DVB Logo
Home
မြန်မာသတင်း
ရေကြီးရေလျှံမှု ပျက်စီးဆုံးရှုံးစာရင်း အမြန်ဆုံးတင်ပြရန် ကရင်ဝန်ကြီးတိုက်တွန်း
DVB
·
September 6, 2019
ရေကြီးရေလျှံမှု ပျက်စီးဆုံးရှုံးစာရင်း အမြန်ဆုံးတင်ပြရန် ကရင်ဝန်ကြီးတိုက်တွန်း
Donate to DVB

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့စာရင်းတွေကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတွေက စာရင်းတိတိကျကျနဲ့ အမြန်ဆုံးပေးအပ်ဖို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်(ကော့ကျိုက်) ကျေးရွာမှာ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ လယ်မြေတွေကို မျိုးစပါးနဲ့ ငါးမွေးကန်တွေအတွက် မွေးမြူရေးအစာနဲ့ ငါးအစာတောင့် ထောက်ပံ့ပေးအပ်ပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက “သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း ကိုယ့်ရွာမှာ လယ်ဘယ်နှဧကလောက် ပျက်သွားလဲ။ ငါးကန်တွေ ဘယ်နှကန်ရေလျှံသွားလဲ။ ဒါကို စာရင်းတိတိကျကျနဲ့ အမြန်ဆုံးပေးဖို့လိုတယ်။ အစိုးရအနေနဲ့ နားထောင်နေတယ်။ သတင်းပေါင်းစပ်မိသွားရင် သူတို့အတွက်ကောင်းတာပေါ့”လို့ ပြောပါတယ်။

ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ၊ ဒေါ်စန်းရီက “ကြက်ရုံတရုံက ၃၀၀၀ ကျော်တယ်။ ကြက် ၁ ထောင် လောက်သေသွားတယ်။ ကြက်တွေ သေတယ်ဆိုတော့ ဒုက္ခတွေ ရောက်တာပေါ့”လို့ ပြောပါတယ်။

ဘားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာ၊ ရာအိမ်မှူး ဦးမိုးကာက “အကူအညီမပေးဘူးဆိုရင် လူတွေအခက်အခဲတွေ့တာပေါ့။ နွားသမားတွေ၊ ကြက်သမားတွေ၊ လယ်သမားတွေ အခက်အခဲတွေ့မယ်။ ကူညီပေးတယ်ဆိုတော့ အားလုံးအတွက် အဆင်ပြေတာပေါ့” လို့ ပြောပါတယ်။

အခမ်းအနားမှာ ဘားအံမြို့နယ်အတွင်းက ဇာသပြင်တိုက်နယ်၊ ထုံးအိုင်တိုက်နယ်၊ ဂျိုင်းတိုက်နယ်က ပျက်စီးလယ်ယာမြေဧက ၃၀၀၀ ကျော်အတွက် မျိုးစပါး ၅၄၀ အိတ်၊ ငါးမွေးမြူရေးအစာအိတ် ၂၀ အိတ်နဲ့ ဘားအံခရိုင်၊ ကော့ကရိတ်ခရိုင်အတွင်းက တပိုင်တနိုင်ငါးမွေးမြူတဲ့ တောင်သူတွေအတွက် အစာတောင့်အိတ် ၁၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးပြီး မိုးစပါးဧက ၁၅၀၀၀ ကျော်၊ ငါးမွေးကန် ဧက ၇၀၀ ကျော်ရေနစ်မြှပ်ပျက်စီးခဲ့သလို မွေးမြူရေးကြက်ခြံတချို့ လေပြင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့ပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်က အတွေ့အကြုံတွေကိုရယူပြီး တောင်သူတွေ အခက်အခဲမရှိစေဖို့ ဆင်းသုခမျိုးစပါးတင်း ၄၀၀၀၊ ရက် ၉၀ ၁၀၀၀၊ လုံးသွယ်မွှေးမျိုးစပါး တင်း ၁၀၀ စုစုပေါင်းတင်း ၅၁၀၀၊ ဓာတ်မြေသြဇာအိတ် ၁ သောင်းကို အရန်သင့် စုဆောင်းဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။




ေရႀကီးေရလွ်ံမႈ ပ်က္စီးဆုံးရႈံးစာရင္း အျမန္ဆုံးတင္ျပရန္ ကရင္ဝန္ႀကီးတိုက္တြန္း
DVB
ကရင္ျပည္နယ္အတြင္း ေရႀကီးေရလွ်ံမႈေတြေၾကာင့္ ပ်က္စီးဆုံးရႈံးခဲ့တဲ့စာရင္းေတြကို သက္ဆိုင္ရာေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြက စာရင္းတိတိက်က်နဲ႔ အျမန္ဆုံးေပးအပ္ဖို႔ ကရင္ျပည္နယ္အစိုးရအဖြဲ႕၊ မြန္တိုင္းရင္းသားေရးရာ ဝန္ႀကီး ဦးမင္းတင္ဝင္းက ဒီဗြီဘီကို ေျပာပါတယ္။

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ ဇာသျပင္(ေကာ့က်ိဳက္) ေက်း႐ြာမွာ ေရႀကီးေရလွ်ံမႈေၾကာင့္ ပ်က္စီးဆုံးရႈံးခဲ့တဲ့ လယ္ေျမေတြကို မ်ိဳးစပါးနဲ႔ ငါးေမြးကန္ေတြအတြက္ ေမြးျမဴေရးအစာနဲ႔ ငါးအစာေတာင့္ ေထာက္ပံ့ေပးအပ္ပြဲမွာ အခုလို ေျပာဆိုခဲ့တာပါ။

ကရင္ျပည္နယ္အစိုးရအဖြဲ႕၊ မြန္တိုင္းရင္းသားေရးရာဝန္ႀကီး ဦးမင္းတင္ဝင္းက “သက္ဆိုင္ရာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြကလည္း ကိုယ့္႐ြာမွာ လယ္ဘယ္ႏွဧကေလာက္ ပ်က္သြားလဲ။ ငါးကန္ေတြ ဘယ္ႏွကန္ေရလွ်ံသြားလဲ။ ဒါကို စာရင္းတိတိက်က်နဲ႔ အျမန္ဆုံးေပးဖို႔လိုတယ္။ အစိုးရအေနနဲ႔ နားေထာင္ေနတယ္။ သတင္းေပါင္းစပ္မိသြားရင္ သူတို႔အတြက္ေကာင္းတာေပါ့”လို႔ ေျပာပါတယ္။

ဘားအံၿမိဳ႕နယ္၊ ဇာသျပင္ေက်း႐ြာ၊ ေဒၚစန္းရီက “ၾကက္႐ုံတ႐ုံက ၃၀၀၀ ေက်ာ္တယ္။ ၾကက္ ၁ ေထာင္ ေလာက္ေသသြားတယ္။ ၾကက္ေတြ ေသတယ္ဆိုေတာ့ ဒုကၡေတြ ေရာက္တာေပါ့”လို႔ ေျပာပါတယ္။

ဘားအံၿမိဳ႕နယ္၊ ေကာ့က်ိဳက္ေက်း႐ြာ၊ ရာအိမ္မႉး ဦးမိုးကာက “အကူအညီမေပးဘူးဆိုရင္ လူေတြအခက္အခဲေတြ႕တာေပါ့။ ႏြားသမားေတြ၊ ၾကက္သမားေတြ၊ လယ္သမားေတြ အခက္အခဲေတြ႕မယ္။ ကူညီေပးတယ္ဆိုေတာ့ အားလုံးအတြက္ အဆင္ေျပတာေပါ့” လို႔ ေျပာပါတယ္။

အခမ္းအနားမွာ ဘားအံၿမိဳ႕နယ္အတြင္းက ဇာသျပင္တိုက္နယ္၊ ထုံးအိုင္တိုက္နယ္၊ ဂ်ိဳင္းတိုက္နယ္က ပ်က္စီးလယ္ယာေျမဧက ၃၀၀၀ ေက်ာ္အတြက္ မ်ိဳးစပါး ၅၄၀ အိတ္၊ ငါးေမြးျမဴေရးအစာအိတ္ ၂၀ အိတ္နဲ႔ ဘားအံခ႐ိုင္၊ ေကာ့ကရိတ္ခ႐ိုင္အတြင္းက တပိုင္တႏိုင္ငါးေမြးျမဴတဲ့ ေတာင္သူေတြအတြက္ အစာေတာင့္အိတ္ ၁၀၀ ကို ေထာက္ပံ့ေပးအပ္ခဲ့ပါတယ္။

ကရင္ျပည္နယ္အတြင္း စိုက္ပ်ိဳးၿပီး မိုးစပါးဧက ၁၅၀၀၀ ေက်ာ္၊ ငါးေမြးကန္ ဧက ၇၀၀ ေက်ာ္ေရနစ္ျမႇပ္ပ်က္စီးခဲ့သလို ေမြးျမဴေရးၾကက္ၿခံတခ်ိဳ႕ ေလျပင္းတိုက္ခိုက္မႈေတြေၾကာင့္ ပ်က္စီးခဲ့ပါတယ္။

ျပည္နယ္အစိုးရအေနနဲ႔ ၂၀၁၈ ခုႏွစ္က အေတြ႕အႀကဳံေတြကိုရယူၿပီး ေတာင္သူေတြ အခက္အခဲမရွိေစဖို႔ ဆင္းသုခမ်ိဳးစပါးတင္း ၄၀၀၀၊ ရက္ ၉၀ ၁၀၀၀၊ လုံးသြယ္ေမႊးမ်ိဳးစပါး တင္း ၁၀၀ စုစုေပါင္းတင္း ၅၁၀၀၊ ဓာတ္ေျမၾသဇာအိတ္ ၁ ေသာင္းကို အရန္သင့္ စုေဆာင္းဝယ္ယူခဲ့တယ္လို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013