DVB Logo
Home
မြန်မာသတင်း
ဒဂုံမြို့သစ် စက်မှုဇုန် ၁ မီးလောင်မှုကြောင့် ၁၇ ဦး ဒဏ်ရာရရှိ
DVB
·
September 11, 2019
ဒဂုံမြို့သစ် စက်မှုဇုန် ၁ မီးလောင်မှုကြောင့် ၁၇ ဦး ဒဏ်ရာရရှိ
1 / 3
Donate to DVB

မနေ့ညက ရန်ကုန်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ စက်မှုဇုန် ၁ ဖယောင်းစက်ရုံမီးလောင်တာမှာ မီးသတ်တပ်ဖွဲ့ဝင်နဲ့ အရပ်သား ၁၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ကွမ်းအပ်သားမင်းသားလမ်းက ဇာမဏီ ဖယောင်းသိုလှောင်ရုံမှာ မီးလောင်ခဲ့တာဖြစ်ပြီး မီးသတ် Level 4 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရပါတယ်။

မီးလောင်ရာမှာ ပါဝင်ငြှိမ်းသတ်ခဲ့တဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀ ယောက်၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၂ ယောက်နဲ့ အရပ်သား ၅ ယောက်တို့ ဒဏ်ရာရခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံနဲ့ ၁၆၈ ဒဂုံမြို့သစ် (ဆိပ်ကမ်း)ဆေးရုံတို့မှာ ဆေးကုသနေပါတယ်။

Level 4 ဖြစ်တာကြောင့် ရန်ကုန်တိုင်းထဲက မီးသတ်စခန်းတွေကနေ မီးငြှိမ်းသတ်ယာဉ် ၄၉ စီး၊ မီးသတ်ရေသယ်ယာဉ် ၂၁ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊  မီးသတ်အထောက်ကူပြုယာဉ် ၂၁ စီးနဲ့ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၅၉၇ ယောက်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၂၃ ယောက်တို့ပါဝင် ငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ Foam အမြှုပ်ဆေးရည် ၆၉၇ ဂါလန်နဲ့ ရေဂါလန် ၂ သိန်းခွဲ သုံးခဲ့ရပြီး မီးလောင်တာကြောင့် ပျက်စီးဆုံးရှုံးတန်ဖိုးကိုတော့ မသိရသေးပါဘူး။ 

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဒဂုံၿမိဳ႕သစ္ စက္မႈဇုန္ ၁ မီးေလာင္မႈေၾကာင့္ ၁၇ ဦး ဒဏ္ရာရရွိ

မေန႔ညက ရန္ကုန္၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း)ၿမိဳ႕နယ္၊ စက္မႈဇုန္ ၁ ဖေယာင္းစက္႐ုံမီးေလာင္တာမွာ မီးသတ္တပ္ဖြဲ႕ဝင္နဲ႔ အရပ္သား ၁၇ ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။

ကြမ္းအပ္သားမင္းသားလမ္းက ဇာမဏီ ဖေယာင္းသိုေလွာင္႐ုံမွာ မီးေလာင္ခဲ့တာျဖစ္ၿပီး မီးသတ္ Level 4 အဆင့္နဲ႔ ျငႇိမ္းသတ္ခဲ့ရပါတယ္။

မီးေလာင္ရာမွာ ပါဝင္ျငႇိမ္းသတ္ခဲ့တဲ့ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ ၁၀ ေယာက္၊ အရန္မီးသတ္ တပ္ဖြဲ႕ဝင္ ၂ ေယာက္နဲ႔ အရပ္သား ၅ ေယာက္တို႔ ဒဏ္ရာရခဲ့ၿပီး သဃၤန္းကြၽန္းစံျပေဆး႐ုံနဲ႔ ၁၆၈ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း)ေဆး႐ုံတို႔မွာ ေဆးကုသေနပါတယ္။

Level 4 ျဖစ္တာေၾကာင့္ ရန္ကုန္တိုင္းထဲက မီးသတ္စခန္းေတြကေန မီးျငႇိမ္းသတ္ယာဥ္ ၄၉ စီး၊ မီးသတ္ေရသယ္ယာဥ္ ၂၁ စီး၊ မီးသတ္စက္ယာဥ္ ၁ စီး၊  မီးသတ္အေထာက္ကူျပဳယာဥ္ ၂၁ စီးနဲ႔ သေႏၶမီးသတ္ တပ္ဖြဲ႕ဝင္ ၅၉၇ ေယာက္၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္ ၂၂၃ ေယာက္တို႔ပါဝင္ ျငႇိမ္းသတ္ခဲ့တယ္လို႔ ဆိုပါတယ္။

ၿပီးေတာ့ Foam အျမႇဳပ္ေဆးရည္ ၆၉၇ ဂါလန္နဲ႔ ေရဂါလန္ ၂ သိန္းခြဲ သုံးခဲ့ရၿပီး မီးေလာင္တာေၾကာင့္ ပ်က္စီးဆုံးရႈံးတန္ဖိုးကိုေတာ့ မသိရေသးပါဘူး။

ဓာတ္ပုံ - ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013