DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် နီပေါရဟတ်ယာဉ်တစီး အရေးပေါ်ဆင်းသက်
DVB
·
September 7, 2019
ဘူးသီးတောင်တွင် နီပေါရဟတ်ယာဉ်တစီး အရေးပေါ်ဆင်းသက်
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အင်ဒိုနီးရှား သစ်တောမီး သွားရောက်ကူညီဖို့ နီပေါကနေ ပျံသန်းလာတဲ့ ရဟတ်ယာဉ်တစီး မနေ့က အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

အဲဒီရဟတ်ယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ သစ်တော မီးလောင်နေတာကို သွားရောက် ကူညီမယ့် နီပေါနိုင်ငံက Mi-8 -MTV-1 အမျိုးအစား ရဟတ်ယာဉ်ဖြစ်ပြီး ရာသီဥတု ဆိုးရွားတာကြောင့် စည်တောင်ရွာနဲ့ ရေခေါင်းချောင်းရွာကြား စားကျက်မြေပေါ်မှာ မနေ့ မနက် ၁၁ နာရီလောက်က ဆင်းသက်ခဲ့တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားတာပါ။

ဒီရဟတ်ယာဉ်ဟာ ဘင်္ဂလားဒေ့ရှ်-ရန်ကုန်-ထိုင်း ခရီးစဉ် ပျံသန်းဖို့အတွက် မြန်မာနိုင်ငံပေါ်ကနေ ဖြတ်ကျော်ပျံသန်းခွင့်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက်ရပ်နားခွင့်တို့ကိုလည်း အင်ဒိုနီးရှားသံရုံးကတဆင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ကို တရားဝင် တင်ပြ တောင်းခံထားတယ်လို့ ဆိုပါတယ်။

ရာသီဥတု ပြန်လည်ကောင်းမွန်လာတဲ့အခါ ဆက်လက်ပျံသန်းပြီး နေ့လယ် ၁၂ နာရီလောက်မှာ စစ်တွေလေဆိပ်ကို ရောက်လို့ ရခိုင်ပြည်နယ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး၊ တာဝန်ရှိသူတွေ သွားရောက်တွေ့ဆုံပြီး လိုအပ်တာတွေ ကူညီခဲ့တယ်လို့လည်း ဆိုပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဘူးသီးေတာင္တြင္ နီေပါရဟတ္ယာဥ္တစီး အေရးေပၚဆင္းသက္

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္မွာ အင္ဒိုနီးရွား သစ္ေတာမီး သြားေရာက္ကူညီဖို႔ နီေပါကေန ပ်ံသန္းလာတဲ့ ရဟတ္ယာဥ္တစီး မေန႔က အေရးေပၚဆင္းသက္ခဲ့ရပါတယ္။

အဲဒီရဟတ္ယာဥ္ဟာ အင္ဒိုနီးရွားႏိုင္ငံ သစ္ေတာ မီးေလာင္ေနတာကို သြားေရာက္ ကူညီမယ့္ နီေပါႏိုင္ငံက Mi-8 -MTV-1 အမ်ိဳးအစား ရဟတ္ယာဥ္ျဖစ္ၿပီး ရာသီဥတု ဆိုး႐ြားတာေၾကာင့္ စည္ေတာင္႐ြာနဲ႔ ေရေခါင္းေခ်ာင္း႐ြာၾကား စားက်က္ေျမေပၚမွာ မေန႔ မနက္ ၁၁ နာရီေလာက္က ဆင္းသက္ခဲ့တာလို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ထားတာပါ။

ဒီရဟတ္ယာဥ္ဟာ ဘဂၤလားေဒ့ရွ္-ရန္ကုန္-ထိုင္း ခရီးစဥ္ ပ်ံသန္းဖို႔အတြက္ ျမန္မာႏိုင္ငံေပၚကေန ျဖတ္ေက်ာ္ပ်ံသန္းခြင့္နဲ႔ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ဆင္းသက္ရပ္နားခြင့္တို႔ကိုလည္း အင္ဒိုနီးရွားသံ႐ုံးကတဆင့္ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ ပို႔ေဆာင္ေရးနဲ႔ဆက္သြယ္ေရး ဝန္ႀကီးဌာနတို႔ကို တရားဝင္ တင္ျပ ေတာင္းခံထားတယ္လို႔ ဆိုပါတယ္။

ရာသီဥတု ျပန္လည္ေကာင္းမြန္လာတဲ့အခါ ဆက္လက္ပ်ံသန္းၿပီး ေန႔လယ္ ၁၂ နာရီေလာက္မွာ စစ္ေတြေလဆိပ္ကို ေရာက္လို႔ ရခိုင္ျပည္နယ္၊ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး၊ တာဝန္ရွိသူေတြ သြားေရာက္ေတြ႕ဆုံၿပီး လိုအပ္တာေတြ ကူညီခဲ့တယ္လို႔လည္း ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013