။”

ဒါ့အျပင္ ၁၇ ရက္ေန႔ အစိုးရနဲ႔ ေျမာက္ပိုင္း ၄ ဖြဲ႕ ေဆြးေႏြးပြဲမွာ အလားအလာေကာင္းဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ဆိုပါတယ္။

“ဒီ ၁၇ ရက္ေန႔ ေဆြးေႏြးပြဲက အလားအလာအမ်ားႀကီးေကာင္းဖို႔ လည္းေမွ်ာ္လင့္ထားတယ္။ ျဖစ္ႏိုင္ရင္ ပဏာမသေဘာတူညီ ခ်က္ကို ၄ ဖြဲ႕လုံးနဲ႔ ေရးထိုးႏိုင္တဲ့အေျခအေနထိေရာက္ေအာင္ သြားဖို႔ ေမွ်ာ္လင့္ထားတယ္။ တပ္မေတာ္ကိုယ္စားလွယ္နဲ႔ ပတ္သက္လို႔လည္း ေဆြးေႏြးမယ့္အပိုင္းကေတာ့ ၄ ဖြဲ႕လုံးနဲ႔ ေဆြးေႏြးတာျဖစ္တယ္။ တပ္ကိုလည္း က်aeာ္တို႔ညႇိမယ္။ တပ္မေတာ္အရာရွိႀကီးေတြက ဘယ္လို ေဆြးေႏြးခ်င္လဲေပါ့ေနာ္။ မ်ားေသာအားျဖင့္ေတာ့ ဝိုင္းထဲမွာထိုင္ၿပီးေတာ့ ေဆြးေႏြး ဖို႔ရွိပါတယ္။”

စက္တင္ဘာလ ၁၇ ရက္ေန႔မွာ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္၊ တပ္မေတာ္နဲ႔ ေျမာက္ပိုင္းအဖြဲ႕ေတြထဲက ကိုးကန္႔၊ တီအန္အယ္လ္ေအ၊ ေအေအ၊ ေကအိုင္ေအ တို႔ က်ိဳင္းတုံၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးၾကမွာျဖစ္ပါတယ္။

ေျမာက္ပိုင္းမဟာမိတ္တပ္ေတြနဲ႔ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ ၿပီးခဲ့တဲ့ ဩဂုတ္ ၃၁ ရက္ ေဆြးေႏြးပြဲမွာေတာ့ တိုက္ပြဲေတြ အျမန္ဆုံး ရပ္တန႔္ေရးအတြက္ တပ္မေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဆက္လက္ ေတြ႕ဆုံေဆြးေႏြးဖို႔ သေဘာတူခဲ့ၾကတာပါ။

ႏွစ္ဖက္ အပစ္အခတ္ရပ္စဲေရး သေဘာတူ လက္မွတ္ထိုးၿပီးတဲ့ေနာက္မွာ တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (အန္စီေအ) နဲ႔ပတ္သက္ၿပီးေတာ့ ဆက္လက္ ညႇိႏႈိင္းသြားဖို႔လည္း သေဘာတူခဲ့ၾကသလို ႏိုင္ငံထဲမွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြ အျမန္ဆုံး ရပ္တန႔္ႏိုင္ေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးအတြက္ ႏိုင္ငံေရးဆႏၵ အျပည့္အဝနဲ႔ ႏွစ္ဖက္စလုံးက ဆက္ၿပီး ႀကိဳးပမ္းသြားမယ္လို႔ ပူးေပါင္းထုတ္ျပန္ထားပါတယ္။

တပ္မေတာ္ဟာ လာမယ့္ စက္တင္ဘာ ၂၁ ရက္ေန႔အထိ အပစ္ရပ္မယ္လို႔ ထုတ္ျပန္ထားသလို တီအန္အယ္လ္ေအ၊ ကိုးကန႔္နဲ႔ ေအေအ  ေျမာက္ပိုင္း ၃ ဖြဲ႕ကလည္း ေအာက္တိုဘာလ ၈ ရက္ေန႔ထိ တဖက္သတ္အပစ္ရပ္မယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒါေပမယ့္ စက္တင္ဘာ ၁၃ ရက္ေန႔ မနက္ပိုင္းကေတာ့ ရွမ္းျပည္ေျမာက္ပိုင္း ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆန္ၿမိဳ႕အနီးမွာ တပ္မေတာ္နဲ႔ တီအန္အယ္လ္ေအအဖြဲ႕တို႔ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013