DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်း၌ သြဂုတ်လအတွင်း ယာဉ်မတော်တဆမှု ၃၅ မှုဖြစ်၊ ၆ ဦး သေဆုံး
DVB
·
September 1, 2019
ရန်ကုန်-မန္တလေး အမြန်လမ်း၌ သြဂုတ်လအတွင်း ယာဉ်မတော်တဆမှု ၃၅ မှုဖြစ်၊ ၆ ဦး သေဆုံး
Donate to DVB

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ရန်ကုန်-မန္တလေးအမြန်လမ်းတလျှောက် ယာဉ်မတော်တဆဖြစ်ပြီး လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။

စုစုပေါင်း မတော်တဆမှု ၃၅ မှု ဖြစ်ခဲ့ပြီး ကားအသေးတွေက ၂၅ မှုနဲ့ အများဆုံး၊ ဆိုင်ကယ်နဲ့ ခရီးသည်တင်ယာဉ်က ၄ မှုစီ၊ ကုန်သေတ္တာတင်ယာဉ်က ၂ မှု ဖြစ်ခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒဏ်ရာရသူကတော့ ၃၂ ယောက်ရှိပြီး ဒါဟာ အရင်လတွေကထက်လျော့နည်းသွားတယ်လို့လည်း ဆိုပါတယ်။

မနှစ်က တနှစ်လုံးမှာ ယာဉ်မတော်တဆမှုပေါင်း ၄၀၀ ကျော်ရှိခဲ့ပြီး လူ ၁၀၀ ကျော်သေဆုံးခဲ့သလို ပြီးခဲ့တဲ့ လေးနှစ်အတွင်း လူ ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရန္ကုန္-မႏၲေလး အျမန္လမ္း၌ ၾသဂုတ္လအတြင္း ယာဥ္မေတာ္တဆမႈ ၃၅ မႈျဖစ္၊ ၆ ဦး ေသဆုံး

ၿပီးခဲ့တဲ့ ၾသဂုတ္လထဲမွာ ရန္ကုန္-မႏၲေလးအျမန္လမ္းတေလွ်ာက္ ယာဥ္မေတာ္တဆျဖစ္ၿပီး လူ ၆ ေယာက္ ေသဆုံးခဲ့ပါတယ္။

စုစုေပါင္း မေတာ္တဆမႈ ၃၅ မႈ ျဖစ္ခဲ့ၿပီး ကားအေသးေတြက ၂၅ မႈနဲ႔ အမ်ားဆုံး၊ ဆိုင္ကယ္နဲ႔ ခရီးသည္တင္ယာဥ္က ၄ မႈစီ၊ ကုန္ေသတၱာတင္ယာဥ္က ၂ မႈ ျဖစ္ခဲ့တယ္လို႔ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕က ဆိုပါတယ္။

ဒဏ္ရာရသူကေတာ့ ၃၂ ေယာက္ရွိၿပီး ဒါဟာ အရင္လေတြကထက္ေလ်ာ့နည္းသြားတယ္လို႔လည္း ဆိုပါတယ္။

မႏွစ္က တႏွစ္လုံးမွာ ယာဥ္မေတာ္တဆမႈေပါင္း ၄၀၀ ေက်ာ္ရွိခဲ့ၿပီး လူ ၁၀၀ ေက်ာ္ေသဆုံးခဲ့သလို ၿပီးခဲ့တဲ့ ေလးႏွစ္အတြင္း လူ ၅၀၀ ေက်ာ္ ေသဆုံးခဲ့တယ္လို႔ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013