DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကော်မရှင်က ကျိုင်းတုံတွင် ဆွေးနွေးရန် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကို ဖိတ်ခေါ်
DVB
·
September 10, 2019
ငြိမ်းချမ်းရေးကော်မရှင်က ကျိုင်းတုံတွင် ဆွေးနွေးရန် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကို ဖိတ်ခေါ်
Donate to DVB

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့  ရှမ်းပြည်နယ် ကျိုင်းတုံမြို့ကို အဆိုပြုထားပါတယ်။ 

ငြိမ်းချမ်းရေးကော်မရှင်က ပေးပို့တဲ့စာမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIO၊ PSLF၊ MNTJP နဲ့ ULA အဖွဲ့တွေနဲ့ သြဂုတ် ၃၁ ရက်နေ့က တွေ့ဆုံပြီး စက်တင်ဘာ ၁၆၊ ၁၇ မှာ ထပ်မံဆွေးနွေးဖို့ သဘောတူခဲ့တယ်လို့ ဆိုထားပါတယ်။ 

ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၁၆ နဲ့ ၁၇ ရက်နေ့တွေ ကျိုင်းတုံမှာ ပြုလုပ်မှာဖြစ်ပြီး တက်ရောက်ဖို့ ငြိမ်းချမ်းရေး ကော်မရှင်က ဖိတ်ကြားထားပါတယ်။ 

ခရီးစဉ်အရ မိုင်းလား-ကျိုင်းတုံ ယာဉ်တန်းလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို အပြည့်အ၀ တာဝန်ယူကြောင်း ဖိတ်ကြားစာမှာ ရေးသားထားပါတယ်။ 

ဒီဖိတ်ကို ရရှိပြီဖြစ်ကြောင်းနဲ့ ဒီကိစ္စအပေါ် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အနေနဲ့ ပြန်လည်ဆွေးနွေးမှာဖြစ်ပြီး ပန်ဆန်းသို့မဟုတ် မိုင်းလားမှာတွေ့ဆုံနိုင်ဖို့ အဆိုပြုပေးပို့မယ်လို့ တီအန်အယ်လ်အေ ပြောခွင့်ရသူ ဗိုလ်မှူးမိုင်အိုက်ကျောက်က ပြောပါတယ်။

“ဒီဖိတ်စာကတော့ ကျနော်တို့လက်ခံရရှိပြီးဖြစ်တယ်။ ကျနော်တို့က ကျနော်တို့ ၄ ဖွဲ့ကြားမှာ ပြန်ညှိရမှာပေါ့နော်။ နောက်တခုက ကျနော်တို့အဖွဲ့က တောင်းဆိုတာကတော့ ပန်ဆန်းမိုင်းလား သို့မဟုတ် တရုတ်ပြည်တွင်းတွေ့ဖို့ အဲလိုမျိုးပြန်တောင်းဆိုထားတယ်။ နောက်တခုက စစ်ရေနဲ့ပတ်သက်ပြီးတော့ စကားပြောနိုင်မယ့် တပ်ကိုယ်စားလှယ် ပါဝင်တက်ရောက်ဖို့ အကြံပြုထားတယ်။  တပ်မပါဘဲ PC နဲ့တွေ့ဆုံတယ်ဆိုရင်တော့ ဒီတွေ့ဆုံမှုက နောက်နှေးနေတယ်ပေါ့နော်။ အရာမရောက်သေးဘူး။”

မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဩဂုတ်လ ၃၁ ရက်နေ့တုန်းက ကျိုင်းတုံမြို့မှာ တွေ့ဆုံအပြီး တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ရေးအတွက် တပ်မတော်ကိုယ်စားလှယ်တွေနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။

နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးပြီးတဲ့နောက်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) နဲ့ပတ်သက်ပြီးတော့ ဆက်လက် ညှိနှိုင်းသွားဖို့လည်း သဘောတူခဲ့ကြသလို နိုင်ငံထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်နိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆန္ဒ အပြည့်အဝနဲ့ နှစ်ဖက်စလုံးက ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပူးပေါင်းထုတ်ပြန်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ၿငိမ္းခ်မ္းေရးေကာ္မရွင္က က်ိဳင္းတုံတြင္ ေဆြးေႏြးရန္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕ကို ဖိတ္ေခၚ

အစိုးရရဲ႕ ၿငိမ္းခ်မ္းေရးေကာ္မရွင္က ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ ၄ ဖြဲ႕ကို ၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးဖို႔  ရွမ္းျပည္နယ္ က်ိဳင္းတုံၿမိဳ႕ကို အဆိုျပဳထားပါတယ္။

ၿငိမ္းခ်မ္းေရးေကာ္မရွင္က ေပးပို႔တဲ့စာမွာ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြျဖစ္တဲ့ KIO၊ PSLF၊ MNTJP နဲ႔ ULA အဖြဲ႕ေတြနဲ႔ ၾသဂုတ္ ၃၁ ရက္ေန႔က ေတြ႕ဆုံၿပီး စက္တင္ဘာ ၁၆၊ ၁၇ မွာ ထပ္မံေဆြးေႏြးဖို႔ သေဘာတူခဲ့တယ္လို႔ ဆိုထားပါတယ္။

ဒါေၾကာင့္ ေတြ႕ဆုံေဆြးေႏြးပြဲကို စက္တင္ဘာ ၁၆ နဲ႔ ၁၇ ရက္ေန႔ေတြ က်ိဳင္းတုံမွာ ျပဳလုပ္မွာျဖစ္ၿပီး တက္ေရာက္ဖို႔ ၿငိမ္းခ်မ္းေရး ေကာ္မရွင္က ဖိတ္ၾကားထားပါတယ္။

ခရီးစဥ္အရ မိုင္းလား-က်ိဳင္းတုံ ယာဥ္တန္းလုံၿခဳံေရး၊ လမ္းေၾကာင္းလုံၿခဳံေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ ကိစၥေတြကို အျပည့္အ၀ တာဝန္ယူေၾကာင္း ဖိတ္ၾကားစာမွာ ေရးသားထားပါတယ္။

ဒီဖိတ္ကို ရရွိၿပီျဖစ္ေၾကာင္းနဲ႔ ဒီကိစၥအေပၚ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕အေနနဲ႔ ျပန္လည္ေဆြးေႏြးမွာျဖစ္ၿပီး ပန္ဆန္းသို႔မဟုတ္ မိုင္းလားမွာေတြ႕ဆုံႏိုင္ဖို႔ အဆိုျပဳေပးပို႔မယ္လို႔ တီအန္အယ္လ္ေအ ေျပာခြင့္ရသူ ဗိုလ္မႉးမိုင္အိုက္ေက်ာက္က ေျပာပါတယ္။

“ဒီဖိတ္စာကေတာ့ က်ေနာ္တို႔လက္ခံရရွိၿပီးျဖစ္တယ္။ က်ေနာ္တို႔က က်ေနာ္တို႔ ၄ ဖြဲ႕ၾကားမွာ ျပန္ညႇိရမွာေပါ့ေနာ္။ ေနာက္တခုက က်ေနာ္တို႔အဖြဲ႕က ေတာင္းဆိုတာကေတာ့ ပန္ဆန္းမိုင္းလား သို႔မဟုတ္ တ႐ုတ္ျပည္တြင္းေတြ႕ဖို႔ အဲလိုမ်ိဳးျပန္ေတာင္းဆိုထားတယ္။ ေနာက္တခုက စစ္ေရနဲ႔ပတ္သက္ၿပီးေတာ့ စကားေျပာႏိုင္မယ့္ တပ္ကိုယ္စားလွယ္ ပါဝင္တက္ေရာက္ဖို႔ အႀကံျပဳထားတယ္။  တပ္မပါဘဲ PC နဲ႔ေတြ႕ဆုံတယ္ဆိုရင္ေတာ့ ဒီေတြ႕ဆုံမႈက ေနာက္ေႏွးေနတယ္ေပါ့ေနာ္။ အရာမေရာက္ေသးဘူး။”

ေျမာက္ပိုင္းမဟာမိတ္တပ္ေတြနဲ႔ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ ဩဂုတ္လ ၃၁ ရက္ေန႔တုန္းက က်ိဳင္းတုံၿမိဳ႕မွာ ေတြ႕ဆုံအၿပီး တိုက္ပြဲေတြ အျမန္ဆုံး ရပ္တန႔္ေရးအတြက္ တပ္မေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဆက္လက္ ေတြ႕ဆုံေဆြးေႏြးဖို႔ သေဘာတူခဲ့ၾကပါတယ္။

ႏွစ္ဖက္ အပစ္အခတ္ရပ္စဲေရး သေဘာတူ လက္မွတ္ထိုးၿပီးတဲ့ေနာက္မွာ တႏိုင္ငံလုံး ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (အန္စီေအ) နဲ႔ပတ္သက္ၿပီးေတာ့ ဆက္လက္ ညႇိႏႈိင္းသြားဖို႔လည္း သေဘာတူခဲ့ၾကသလို ႏိုင္ငံထဲမွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြ အျမန္ဆုံး ရပ္တန႔္ႏိုင္ေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးအတြက္ ႏိုင္ငံေရးဆႏၵ အျပည့္အဝနဲ႔ ႏွစ္ဖက္စလုံးက ဆက္ၿပီး ႀကိဳးပမ္းသြားမယ္လို႔ ပူးေပါင္းထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013