DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ၄ မြို့နယ်တွင် အင်တာနက်လိုင်းများ ပြန်လည်အသုံးပြုခွင့်ရရှိ
DVB
·
September 1, 2019
ရခိုင်ပြည်နယ် ၄ မြို့နယ်တွင် အင်တာနက်လိုင်းများ ပြန်လည်အသုံးပြုခွင့်ရရှိ
Donate to DVB

၂ လကျော်ကြာ အင်တာနက်လိုင်းတွေ အပိတ်ခံထားရတဲ့ ရခိုင်နဲ့ချင်းပြည်နယ် မြို့ ၉ ခုထဲက ၄ ခုကို ဒီနေ့မနက် ၂  နာရီက စတင်ပြီး တရားဝင် ပြန်လည်အသုံးပြုခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

ဒီနေ့မနက်အစောပိုင်း ၁ နာရီလောက်ကစပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တွေမှာ အင်တာနက် ပြန်အသုံးပြုလို့ ရရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အခုလက်ရှိမှာ MPT အပါအဝင် Mytel၊ တယ်လီနောနဲ့ အော်ရီဒူးလိုင်းတွေလည်း အသုံးပြုနိုင်ပြီလို့ သိရပါတယ်။ 

ရခိုင်ပြည်နယ်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့ အပါအဝင် မြို့နယ် ၉ ခုကို ဇွန်လ ၂၁ ရက်နေ့မှစတင်ကာ ၂ လကျော်ကြာ အင်တာနက်လိုင်းတွေ ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။‌ေ

ငြိမ်းချမ်းရေးကော်မရှင်နဲ့ မဟာမိတ်အဖွဲ့ ၄ ဖွဲ့ဖြစ်တဲ့ TNLA၊ MNDAA၊ AA နှင့် KIO တို့က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ Amazing Kengton Resort မှာ တွေ့ဆုံဆွေးနွေးကြပြီးနောက် အခုလို အင်တာနက်လိုင်းတွေ ပြန်အသုံးပြုခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

ကောင်းကောင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရခိုင္ျပည္နယ္ ၄ ၿမိဳ႕နယ္တြင္ အင္တာနက္လိုင္းမ်ား ျပန္လည္အသုံးျပဳခြင့္ရရွိ

၂ လေက်ာ္ၾကာ အင္တာနက္လိုင္းေတြ အပိတ္ခံထားရတဲ့ ရခိုင္နဲ႔ခ်င္းျပည္နယ္ ၿမိဳ႕ ၉ ခုထဲက ၄ ခုကို ဒီေန႔မနက္ ၂  နာရီက စတင္ၿပီး တရားဝင္ ျပန္လည္အသုံးျပဳခြင့္ျပဳလိုက္ၿပီလို႔ သိရပါတယ္။

ဒီေန႔မနက္အေစာပိုင္း ၁ နာရီေလာက္ကစၿပီး ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္နဲ႔ ေျမပုံၿမိဳ႕နယ္ေတြမွာ အင္တာနက္ ျပန္အသုံးျပဳလို႔ ရရွိခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္။

အခုလက္ရွိမွာ MPT အပါအဝင္ Mytel၊ တယ္လီေနာနဲ႔ ေအာ္ရီဒူးလိုင္းေတြလည္း အသုံးျပဳႏိုင္ၿပီလို႔ သိရပါတယ္။

ရခိုင္ျပည္နယ္က ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံနဲ႔ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕ အပါအဝင္ ၿမိဳ႕နယ္ ၉ ခုကို ဇြန္လ ၂၁ ရက္ေန႔မွစတင္ကာ ၂ လေက်ာ္ၾကာ အင္တာနက္လိုင္းေတြ ပိတ္ထားခဲ့တာလည္း ျဖစ္ပါတယ္။‌ေ

ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ မဟာမိတ္အဖြဲ႕ ၄ ဖြဲ႕ျဖစ္တဲ့ TNLA၊ MNDAA၊ AA ႏွင့္ KIO တို႔က ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ ၃၁ ရက္ေန႔က ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ရွိ Amazing Kengton Resort မွာ ေတြ႕ဆုံေဆြးေႏြးၾကၿပီးေနာက္ အခုလို အင္တာနက္လိုင္းေတြ ျပန္အသုံးျပဳခြင့္ရခဲ့တာလည္း ျဖစ္ပါတယ္။

ေကာင္းေကာင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013