DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်၍ ၁ ဦး သေဆုံး ၃၅ ဦး ဒဏ်ရာရ၊ ယာဉ်မောင်း ထွက်ပြေး
DVB
·
September 11, 2019
မြဝတီတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်၍ ၁ ဦး သေဆုံး ၃၅ ဦး ဒဏ်ရာရ၊ ယာဉ်မောင်း ထွက်ပြေး
Donate to DVB

မြဝတီမြို့နယ်မှာ မနေ့က ခရီးသည်တင်ယာဉ်တစီး တိမ်းမှောက်ခဲ့တာကြောင့် ၁ ဦး သေဆုံး၊ ၃၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက မြဝတီမြို့နယ်၊ မြဝတီ-ကော့ကရိတ်သွား အာရှကားလမ်း မိုင်တိုင် ၁၅၈ နဲ့ ၁၅၉ ကြား ကွမ်းသီးခြံကုန်းအဆင်းမှာ ဦးတင်မြင့် မောင်းနှင်ပြီး ၄၀ ဦး (ကျား ၇၊ မ ၃၃) လိုက်ပါလာတဲ့ ရွှေပြည်ဦးခရီးသည်တင်မှန်လုံယာဉ်ဟာ ဘရိတ်ပေါက်ကာ လမ်းယာဘက်ခြမ်းကို တိမ်းမှောက်သွားခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ဒေါ်မူဒါး ၄၄ နှစ် ဒဏ်ရာတွေနဲ့  သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၅ ဦးထဲက ၁ ဦး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးသွားတဲ့ ယာဉ်မောင်း တင်မြင့်အား သင်္ဃန်းညီနောင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉/၂၀၂ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန်နာကျင်စေမှု/ယာဉ်မဆင်မခြင်မောင်းနှင်မှု/သတင်းပေးရန်ပျက်ကွက်မှု) နဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~

Zawgyi_version

ျမဝတီတြင္ ခရီးသည္တင္ယာဥ္ တိမ္းေမွာက္၍ ၁ ဦး ေသဆုံး ၃၅ ဦး ဒဏ္ရာရ၊ ယာဥ္ေမာင္း ထြက္ေျပး

ျမဝတီၿမိဳ႕နယ္မွာ မေန႔က ခရီးသည္တင္ယာဥ္တစီး တိမ္းေမွာက္ခဲ့တာေၾကာင့္ ၁ ဦး ေသဆုံး၊ ၃၅ ဦး ဒဏ္ရာရရွိခဲ့ၿပီး ယာဥ္ေမာင္းမွာ ထြက္ေျပးသြားခဲ့တယ္လို႔ သိရပါတယ္။

စက္တင္ဘာလ ၁၀ ရက္ေန႔ မြန္းလြဲပိုင္းက ျမဝတီၿမိဳ႕နယ္၊ ျမဝတီ-ေကာ့ကရိတ္သြား အာရွကားလမ္း မိုင္တိုင္ ၁၅၈ နဲ႔ ၁၅၉ ၾကား ကြမ္းသီးၿခံကုန္းအဆင္းမွာ ဦးတင္ျမင့္ ေမာင္းႏွင္ၿပီး ၄၀ ဦး (က်ား ၇၊ မ ၃၃) လိုက္ပါလာတဲ့ ေ႐ႊျပည္ဦးခရီးသည္တင္မွန္လုံယာဥ္ဟာ ဘရိတ္ေပါက္ကာ လမ္းယာဘက္ျခမ္းကို တိမ္းေမွာက္သြားခဲ့တာလို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပထားပါတယ္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚပါခရီးသည္ ေဒၚမူဒါး ၄၄ ႏွစ္ ဒဏ္ရာေတြနဲ႔  ေသဆုံးခဲ့ၿပီး ဒဏ္ရာရသူ ၃၅ ဦးထဲက ၁ ဦး စိုးရိမ္ရတယ္လို႔ ဆိုပါတယ္။

ထြက္ေျပးသြားတဲ့ ယာဥ္ေမာင္း တင္ျမင့္အား သဃၤန္းညီေနာင္နယ္ေျမရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉/၂၀၂ (ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ/ျပင္းထန္/ သာမန္နာက်င္ေစမႈ/ယာဥ္မဆင္မျခင္ေမာင္းႏွင္မႈ/သတင္းေပးရန္ပ်က္ကြက္မႈ) နဲ႔ အမႈဖြင့္ စုံစမ္းေနတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013