DVB Logo
Home
မြန်မာသတင်း
မယ်ဆိုင်တွင် ထိုင်းရဲအရာရှိတဦးထံမှ စိတ်ကြွဆေး ၂ သိန်း ဖမ်းမိ
DVB
·
September 13, 2019
မယ်ဆိုင်တွင် ထိုင်းရဲအရာရှိတဦးထံမှ စိတ်ကြွဆေး ၂ သိန်း ဖမ်းမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့နယ်ထဲမှာ ထိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးကြီး အဆင့်ရှိသူတဦးထံမှ စိတ်ကြွဆေးပြား ၂ သိန်း ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ် ။

ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ပုန်ငမ်းအုပ်စု ဖဟွန်ယိုးထင်းအဝေးပြေးလမ်း မကြီးပေါ်ရှိ ထမ့်ပလာစစ်ဆေး ရေးဂိတ်မှာ စက်တင်ဘာ ၁၁ ရက်နေ့ မနက် ၅ နာရီခွဲလောက်က ယာဉ်အသွားအလာတွေကို တာဝန်ရှိသူတွေမှ စောင့်ကြပ်စစ်ဆေးစဉ် မယ်ဆိုင်- ဘန်ကောက် ခရီးသည်တင်ကားပေါ် စီးနင်းလိုက်ပါလာသူ ရဲအရာရှိထံမှ စိတ်ကြွ ဆေးတွေ ဖမ်းမိခဲ့တာလို့ စစ်ဆေးရေးဂိတ်တာဝန်ကျရဲတပ်ဖွဲ့က သတင်းထောက်ကို ပြောပါတယ် ။

တာဝန်ရှိသူတွေဟာ နခွန်းချိုင်းခရီးသည်တင်ကားရဲ့ အောက်ထပ်ကအထုတ်အပိုးတွေ စစ်ဆေးစဉ် သော့ခတ်ထားတဲ့ မသင်္ကာဘွယ် ခရီးဆောင်သေတ္တာ တလုံးကိုပါတွေ့ရှိကြောင်း၊ သေတ္တာပိုင်ရှင်ကို စစ်ဆေးရာမှာ ထိုင်ခုံအမှတ် အေ- ၁ မှာ စီးနင်းလိုက်ပါသူ ဥထိုင်းဌာနီခရိုင် ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဆုရကျစ် ထာဝုဒ် ဆိုသူရဲ့အိတ်ဖြစ်နေလို့ ဖွင့်ကြည့်ခွင့်တောင်းခဲ့ကြောင်း၊ ဒါပေမယ့် ရဲမှူးကြီးက ကားပေါ်ကဆင်းပြီး ရဲစခန်းအနောက်ဘက်ရှိ တောအုပ်ဘက်ကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

သူ့နောက်ကို တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးရာမှ မြက်ပင်များကြားပုန်း အောင်းနေစဉ် ဖမ်းမိခဲ့ကြောင်း၊ ခရီးဆောင်သေတ္တာကို ဖွင့်ကြည့်ရာမှာတော့ အထဲမှာ ကိုးသုံးလုံးတံဆိပ်ပါ စုစုပေါင်းစိတ်ကြွဆေး အလုံးရေ ၂ သိန်းသယ်ဆောင်လာတာ တွေ့ရတယ်လို့  တာဝန်ရှိ သူက ပြောပါတယ်။

ဒုရဲမှူးကြီး ဆုရကျစ်ကလည်း အဆိုပါဆေးပြားတွေကို ဘန်ကောက်အရောက်ပို့ ဆောင်ပေးဖို့ အခကြေးငွေ ဘတ် ၁ သိန်းနဲ့ အငှါးသယ်ဆောင်ခဲ့တာဖြစ်ကြောင်း၊ ဆေးထုတ်ပိုင်ရှင်ကို မသိရဘဲ လိုင်းပေါ်ကနေ အသိဖြစ်သူ နိုင်းအုပ်ဆိုသူက ဆက်သွယ်လာတာဖြစ်ပြီး အချိန်းအချက်နဲ့ မယ်ဆိုင်မြို့ ဟော်ဆိုင်းရပ်ကွက်ရှိ တနေရာမှာ တစုံတယောက်က လာချထားပေးတာကို သယ်ယူခဲ့တာဖြစ်ကြောင်း ဝန်ခံသွားပါတယ်။

တာဝန်ရှိသူတွေကတော့ ပါဝင်ပတ်သက်သူတွေကို ဆက်လက်ဖော်ထုတ်အရေး ယူသွားမယ်လို့ ပြောကြောင်း သတင်းမှာဖော်ပြသွားပါတယ်။

============================

မယ္ဆိုင္တြင္ ထိုင္းရဲအရာရွိတဦးထံမွ စိတ္ႂကြေဆး ၂ သိန္း ဖမ္းမိ

ဒီဗြီဘီ

ထိုင္း-ျမန္မာနယ္စပ္ မယ္ဆိုင္ၿမိဳ႕နယ္ထဲမွာ ထိုင္းရဲတပ္ဖြဲ႕ ဒုရဲမႉးႀကီး အဆင့္ရွိသူတဦးထံမွ စိတ္ႂကြေဆးျပား ၂ သိန္း ဖမ္းဆီးရမိတယ္လို႔ ထိုင္းရတ္သတင္းမွာ ေဖာ္ျပပါတယ္ ။

ခ်င္း႐ိုင္းခ႐ိုင္ မယ္ဆိုင္ၿမိဳ႕နယ္ ပုန္ငမ္းအုပ္စု ဖဟြန္ယိုးထင္းအေဝးေျပးလမ္း မႀကီးေပၚရွိ ထမ့္ပလာစစ္ေဆး ေရးဂိတ္မွာ စက္တင္ဘာ ၁၁ ရက္ေန႔ မနက္ ၅ နာရီခြဲေလာက္က ယာဥ္အသြားအလာေတြကို တာဝန္ရွိသူေတြမွ ေစာင့္ၾကပ္စစ္ေဆးစဥ္ မယ္ဆိုင္- ဘန္ေကာက္ ခရီးသည္တင္ကားေပၚ စီးနင္းလိုက္ပါလာသူ ရဲအရာရွိထံမွ စိတ္ႂကြ ေဆးေတြ ဖမ္းမိခဲ့တာလို႔ စစ္ေဆးေရးဂိတ္တာဝန္က်ရဲတပ္ဖြဲ႕က သတင္းေထာက္ကို ေျပာပါတယ္ ။

တာဝန္ရွိသူေတြဟာ နခြန္းခ်ိဳင္းခရီးသည္တင္ကားရဲ႕ ေအာက္ထပ္ကအထုတ္အပိုးေတြ စစ္ေဆးစဥ္ ေသာ့ခတ္ထားတဲ့ မသကၤာဘြယ္ ခရီးေဆာင္ေသတၱာ တလုံးကိုပါေတြ႕ရွိေၾကာင္း၊ ေသတၱာပိုင္ရွင္ကို စစ္ေဆးရာမွာ ထိုင္ခုံအမွတ္ ေအ- ၁ မွာ စီးနင္းလိုက္ပါသူ ဥထိုင္းဌာနီခ႐ိုင္ ရာဇဝတ္မႈႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ဒုရဲမႉးႀကီး ဆုရက်စ္ ထာဝုဒ္ ဆိုသူရဲ႕အိတ္ျဖစ္ေနလို႔ ဖြင့္ၾကည့္ခြင့္ေတာင္းခဲ့ေၾကာင္း၊ ဒါေပမယ့္ ရဲမႉးႀကီးက ကားေပၚကဆင္းၿပီး ရဲစခန္းအေနာက္ဘက္ရွိ ေတာအုပ္ဘက္ကို ထြက္ေျပးသြားတယ္လို႔ ဆိုပါတယ္။

သူ႔ေနာက္ကို တာဝန္ရွိသူေတြက လိုက္လံဖမ္းဆီးရာမွ ျမက္ပင္မ်ားၾကားပုန္း ေအာင္းေနစဥ္ ဖမ္းမိခဲ့ေၾကာင္း၊ ခရီးေဆာင္ေသတၱာကို ဖြင့္ၾကည့္ရာမွာေတာ့ အထဲမွာ ကိုးသုံးလုံးတံဆိပ္ပါ စုစုေပါင္းစိတ္ႂကြေဆး အလုံးေရ ၂ သိန္းသယ္ေဆာင္လာတာ ေတြ႕ရတယ္လို႔  တာဝန္ရွိ သူက ေျပာပါတယ္။

ဒုရဲမႉးႀကီး ဆုရက်စ္ကလည္း အဆိုပါေဆးျပားေတြကို ဘန္ေကာက္အေရာက္ပို႔ ေဆာင္ေပးဖို႔ အခေၾကးေငြ ဘတ္ ၁ သိန္းနဲ႔ အငွါးသယ္ေဆာင္ခဲ့တာျဖစ္ေၾကာင္း၊ ေဆးထုတ္ပိုင္ရွင္ကို မသိရဘဲ လိုင္းေပၚကေန အသိျဖစ္သူ ႏိုင္းအုပ္ဆိုသူက ဆက္သြယ္လာတာျဖစ္ၿပီး အခ်ိန္းအခ်က္နဲ႔ မယ္ဆိုင္ၿမိဳ႕ ေဟာ္ဆိုင္းရပ္ကြက္ရွိ တေနရာမွာ တစုံတေယာက္က လာခ်ထားေပးတာကို သယ္ယူခဲ့တာျဖစ္ေၾကာင္း ဝန္ခံသြားပါတယ္။

တာဝန္ရွိသူေတြကေတာ့ ပါဝင္ပတ္သက္သူေတြကို ဆက္လက္ေဖာ္ထုတ္အေရး ယူသြားမယ္လို႔ ေျပာေၾကာင္း သတင္းမွာေဖာ္ျပသြားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013