DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် ထိုင်းမှတ်ပုံတင်ကိုင် စိတ်ကြွဆေးသယ်သူ မြန်မာအမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ 
DVB
·
September 11, 2019
မဲဆောက်တွင် ထိုင်းမှတ်ပုံတင်ကိုင် စိတ်ကြွဆေးသယ်သူ မြန်မာအမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ မနေ့က ထိုင်းမှတ်ပုံတင် ကိုင်ဆောင်ပြီး စိတ်ကြွဆေးပြား သယ်ဆောင်လာသူ မြန်မာအမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိတယ်လို့ 77kaoded  ထိုင်းသတင်းမှာ ဖော်ပြပါတယ် ။ 

တာ့ခ်ခရိုင် အမှတ်-၁၄ ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်၊ ရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာ ၁၀ ရက်က မဲဆောက်မြို့နယ် မယ်ပကျေးရွာအုပ်စု ဘန့်ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ်အနီးမှာ ဖြတ်သန်းသွားလာနေတဲ့ မော်တော်ကားတွေကို တာဝန်အရ စစ်ဆေးစဉ် မဲဆောက်-တာ့ခ်သွား လိုင်းကားတစီးပေါ်ကနေ စိတ်ကြွဆေး သယ်လာတဲ့ မြန်မာအမျိုးသမီးကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက ခရီးသည်မှတ်ပုံတင်တွေ စစ်ဆေးစဉ် အသက် ၃၆ နှစ်ရွယ်ရှိ နော်မူး အမည်ရှိ အမျိုးသမီးမှာ ကိုင်ဆောင်သော မှတ်ပုံတင်ထဲက ဓာတ်ပုံနဲ့ အပြင်ကရုပ် မတူညီတာကြောင့် သူမအား ကားပေါ်ကနေ ဆင်းခိုင်းပြီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ သူမဟာ တပါးသူရဲ့ ထိုင်းနိုင်ငံသားမှတ်ပုံတင်ကို ငှားရမ်းကိုင်ဆောင်တဲ့အပြင် ခန္ဓာကိုယ်အနှံ့ ဆက်လက်စစ်ဆေးရှာဖွေရာမှာတော့  ခါးတဝိုက်မှာ ထူထဲတဲ့ ခါးပတ်ပြားပတ်ထားပြီး အပေါ်က သားရေခါးပတ်နဲ့ ထပ်မံစည်းနှောင်ထားကြောင်း၊ ခါးပတ်ကို ‌ဖြေခိုင်းလိုက်ရာမှာတော့ အထဲမှာ ဗလျူဝိုင်တံဆိပ် လိမ္မော်ရောင် စိတ်ကြွဆေးပြားတွေ စီရီထည့်လာတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ 

သူ သယ်ဆောင်ခဲ့တဲ့ စိတ်ကြွဆေးပြားစုစုပေါင်း ၃၈၀၀ ရှိပြီး သူဟာ ‌ဆေးပြားတွေကို မြဝတီဘက်ကမ်းရှိ မြန်မာ ၁ ဦးထံမှ  ရယူခဲ့ကာ ဘန်ကောက်ကို ပို့ဆောင်ပေးဖို့ ဘတ် ၁ သောင်းနဲ့ အငှားသယ်ဆောင်ပေးကြောင်း၊ ယခင်ကလည်း ၁ ကြိမ် သယ်ပေးခဲ့ဖူးလို့ ဒါဟာ ဒုတိယအကြိမ် သယ်ဆောင်တာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူ့ကို စာရွက်စာတမ်းအတုကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုတွေနဲ့ အရေးယူဖို့ မဲဆောက်မြို့နယ်ရဲစခန်းကို ပို့ဆောင်လိုက်ပါတယ်။

~~~~~~~~~~~~~~~~~

Zawgyi_version

မဲေဆာက္တြင္ ထိုင္းမွတ္ပုံတင္ကိုင္ စိတ္ႂကြေဆးသယ္သူ ျမန္မာအမ်ိဳးသမီး ၁ ဦး ဖမ္းဆီးခံရ 

ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ိုင္ မဲေဆာက္ၿမိဳ႕နယ္ထဲမွာ မေန႔က ထိုင္းမွတ္ပုံတင္ ကိုင္ေဆာင္ၿပီး စိတ္ႂကြေဆးျပား သယ္ေဆာင္လာသူ ျမန္မာအမ်ိဳးသမီး ၁ ဦးကို ဖမ္းဆီးရမိတယ္လို႔ 77kaoded  ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္ ။

တာ့ခ္ခ႐ိုင္ အမွတ္-၁၄ ေျခလ်င္တပ္ရင္းမွ တပ္ဖြဲ႕ဝင္၊ ရာဇဝတ္မႈႏွိမ္နင္းေရး ရဲတပ္ဖြဲ႕နဲ႔ ျပည္သူ႔စစ္ေတြ ပါဝင္တဲ့ ပူးေပါင္းအဖြဲ႕ဟာ စက္တင္ဘာ ၁၀ ရက္က မဲေဆာက္ၿမိဳ႕နယ္ မယ္ပေက်း႐ြာအုပ္စု ဘန႔္ေဟြ႕ဟင္ဖြန္ စစ္ေဆးေရးဂိတ္အနီးမွာ ျဖတ္သန္းသြားလာေနတဲ့ ေမာ္ေတာ္ကားေတြကို တာဝန္အရ စစ္ေဆးစဥ္ မဲေဆာက္-တာ့ခ္သြား လိုင္းကားတစီးေပၚကေန စိတ္ႂကြေဆး သယ္လာတဲ့ ျမန္မာအမ်ိဳးသမီးကို ဖမ္းဆီးရမိတာလို႔ ဆိုပါတယ္။

တာဝန္ရွိသူေတြက ခရီးသည္မွတ္ပုံတင္ေတြ စစ္ေဆးစဥ္ အသက္ ၃၆ ႏွစ္႐ြယ္ရွိ ေနာ္မူး အမည္ရွိ အမ်ိဳးသမီးမွာ ကိုင္ေဆာင္ေသာ မွတ္ပုံတင္ထဲက ဓာတ္ပုံနဲ႔ အျပင္က႐ုပ္ မတူညီတာေၾကာင့္ သူမအား ကားေပၚကေန ဆင္းခိုင္းၿပီး စစ္ေဆးခဲ့တယ္လို႔ ဆိုပါတယ္။

စစ္ေဆးခ်က္အရ သူမဟာ တပါးသူရဲ႕ ထိုင္းႏိုင္ငံသားမွတ္ပုံတင္ကို ငွားရမ္းကိုင္ေဆာင္တဲ့အျပင္ ခႏၶာကိုယ္အႏွံ႔ ဆက္လက္စစ္ေဆးရွာေဖြရာမွာေတာ့  ခါးတဝိုက္မွာ ထူထဲတဲ့ ခါးပတ္ျပားပတ္ထားၿပီး အေပၚက သားေရခါးပတ္နဲ႔ ထပ္မံစည္းေႏွာင္ထားေၾကာင္း၊ ခါးပတ္ကို ‌ေျဖခိုင္းလိုက္ရာမွာေတာ့ အထဲမွာ ဗလ်ဴဝိုင္တံဆိပ္ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပားေတြ စီရီထည့္လာတာ ေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။

သူ သယ္ေဆာင္ခဲ့တဲ့ စိတ္ႂကြေဆးျပားစုစုေပါင္း ၃၈၀၀ ရွိၿပီး သူဟာ ‌ေဆးျပားေတြကို ျမဝတီဘက္ကမ္းရွိ ျမန္မာ ၁ ဦးထံမွ  ရယူခဲ့ကာ ဘန္ေကာက္ကို ပို႔ေဆာင္ေပးဖို႔ ဘတ္ ၁ ေသာင္းနဲ႔ အငွားသယ္ေဆာင္ေပးေၾကာင္း၊ ယခင္ကလည္း ၁ ႀကိမ္ သယ္ေပးခဲ့ဖူးလို႔ ဒါဟာ ဒုတိယအႀကိမ္ သယ္ေဆာင္တာလို႔ ဆိုပါတယ္။

တာဝန္ရွိသူေတြက သူ႔ကို စာ႐ြက္စာတမ္းအတုကိုင္ေဆာင္မႈ၊ မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိမႈေတြနဲ႔ အေရးယူဖို႔ မဲေဆာက္ၿမိဳ႕နယ္ရဲစခန္းကို ပို႔ေဆာင္လိုက္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013