DVB Logo
Home
မြန်မာသတင်း
ဝင်းနှင့်ဇော်အား လွတ်ငြိမ်းခွင့်ပေးရန် ကော့သောင်းတွင် ဆန္ဒထုတ်ဖော်
DVB
·
September 8, 2019
ဝင်းနှင့်ဇော်အား လွတ်ငြိမ်းခွင့်ပေးရန် ကော့သောင်းတွင် ဆန္ဒထုတ်ဖော်
Donate to DVB

ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သေဒဏ် အပြစ်ပေးခံရတဲ့ မြန်မာနိုင်ငံသား ဝင်းနဲ့ ဇော်အား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးဖို့ ထိုင်းဘုရင်နဲ့ ထိုင်းအာဏာပိုင်တွေထံ အသနားခံ တောင်းဆိုဆန္ဒဖော်ထုတ်ပွဲကို တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံ လိပ်ကျွနန်းလူသတ်မှုမှာ မြန်မာနိုင်ငံသား နှစ်ဦး သေဒဏ်ချမှတ်ခံထားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဘုရင်မင်းမြတ်ကြီးကနေပြီး ပြန်လည်ဖြေလျှော့ပေးဖို့အတွက်  အနူးအညွတ်အသနားခံတဲ့ပွဲပါ။ ကျနော်တို့ စုပေါင်းပြီးတော့ ပြုလုပ်တာ” လို့ ပွဲစီစဉ်သူ ဦးမျိုးလွင်က ပြောပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်သူ ကိုခိုင်မင်းသိမ်းက “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အကုန်လုံး စိတ်မကောင်းဖြစ်ရတယ်။ ဒါဟာ မြန်မာနိုင်ငံသားမှ မဟုတ်ဘူးပေါ့ဗျ၊ လူသားမျိုးနွယ်စုတိုင်းဟာ ကိုယ် မလုပ်ဘဲနဲ့ ဒုက္ခခံရတယ်၊ ဖမ်းဆီးခံရတယ်ဆိုတာ လူတိုင်း လူတိုင်း စိတ်မကောင်းစရာတွေ ဖြစ်ပါတယ်။ ပြန်ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်တော့ ရစေချင်ပါတယ်” လို့ ပြောပါတယ်။

ကော့သောင်းမြို့ကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ကိုသွားတဲ့ အဏ္ဏဝါရပ်ကွက် ကမ်းနားလမ်း လှေဆိပ်မှာ ဒီနေ့မနက် ၉ ရာရီကနေ ၁၀ နာရီခွဲအထိ တန်းစီပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး ခိုင်မြဲပါစေ၊ ကောင်းမွန်စွာ အဓွန့်ရှည်ပါစေ၊ ထိုင်းနိုင်ငံသူ/သားများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ၊ ဝင်းနဲ့ဇော်အား မြန်မာနိုင်ငံသို့ ငြိမ်းချမ်းစွာပြန်လည် လွှဲပြောင်းပေးနိုင်ပါစေ၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးအတွက် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား မြန်မာအစိုးရထံ လွှဲအပ်ပေးပါ၊ ထိုင်းဘုရင်မင်းမြတ် ကျန်းမာပါစေ၊ WE WANT REAL JUSTICE စတဲ့ ဗွီနိုင်းစာတန်းတွေ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ သဘောထား ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလတုန်းက ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမား ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို သေဒဏ်ချမှတ်ခဲ့ပြီး တရားရုံးချုပ်မှာ နောက်ဆုံးအယူခံလည်း ရှုံးနိမ့်ထားပါတယ်။

သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလုပ်သား နှစ်ဦးအတွက် နောက်ဆုံး မျှော်လင့်ချက်အဖြစ် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ တင်သွင်းဖို့ လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဝင္းႏွင့္ေဇာ္အား လြတ္ၿငိမ္းခြင့္ေပးရန္ ေကာ့ေသာင္းတြင္ ဆႏၵထုတ္ေဖာ္

ထိုင္းႏိုင္ငံမွာ ၿဗိတိန္ႏိုင္ငံသားႏွစ္ဦး အသတ္ခံရမႈနဲ႔ ပတ္သက္ၿပီး ေသဒဏ္ အျပစ္ေပးခံရတဲ့ ျမန္မာႏိုင္ငံသား ဝင္းနဲ႔ ေဇာ္အား ျပစ္ဒဏ္မွ လြတ္ၿငိမ္းခြင့္ေပးဖို႔ ထိုင္းဘုရင္နဲ႔ ထိုင္းအာဏာပိုင္ေတြထံ အသနားခံ ေတာင္းဆိုဆႏၵေဖာ္ထုတ္ပြဲကို တနသၤာရီတိုင္း ေကာ့ေသာင္းၿမိဳ႕မွာ ျပဳလုပ္ခဲ့ၾကပါတယ္။

“အဓိကရည္႐ြယ္ခ်က္ကေတာ့ ထိုင္းႏိုင္ငံ လိပ္ကြၽနန္းလူသတ္မႈမွာ ျမန္မာႏိုင္ငံသား ႏွစ္ဦး ေသဒဏ္ခ်မွတ္ခံထားရတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ထိုင္းဘုရင္မင္းျမတ္ႀကီးကေနၿပီး ျပန္လည္ေျဖေလွ်ာ့ေပးဖို႔အတြက္  အႏူးအၫြတ္အသနားခံတဲ့ပြဲပါ။ က်ေနာ္တို႔ စုေပါင္းၿပီးေတာ့ ျပဳလုပ္တာ” လို႔ ပြဲစီစဥ္သူ ဦးမ်ိဳးလြင္က ေျပာပါတယ္။

ဆႏၵထုတ္ေဖာ္ရာမွာ ပါဝင္သူ ကိုခိုင္မင္းသိမ္းက “ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ အကုန္လုံး စိတ္မေကာင္းျဖစ္ရတယ္။ ဒါဟာ ျမန္မာႏိုင္ငံသားမွ မဟုတ္ဘူးေပါ့ဗ်၊ လူသားမ်ိဳးႏြယ္စုတိုင္းဟာ ကိုယ္ မလုပ္ဘဲနဲ႔ ဒုကၡခံရတယ္၊ ဖမ္းဆီးခံရတယ္ဆိုတာ လူတိုင္း လူတိုင္း စိတ္မေကာင္းစရာေတြ ျဖစ္ပါတယ္။ ျပန္ၿပီးေတာ့ လြတ္ၿငိမ္းခ်မ္းသာခြင့္ေတာ့ ရေစခ်င္ပါတယ္” လို႔ ေျပာပါတယ္။

ေကာ့ေသာင္းၿမိဳ႕ကေန ထိုင္းႏိုင္ငံ ရေနာင္းၿမိဳ႕ကိုသြားတဲ့ အဏၰဝါရပ္ကြက္ ကမ္းနားလမ္း ေလွဆိပ္မွာ ဒီေန႔မနက္ ၉ ရာရီကေန ၁၀ နာရီခြဲအထိ တန္းစီၿပီး ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရး ခိုင္ၿမဲပါေစ၊ ေကာင္းမြန္စြာ အဓြန႔္ရွည္ပါေစ၊ ထိုင္းႏိုင္ငံသူ/သားမ်ား ကိုယ္စိတ္ႏွစ္ပါး ႐ႊင္လန္းခ်မ္းေျမ့ပါေစ၊ ဝင္းနဲ႔ေဇာ္အား ျမန္မာႏိုင္ငံသို႔ ၿငိမ္းခ်မ္းစြာျပန္လည္ လႊဲေျပာင္းေပးႏိုင္ပါေစ၊ ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးအတြက္ ကိုေဇာ္လင္းႏွင့္ ကိုဝင္းေဇာ္ထြန္းတို႔အား ျမန္မာအစိုးရထံ လႊဲအပ္ေပးပါ၊ ထိုင္းဘုရင္မင္းျမတ္ က်န္းမာပါေစ၊ WE WANT REAL JUSTICE စတဲ့ ဗြီႏိုင္းစာတန္းေတြ ကိုင္ေဆာင္ၿပီး ၿငိမ္းခ်မ္းစြာ သေဘာထား ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။

ထိုင္းႏိုင္ငံ လိပ္ကြၽန္းမွာ ၂ဝ၁၄ ခုႏွစ္၊ စက္တင္ဘာလတုန္းက ၿဗိတိန္ႏိုင္ငံသား ၂ ေယာက္ အသတ္ခံခဲ့ရတာနဲ႔ပတ္သက္ၿပီး ျမန္မာအလုပ္သမား ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္းတို႔ကို ေသဒဏ္ခ်မွတ္ခဲ့ၿပီး တရား႐ုံးခ်ဳပ္မွာ ေနာက္ဆုံးအယူခံလည္း ရႈံးနိမ့္ထားပါတယ္။

ေသဒဏ္အျပစ္ေပးခံထားရတဲ့ ျမန္မာလုပ္သား ႏွစ္ဦးအတြက္ ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္အျဖစ္ ထိုင္းဘုရင္မင္းျမတ္ထံ အသနားခံစာ တင္သြင္းဖို႔ လုပ္ေဆာင္ေနၾကတာလည္း ျဖစ္ပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013