DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
September 7, 2019
မောင်တောတွင် သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ကျပ်သိန်းပေါင်း ကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေနဲ့အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းအပါအဝင် ၃ ဦးကို မနေ့က ဖမ်းမိခဲ့ပါတယ်။

မောင်တောမြို့ လသာရွာနေ ဆွေယော့ဒူဆောင်းရဲ့ နေအိမ်ကို စက်တင်ဘာလ ၆ ရက်နေ့ ည ၁၁ နာရီလောက်မှာ သတင်းအရ ပူးပေါင်းအဖွဲ့က ဝင်ရောက် ရှာဖွေခဲ့ပြီး မီးဖိုဆောင် ထင်းပုံအောက် မြေကြီးထဲမှာ ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၈၁၇၀ နဲ့ အဲဒီအိမ် ရှေ့ဘက်က ညီမဖြစ်သူ မမီနာယာရဲ့အိမ်မှာ ဆက်လက်ရှာဖွေရာမှာ ဆာလာအိတ် ၂ အိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄၄၆၅၀ဝ ပြား ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

ဒါကြောင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၄၅၄၆၇ဝ ပြား (ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၉၀၉၃) တန်ဖိုးရှိတဲ့ ဆေးပြားတွေ ဖမ်းမိခဲ့တာပါ။

ဖမ်းဆီးရမိသူ ဆွေယော့ဒူဆောင်းကို သက်သေတွေရှေ့မှာ စစ်ဆေးချက်အရ ဆေးပြားတွေဟာ မောင်တောမြို့ရပ်ကွက် ၅ အုပ်ချုပ်ရေးမှူးဟောင်းတယောက်ဖြစ်တဲ့ ဆီရာဇူအီစ္စလာမ်(ခ)ကိုနိုင် ပိုင်ဆိုင်တာလို့ သိရတာကြောင့် နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးတွေနဲ့ ဖမ်းဆီးရမိတဲ့  သူတို့ ၃ ဦးကို မောင်တောရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ကောင်းကောင်း

~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေမာင္ေတာတြင္ သိန္း ၉၀၀၀ ေက်ာ္တန္ဖိုးရွိ စိတ္ႂကြေဆးမ်ား ဖမ္းမိ

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕မွာ က်ပ္သိန္းေပါင္း က်ပ္သိန္း ၉၀၀၀ ေက်ာ္တန္ဖိုးရွိတဲ့ မူးယစ္ေဆးေတြနဲ႔အတူ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေဟာင္းအပါအဝင္ ၃ ဦးကို မေန႔က ဖမ္းမိခဲ့ပါတယ္။

ေမာင္ေတာၿမိဳ႕ လသာ႐ြာေန ေဆြေယာ့ဒူေဆာင္းရဲ႕ ေနအိမ္ကို စက္တင္ဘာလ ၆ ရက္ေန႔ ည ၁၁ နာရီေလာက္မွာ သတင္းအရ ပူးေပါင္းအဖြဲ႕က ဝင္ေရာက္ ရွာေဖြခဲ့ၿပီး မီးဖိုေဆာင္ ထင္းပုံေအာက္ ေျမႀကီးထဲမွာ ပလတ္စတစ္အိတ္နဲ႔ ထုပ္ထားတဲ့ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၈၁၇၀ နဲ႔ အဲဒီအိမ္ ေရွ႕ဘက္က ညီမျဖစ္သူ မမီနာယာရဲ႕အိမ္မွာ ဆက္လက္ရွာေဖြရာမွာ ဆာလာအိတ္ ၂ အိတ္နဲ႔ ထည့္ထားတဲ့ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄၄၆၅၀ဝ ျပား ထပ္မံဖမ္းဆီးရမိခဲ့ပါတယ္။

ဒါေၾကာင့္ စုစုေပါင္း စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄၅၄၆၇ဝ ျပား (ကာလတန္ဖိုး က်ပ္သိန္းေပါင္း ၉၀၉၃) တန္ဖိုးရွိတဲ့ ေဆးျပားေတြ ဖမ္းမိခဲ့တာပါ။

ဖမ္းဆီးရမိသူ ေဆြေယာ့ဒူေဆာင္းကို သက္ေသေတြေရွ႕မွာ စစ္ေဆးခ်က္အရ ေဆးျပားေတြဟာ ေမာင္ေတာၿမိဳ႕ရပ္ကြက္ ၅ အုပ္ခ်ဳပ္ေရးမႉးေဟာင္းတေယာက္ျဖစ္တဲ့ ဆီရာဇူအီစၥလာမ္(ခ)ကိုႏိုင္ ပိုင္ဆိုင္တာလို႔ သိရတာေၾကာင့္ ေနအိမ္မွာ သြားေရာက္ဖမ္းဆီးခဲ့တယ္လို႔ ဆိုပါတယ္။

မူးယစ္ေဆးေတြနဲ႔ ဖမ္းဆီးရမိတဲ့  သူတို႔ ၃ ဦးကို ေမာင္ေတာရဲစခန္းမွာ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

ေကာင္းေကာင္း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013