DVB Logo
Home
မြန်မာသတင်း
ရေးရေဘေးသင့် လှူဒါန်းလက်ကျန်ငွေ သိန်း ၁၃၀၀ ကျော် ပြန်လည်ထူထောင်ရေးအတွက် သုံးမည်
DVB
·
September 10, 2019
ရေးရေဘေးသင့် လှူဒါန်းလက်ကျန်ငွေ သိန်း ၁၃၀၀ ကျော် ပြန်လည်ထူထောင်ရေးအတွက် သုံးမည်
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်အတွက် အနယ်နယ်အရပ်ရပ်က ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းထားတဲ့ ကျန်ငွေ သိန်း ၁၃၀၀ ကျော်ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ကော်မတီက ပြောပါတယ်။

အနယ်နယ်အရပ်ရပ်က လှူဒါန်းထားတဲ့ လက်ကျန်ငွေ ကျပ်သိန်း ၁၃၀၀ ကျော်ကို မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးကော်မတီရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ အရေးပေါ် သက်ကယ်လှေငယ်တွေ ဝယ်ယူပြီး ရပ်ကွက်တွေမှာ ပြန်လည်ထားရှိပေးသွားမယ်လို့ ဆိုပါတယ်။

တခြားမြို့နယ်တွေက အခုအရေးပေါ်သက်ကယ်လှေငယ်တွေ လာရောက်လှူဒါန်းထားတဲ့ လှေတွေကို ဒေသခံတွေက ရှေးဟောင်းကျုံးတော်ကြီးမှာ စမ်းသပ်မောင်းလေ့ကျင့်နေကြပါတယ်။

အခုရေဘေးသင့်ပျက်စီးနေတဲ့ ကျောက်မိကျောင်းကျေးရွာ (တောင်) ရှိ စာသင်ကျောင်း ၁ ကျောင်းအတွက်တော့ သီးသန့်ငွေ ကျပ်သိန်း ၈၀၀ လောက် ရရှိထားပြီး ကျောင်းဆောက်လုပ်ဖို့ပြင်ဆင်ထားတယ်လို့ သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီက ပြောပါတယ်။




Zawgyi Version

ေရးေရေဘးသင့္ လႉဒါန္းလက္က်န္ေငြ သိန္း ၁၃၀၀ ေက်ာ္ ျပန္လည္ထူေထာင္ေရးအတြက္ သုံးမည္
DVB
မြန္ျပည္နယ္ ေရးၿမိဳ႕နယ္အတြက္ အနယ္နယ္အရပ္ရပ္က ေရေဘးသင့္ျပည္သူမ်ားအတြက္ လႉဒါန္းထားတဲ့ က်န္ေငြ သိန္း ၁၃၀၀ ေက်ာ္ကို ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြမွာ အသုံးျပဳသြားမယ္လို႔ ၿမိဳ႕နယ္သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရး ေကာ္မတီက ေျပာပါတယ္။

အနယ္နယ္အရပ္ရပ္က လႉဒါန္းထားတဲ့ လက္က်န္ေငြ က်ပ္သိန္း ၁၃၀၀ ေက်ာ္ကို ၿမိဳ႕နယ္သဘာဝေဘး အႏၲရာယ္စီမံခန႔္ခြဲေရးေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္ေတြနဲ႔အညီ အေရးေပၚ သက္ကယ္ေလွငယ္ေတြ ဝယ္ယူၿပီး ရပ္ကြက္ေတြမွာ ျပန္လည္ထားရွိေပးသြားမယ္လို႔ ဆိုပါတယ္။

တျခားၿမိဳ႕နယ္ေတြက အခုအေရးေပၚသက္ကယ္ေလွငယ္ေတြ လာေရာက္လႉဒါန္းထားတဲ့ ေလွေတြကို ေဒသခံေတြက ေရွးေဟာင္းက်ဳံးေတာ္ႀကီးမွာ စမ္းသပ္ေမာင္းေလ့က်င့္ေနၾကပါတယ္။

အခုေရေဘးသင့္ပ်က္စီးေနတဲ့ ေက်ာက္မိေက်ာင္းေက်း႐ြာ (ေတာင္) ရွိ စာသင္ေက်ာင္း ၁ ေက်ာင္းအတြက္ေတာ့ သီးသန႔္ေငြ က်ပ္သိန္း ၈၀၀ ေလာက္ ရရွိထားၿပီး ေက်ာင္းေဆာက္လုပ္ဖို႔ျပင္ဆင္ထားတယ္လို႔ သဘာဝေဘးစီမံခန႔္ခြဲေရးေကာ္မတီက ေျပာပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013