DVB Logo
Home
မြန်မာသတင်း
မော်လမြိုင် ကျောက်မီးသွေးရုံ ငါး၊ ပုစွန်ဈေးတွင် ဖော်မလင်သုံး ငါးနှပ်များတွေ့ရှိ၊ ထပ်မံသုံးစွဲပါက အရေးယူမည်
DVB
·
September 11, 2019
မော်လမြိုင် ကျောက်မီးသွေးရုံ ငါး၊ ပုစွန်ဈေးတွင် ဖော်မလင်သုံး ငါးနှပ်များတွေ့ရှိ၊ ထပ်မံသုံးစွဲပါက အရေးယူမည်
Donate to DVB

မော်လမြိုင် ကျောက်မီးသွေးရုံ ငါး၊ ပုစွန်ဈေးမှာ ကင်ဆာ ဖြစ်စေနိုင်တဲ့ တာရှည်ခံ ဖော်မလင် သုံးစွဲထားတဲ့ ငါးနှပ်တွေကို FDA က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒီငါး၊ ပုစွန်ဈေးမှာ တာရှည်ခံပစ္စည်း ဖော်မလင်တွေ သုံးစွဲနေတယ်လို့ သတင်းပေး တိုင်ကြားချက်အရ စက်တင်ဘာ ၉ ရက်နေ့က ရှောင်တခင် သွားရောက် စစ်ဆေးခဲ့တာပါ။ 

အခုလို စစ်ဆေးရာမှာတော့ ငါး၊ ပုစွန်ဒိုင် ၄ ဒိုင်မှာ တာရှည်ခံ ဖော်မလင် သုံးစွဲထားတဲ့ ငါးနှပ် ပိဿာချိန် ၁၈၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ မွန်ပြည်နယ် FDA ပြည်နယ်ဦးစီးမှူး  ဒေါက်တာစိုးနိုင်က ပြောပါတယ်။

တာရှည်ခံ ဖော်မလင် သုံးစွဲထားတာတွေကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက်ကြောင့် ငါးဒိုင် ၄ ဒိုင်ကို စီမံခန့်ခွဲမှု နည်းလမ်းအရ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။  စစ်ဆေးတွေ့ရှိတဲ့ ငါးတွေကိုတော့ မော်လမြိုင် မုရောင်း အမှိုက်ပုံမှာ ဖျက်ဆီးခဲ့ပါတယ်။ 

အခုလို လက်မှတ်ရေးထိုးထားတဲ့ ငါးဒိုင်တွေအနေနဲ့ နောက်တကြိမ် ဖော်မလင် သုံးစွဲထားကြောင်း ထပ်မံစိစစ်တွေ့ရှိရင် အမျိုးသားအစားအသောက် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဒေါက်တာစိုးနိုင်က ဆိုပါတယ်။

အခုအခါမှာတော့ ငါးနှပ်တွေမှာ တာရှည်ခံပစ္စည်း ဖော်မလင် သုံးစွဲထားတဲ့ အခြေအနေတွေကို ပင်ရင်းအထိ လိုက်လံစစ်ဆေးသွားဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ခံဝန်ကတိ လက်မှတ်ထိုးခဲ့ရတဲ့ ငါးဒိုင် လုပ်ငန်းရှင် ကိုအောင်က ငါးတွေ တာရှည်ခံအောင် ရေခဲတွေကိုသာ အဓိက အသုံးပြုနေတာဖြစ်လို့ အချိန်မရွေး လာရောက် စစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။ 

တာရှည်ခံပစ္စည်း ဖော်မလင် သုံးစွဲထားတဲ့ အစားအစာတွေကို ရေရှည်စားသုံးမိရင် အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါတွေအပြင် မျက်စိရောင်ရမ်းတာတွေ၊ အစာအိမ်ဆိုင်ရာ ရောဂါတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဖော်မလင်ကိုတော့ အန္တရာယ်ရှိတဲ့ ဓာတုဆေးဝါးအဖြစ် FDA က သတ်မှတ်ထားတာပါ။

မွန်ပြည်နယ်မှာတော့ ငါးနှပ်တွေကို သံဖြူဇရပ်၊ ပေါင်၊ ရေးမြို့နယ်တို့က အဓိက ထွက်ရှိပါတယ်။

ဇော်လွင်ထွဋ်

~~~~~~~~~~~~~~~~~~~

Zawgyi_version

ေမာ္လၿမိဳင္ ေက်ာက္မီးေသြး႐ုံ ငါး၊ ပုစြန္ေဈးတြင္ ေဖာ္မလင္သုံး ငါးႏွပ္မ်ားေတြ႕ရွိ၊ ထပ္မံသုံးစြဲပါက အေရးယူမည္

ေမာ္လၿမိဳင္ ေက်ာက္မီးေသြး႐ုံ ငါး၊ ပုစြန္ေဈးမွာ ကင္ဆာ ျဖစ္ေစႏိုင္တဲ့ တာရွည္ခံ ေဖာ္မလင္ သုံးစြဲထားတဲ့ ငါးႏွပ္ေတြကို FDA က စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

ဒီငါးပုစြန္ေဈးမွာ တာရွည္ခံပစၥည္း ေဖာ္မလင္ေတြ သုံးစြဲေနတယ္လို႔ သတင္းေပး တိုင္ၾကားခ်က္အရ စက္တင္ဘာ ၉ ရက္ေန႔က ေရွာင္တခင္ သြားေရာက္ စစ္ေဆးခဲ့တာပါ။

အခုလို စစ္ေဆးရာမွာေတာ့ ငါး၊ ပုစြန္ဒိုင္ ၄ ဒိုင္မွာ တာရွည္ခံ ေဖာ္မလင္ သုံးစြဲထားတဲ့ ငါးႏွပ္ ပိႆာခ်ိန္ ၁၈၀ ေက်ာ္ကို စစ္ေဆးေတြ႕ရွိခဲ့တာ ျဖစ္တယ္လို႔ မြန္ျပည္နယ္ FDA ျပည္နယ္ဦးစီးမႉး  ေဒါက္တာစိုးႏိုင္က ေျပာပါတယ္။

တာရွည္ခံ ေဖာ္မလင္ သုံးစြဲထားတာေတြကို စစ္ေဆးေတြ႕ရွိခဲ့တဲ့အတြက္ေၾကာင့္ ငါးဒိုင္ ၄ ဒိုင္ကို စီမံခန႔္ခြဲမႈ နည္းလမ္းအရ ခံဝန္ကတိ လက္မွတ္ထိုးခိုင္းခဲ့ပါတယ္။  စစ္ေဆးေတြ႕ရွိတဲ့ ငါးေတြကိုေတာ့ ေမာ္လၿမိဳင္ မုေရာင္း အမႈိက္ပုံမွာ ဖ်က္ဆီးခဲ့ပါတယ္။

အခုလို လက္မွတ္ေရးထိုးထားတဲ့ ငါးဒိုင္ေတြအေနနဲ႔ ေနာက္တႀကိမ္ ေဖာ္မလင္ သုံးစြဲထားေၾကာင္း ထပ္မံစိစစ္ေတြ႕ရွိရင္ အမ်ိဳးသားအစားအေသာက္ ဥပေဒအရ အေရးယူ ေဆာင္႐ြက္သြားမယ္လို႔ ေဒါက္တာစိုးႏိုင္က ဆိုပါတယ္။

အခုအခါမွာေတာ့ ငါးႏွပ္ေတြမွာ တာရွည္ခံပစၥည္း ေဖာ္မလင္ သုံးစြဲထားတဲ့ အေျခအေနေတြကို ပင္ရင္းအထိ လိုက္လံစစ္ေဆးသြားဖို႔ လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။

ခံဝန္ကတိ လက္မွတ္ထိုးခဲ့ရတဲ့ ငါးဒိုင္ လုပ္ငန္းရွင္ ကိုေအာင္က ငါးေတြ တာရွည္ခံေအာင္ ေရခဲေတြကိုသာ အဓိက အသုံးျပဳေနတာျဖစ္လို႔ အခ်ိန္မေ႐ြး လာေရာက္ စစ္ေဆးႏိုင္တယ္လို႔ ဆိုပါတယ္။

တာရွည္ခံပစၥည္း ေဖာ္မလင္ သုံးစြဲထားတဲ့ အစားအစာေတြကို ေရရွည္စားသုံးမိရင္ အူလမ္းေၾကာင္းဆိုင္ရာ ကင္ဆာေရာဂါေတြအျပင္ မ်က္စိေရာင္ရမ္းတာေတြ၊ အစာအိမ္ဆိုင္ရာ ေရာဂါေတြလည္း ျဖစ္ေစႏိုင္ပါတယ္။ ေဖာ္မလင္ကိုေတာ့ အႏၲရာယ္ရွိတဲ့ ဓာတုေဆးဝါးအျဖစ္ FDA က သတ္မွတ္ထားတာပါ။

မြန္ျပည္နယ္မွာေတာ့ ငါးႏွပ္ေတြကို သံျဖဴဇရပ္၊ ေပါင္၊ ေရးၿမိဳ႕နယ္တို႔က အဓိက ထြက္ရွိပါတယ္။

ေဇာ္လြင္ထြဋ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013