DVB Logo
Home
မြန်မာသတင်း
အလုပ်ရှင် အလုပ်သမား ပဋိပက္ခ လျော့ကျရေး ပုသိမ်မြို့တွင် အလုပ်သမား ထောင်ချီ ဆန္ဒပြ
DVB
·
September 8, 2019
အလုပ်ရှင် အလုပ်သမား ပဋိပက္ခ လျော့ကျရေး ပုသိမ်မြို့တွင် အလုပ်သမား ထောင်ချီ ဆန္ဒပြ
1 / 4
Donate to DVB

အလုပ်ရှင် အလုပ်သမား ပဋိပက္ခ လျော့ကျစေရေးအတွက် ပုသိမ်မြို့က အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ထောင်နဲ့ချီပြီး ဒီကနေ့မနက်ပိုင်းက ပုသိမ်မြို့မှာ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

ပုသိမ်မြို့ အထည်ချုပ်စက်ရုံ ၇ ရုံက အလုပ်သမားတွေ ဆန္ဒထုတ်ဖော်ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနစ်တင်း အထည်ချုပ်စက်ရုံ အလုပ်သမား ဆန္ဒထုတ်ဖော်မှုမှာ ခေါင်းဆောင် ၈ ဦးကို တရားစွဲထားတာနဲ့ ပတ်သက်လို့လည်း ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားတွေအနေနဲ့ ပေးကိုပေးရမယ့် ဥပဒေပါ အခွင့်အရေးတွေကို တောင်းဆိုနေရတာဟာ သက်ဆိုင်ရာဌာနတွေ အလုပ်မလုပ်တာကြောင့်လို့ ဆန္ဒပြပွဲ ခေါင်းဆောင် ဦးပြည်ပိုင်ကိုကိုက ပြောပါတယ်။

လုပ်ငန်းခွင်အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်ရေး၊ လူမှုဖူလုံရေး  အာမခံစနစ် ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ဖျန်ဖြေရေးယန္တရား ပိုမိုးတိုးတက်ကောင်းမွန်လာစေရေးနဲ့ အလုပ်သမား အခွင့်အရေးအတွက် စုပေါင်းတောင်းဆိုပိုင်ခွင့်ရရှိရေးအတွက် တောင်းဆိုကြတာလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ မမေမြတ်သူက ပြောပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အလုပ္ရွင္ အလုပ္သမား ပဋိပကၡ ေလ်ာ့က်ေရး ပုသိမ္ၿမိဳ႕တြင္ အလုပ္သမား ေထာင္ခ်ီ ဆႏၵျပ

အလုပ္ရွင္ အလုပ္သမား ပဋိပကၡ ေလ်ာ့က်ေစေရးအတြက္ ပုသိမ္ၿမိဳ႕က အထည္ခ်ဳပ္စက္႐ုံ အလုပ္သမားေတြ ေထာင္နဲ႔ခ်ီၿပီး ဒီကေန႔မနက္ပိုင္းက ပုသိမ္ၿမိဳ႕မွာ လွည့္လည္ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

ပုသိမ္ၿမိဳ႕ အထည္ခ်ဳပ္စက္႐ုံ ၇ ႐ုံက အလုပ္သမားေတြ ဆႏၵထုတ္ေဖာ္ၾကတာျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက ျမန္မာနစ္တင္း အထည္ခ်ဳပ္စက္႐ုံ အလုပ္သမား ဆႏၵထုတ္ေဖာ္မႈမွာ ေခါင္းေဆာင္ ၈ ဦးကို တရားစြဲထားတာနဲ႔ ပတ္သက္လို႔လည္း ပယ္ဖ်က္ေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

အလုပ္သမားေတြအေနနဲ႔ ေပးကိုေပးရမယ့္ ဥပေဒပါ အခြင့္အေရးေတြကို ေတာင္းဆိုေနရတာဟာ သက္ဆိုင္ရာဌာနေတြ အလုပ္မလုပ္တာေၾကာင့္လို႔ ဆႏၵျပပြဲ ေခါင္းေဆာင္ ဦးျပည္ပိုင္ကိုကိုက ေျပာပါတယ္။

လုပ္ငန္းခြင္အေျခအေန ပိုမိုတိုးတက္ေကာင္းမြန္ေရး၊ လူမႈဖူလုံေရး  အာမခံစနစ္ ပိုမိုတိုးတက္ေကာင္းမြန္လာေစေရး၊ ဖ်န္ေျဖေရးယႏၲရား ပိုမိုးတိုးတက္ေကာင္းမြန္လာေစေရးနဲ႔ အလုပ္သမား အခြင့္အေရးအတြက္ စုေပါင္းေတာင္းဆိုပိုင္ခြင့္ရရွိေရးအတြက္ ေတာင္းဆိုၾကတာလို႔ ဆႏၵျပပြဲမွာပါဝင္တဲ့ မေမျမတ္သူက ေျပာပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013