DVB Logo
Home
မြန်မာသတင်း
ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်တွင် ဖယောင်းစက်ရုံ ၂ ရုံ မီးလောင်၊ ၅ ဦး ဒဏ်ရာရ
DVB
·
September 11, 2019
ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်တွင် ဖယောင်းစက်ရုံ ၂ ရုံ မီးလောင်၊ ၅ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် ၁ မှာ လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် ဖယောင်းစက်ရုံ ၂ ရုံ ပျက်စီးဆုံးရှုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ မီးငြှိမ်းသတ်ခဲ့တဲ့ တောင်ဒဂုံမီးသတ်တပ်ဖွဲ့ အရန်တပ်ခွဲမှူး ဦးစံသိန်းက ပြောပါတယ်။

အဲဒီမီးဟာ သြဂုတ် ၁၀ ရက်နေ့ ညနေ ၆ နာရီကတည်းက စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်ကား အဝင်အထွက် ခက်ခဲတဲ့ ပြဿနာကြောင့် ည ၁၀ နာရီခွဲအချိန်လောက်မှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“အထဲကို ဝင်လို့မရတဲ့အခါကျတော့ ရေသယ်ရတာ ခက်တယ်။ မီးဖြန်းရတာ ခက်တယ်၊ ‌နောက်တခါ ဖယောင်းစက်ရုံ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဖယောင်းအရည်ပျော်ပြီးတော့ တော်တော်အန္တရယ်များများနဲ့လုပ်ရတာပါ။ လမ်းမှာ တွေ့တဲ့အတိုင်းပဲ မီးသတ်ကား အများကြီးက လိုသလောက် ဝင်လို့မရဘူး ဖြစ်နေတယ်” လို့ အရန်တပ်ခွဲမှူး ဦးစံသိန်းက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို ရန်ကုန်တိုင်းတတိုင်းလုံးက ကြက်ခြေနီတပ်ဖွဲ့ဝင် ၁၅၀ ကျော် လာရောက်ကူညီနေပြီး ရှေးဦးသူနာပြုစုနည်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်က ဆိုပါတယ်။

ဖယောင်းအရည်ပျော်ကျပြီး ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ဟာ ည ၉ နာရီဝန်းကျင် မေးမြန်းချက်ရ ၅ ဦးလောက် ရှိနေပြီး အသေအပျောက် မရှိဘူးလို့ ဦးဇော်မျိုးထိုက်က ဆိုပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတော့ ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် ၁ မှာ လောင်တဲ့မီးကို ညနေ ၇ နာရီလောက် စတင်သိရှိပြီး Level 2 အဆင့်ရှိတဲ့ မီးသတ်ယာဉ်တွေ စတင်စေလွှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ညနေ ၇ နာရီခွဲမှာတော့ Level 3 အဆင့် စေလွှတ်ခဲ့သလို ည ၇ နာရီ ၅၀ မိနစ်မှာတော့ Level 4 အဆင့်မီးသတ်ယာဉ်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ည ၁၀ နာရီ ၃၅ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ စက္မႈဇုန္တြင္ ဖေယာင္းစက္႐ုံ ၂ ႐ုံ မီးေလာင္၊ ၅ ဦး ဒဏ္ရာရ

ရန္ကုန္တိုင္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ စက္မႈဇုန္ ၁ မွာ ေလာင္ကြၽမ္းခဲ့တဲ့ မီးေၾကာင့္ ဖေယာင္းစက္႐ုံ ၂ ႐ုံ ပ်က္စီးဆုံးရႈံးခဲ့ၿပီး ၅ ဦး ဒဏ္ရာရခဲ့တယ္လို႔ မီးျငႇိမ္းသတ္ခဲ့တဲ့ ေတာင္ဒဂုံမီးသတ္တပ္ဖြဲ႕ အရန္တပ္ခြဲမႉး ဦးစံသိန္းက ေျပာပါတယ္။

အဲဒီမီးဟာ ၾသဂုတ္ ၁၀ ရက္ေန႔ ညေန ၆ နာရီကတည္းက စတင္ေလာင္ကြၽမ္းခဲ့တာျဖစ္ၿပီး မီးသတ္ကား အဝင္အထြက္ ခက္ခဲတဲ့ ျပႆနာေၾကာင့္ ည ၁၀ နာရီခြဲအခ်ိန္ေလာက္မွ မီးျငႇိမ္းသတ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

“အထဲကို ဝင္လို႔မရတဲ့အခါက်ေတာ့ ေရသယ္ရတာ ခက္တယ္။ မီးျဖန္းရတာ ခက္တယ္၊ ‌ေနာက္တခါ ဖေယာင္းစက္႐ုံ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ဖေယာင္းအရည္ေပ်ာ္ၿပီးေတာ့ ေတာ္ေတာ္အႏၲရယ္မ်ားမ်ားနဲ႔လုပ္ရတာပါ။ လမ္းမွာ ေတြ႕တဲ့အတိုင္းပဲ မီးသတ္ကား အမ်ားႀကီးက လိုသေလာက္ ဝင္လို႔မရဘူး ျဖစ္ေနတယ္” လို႔ အရန္တပ္ခြဲမႉး ဦးစံသိန္းက ေျပာပါတယ္။

မီးေလာင္မႈျဖစ္ပြားရာကို ရန္ကုန္တိုင္းတတိုင္းလုံးက ၾကက္ေျခနီတပ္ဖြဲ႕ဝင္ ၁၅၀ ေက်ာ္ လာေရာက္ကူညီေနၿပီး ေရွးဦးသူနာျပဳစုနည္းနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ေဆာင္႐ြက္ေပးေနတယ္လို႔ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ၿမိဳ႕နယ္ၾကက္ေျခနီတပ္ဖြဲ႕မႉး ဦးေဇာ္မ်ိဳးထိုက္က ဆိုပါတယ္။

ဖေယာင္းအရည္ေပ်ာ္က်ၿပီး ထိခိုက္ဒဏ္ရာရရွိသူ အေရအတြက္ဟာ ည ၉ နာရီဝန္းက်င္ ေမးျမန္းခ်က္ရ ၅ ဦးေလာက္ ရွိေနၿပီး အေသအေပ်ာက္ မရွိဘူးလို႔ ဦးေဇာ္မ်ိဳးထိုက္က ဆိုပါတယ္။

ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ကေတာ့ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ စက္မႈဇုန္ ၁ မွာ ေလာင္တဲ့မီးကို ညေန ၇ နာရီေလာက္ စတင္သိရွိၿပီး Level 2 အဆင့္ရွိတဲ့ မီးသတ္ယာဥ္ေတြ စတင္ေစလႊတ္ခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ညေန ၇ နာရီခြဲမွာေတာ့ Level 3 အဆင့္ ေစလႊတ္ခဲ့သလို ည ၇ နာရီ ၅၀ မိနစ္မွာေတာ့ Level 4 အဆင့္မီးသတ္ယာဥ္ေတြနဲ႔ ထြက္ခြာျငႇိမ္းသတ္ခဲ့ၿပီး ည ၁၀ နာရီ ၃၅ မိနစ္မွာ မီးၿငိမ္းသြားတယ္လို႔ ထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013