DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် တောဆင်ရိုင်းများ ဝင်ရောက်၍ စပါးနှင့် ကြံစိုက်ခင်းများ ပျက်စီး
DVB
·
September 1, 2019
တိုက်ကြီးတွင် တောဆင်ရိုင်းများ ဝင်ရောက်၍ စပါးနှင့် ကြံစိုက်ခင်းများ ပျက်စီး
Donate to DVB

တိုက်ကြီးမြို့နယ်၊ စဉ်ကျေးရွာမှာ တောဆင်ရိုင်းတွေ ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် စပါးစိုက်ခင်းတွေနဲ့ ကြံစိုက်ခင်းအချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကျေးရွာပြည်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဩဂုတ် ၂၆ ရက်နေ့ကစတင်ပြီး စပါးစိုက်ခင်းတွေကို ညဘက် ဝင်ရောက်စားသောက် ဖျက်ဆီးခဲ့တာကြောင့် ၅ ဧကကျော် ပျက်စီးခဲ့တယ်လို့ တောင်သူဦးစိုးနိုင်ဦးက ပြောပါတယ်။

“ကျနော့်လယ်ထဲကို ၂၆ ရက်နေ့က ဆင် ၄ ကောင်ဝင်တယ်။ ၂၈ ရက်နေ့နဲ့၂၉ ရက်နေ့မှာဆင် ၂ ကောင်စီဝင်ပြီး ထပ်ဖျက်ဆီးသွားတယ်။ ၅ ဧကကျော်ကျော် ပျက်စီးသွားတယ်။ သစ်တောနဲ့မြို့အုပ်ချူပ်ရေးမှူးရုံးကို သွားပြောတော့ ဆင်ဝင်လာရင် ပြောပါတဲ့၊ လာမောင်းပေးမယ် ပြောတယ်။ ဆင်တွေက ညဘက်ဝင်တယ်။ မနက်ပိုင်းဆို ပြန်ထွက်သွားတယ်၊ သွားလည် းမမောင်းရဲဘူး။ ဆင်တွေက လူတွေ့တာနဲ့ အန္တရာယ်ပေးဖို့ လုပ်နေတော့ မမောင်းရဲဘူး ကြည့်နေရတယ်။"

ရပ်မိရပ်ဖ ဦးသန်းလွင်က "အရင်နှစ်တွေက စပါးပေါ်ချိန်များမှာသာ ဝင်ရောက်စားသောက်ဖျက်ဆီးခဲ့တာ၊ ဒီနှစ်မှာတော့ စိုက်ပျိုးပြီး သီးနှံစထွက်ချိန်မှာ ဝင်ရောက်စားသောက် ဖျက်ဆီးခဲ့တာကြောင့် ဘဏ်ချေးငွေချေးပြီး စိုက်ပျိုးရတဲ့တောင်သူတွေ စိုက်ဘဏ်ချေးငွေ ပြန်ဆပ်ဖို့ အခက်အခဲရှိတယ်။ တခြားရွာတွေမှာလည်း ဆင်တွေ ဝင်တယ်လို့ သိရတယ်။ ဆင်တွေက ရွာတွေထဲအထိပါ ဝင်ပြီး အစားအသောက်ရှာတယ်။ ရွာအနားမှာ ရှိတဲ့ တဲတွေကို ဖျက်ဆီးတာတွေ လူကို နင်းသတ်တာတွေလည်း ရှိတယ်"လို့ ပြောပါတယ်။

၁၉၉၆ ခုနှစ် ဥက္ကံမြို့ တဘူးလှဆည် တည်ဆောက်ပြီး နောက်ပိုင်း တောဆင်ရိုင်းတွေ စားကျက်ပျောက်ခဲ့တဲ့အတွက် လူနေကျေးရွာတွေအထိ ဝင်ရောက်လာခဲ့ပြီး စိုက်ပျိုးထားတဲ့ စပါး၊ ကြံ၊ ကလောနဲ့ ငှက်ပျောစိုက်ခင်းတွေကို ဝင်ရောက်စားသောက် ဖျက်ဆီးတာ၊ လူနေအိမ်တွေမှာရှိတဲ့ ဆန် ၊ ငပိ၊ ငါးခြောက်တွေနဲ့ အစားအသောက်တွေ ဝင်ရောက်စားသောက် ဖျက်ဆီးတာတွေ ရှိနေပြီး လူကိုပါ အသက်အန္တရာယ်ပြုတာတွေ နင်းသတ်တာတွေပါ ပြုလုပ်လာပါတယ်။

၂၀၁၅ ခုနှစ်က စတင်ကာ ဆင်သတ်မုဆိုးတွေကြောင့် တောဆင်ရိုင်း ၁၀ ကောင်နဲ့အထက် အသတ်ခံရပြီး သားရေ၊ အစွယ်နဲ့ နှာမောင်းတွေကို ဖြတ်တောက် ယူဆောင်တာတွေ ရှိခဲ့ပါတယ်။

မေသွယ်

~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

တိုက္ႀကီးတြင္ ေတာဆင္႐ိုင္းမ်ား ဝင္ေရာက္၍ စပါးႏွင့္ ႀကံစိုက္ခင္းမ်ား ပ်က္စီး

တိုက္ႀကီးၿမိဳ႕နယ္၊ စဥ္ေက်း႐ြာမွာ ေတာဆင္႐ိုင္းေတြ ဝင္ေရာက္ဖ်က္ဆီးခဲ့တာေၾကာင့္ စပါးစိုက္ခင္းေတြနဲ႔ ႀကံစိုက္ခင္းအခ်ိဳ႕ ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔ ေက်း႐ြာျပည္သူေတြက ဒီဗြီဘီကို ေျပာပါတယ္။

ဩဂုတ္ ၂၆ ရက္ေန႔ကစတင္ၿပီး စပါးစိုက္ခင္းေတြကို ညဘက္ ဝင္ေရာက္စားေသာက္ ဖ်က္ဆီးခဲ့တာေၾကာင့္ ၅ ဧကေက်ာ္ ပ်က္စီးခဲ့တယ္လို႔ ေတာင္သူဦးစိုးႏိုင္ဦးက ေျပာပါတယ္။

“က်ေနာ့္လယ္ထဲကို ၂၆ ရက္ေန႔က ဆင္ ၄ ေကာင္ဝင္တယ္။ ၂၈ ရက္ေန႔နဲ႔၂၉ ရက္ေန႔မွာဆင္ ၂ ေကာင္စီဝင္ၿပီး ထပ္ဖ်က္ဆီးသြားတယ္။ ၅ ဧကေက်ာ္ေက်ာ္ ပ်က္စီးသြားတယ္။ သစ္ေတာနဲ႔ၿမိဳ႕အုပ္ခ်ဴပ္ေရးမႉး႐ုံးကို သြားေျပာေတာ့ ဆင္ဝင္လာရင္ ေျပာပါတဲ့၊ လာေမာင္းေပးမယ္ ေျပာတယ္။ ဆင္ေတြက ညဘက္ဝင္တယ္။ မနက္ပိုင္းဆို ျပန္ထြက္သြားတယ္၊ သြားလည္ းမေမာင္းရဲဘူး။ ဆင္ေတြက လူေတြ႕တာနဲ႔ အႏၲရာယ္ေပးဖို႔ လုပ္ေနေတာ့ မေမာင္းရဲဘူး ၾကည့္ေနရတယ္။"

ရပ္မိရပ္ဖ ဦးသန္းလြင္က "အရင္ႏွစ္ေတြက စပါးေပၚခ်ိန္မ်ားမွာသာ ဝင္ေရာက္စားေသာက္ဖ်က္ဆီးခဲ့တာ၊ ဒီႏွစ္မွာေတာ့ စိုက္ပ်ိဳးၿပီး သီးႏွံစထြက္ခ်ိန္မွာ ဝင္ေရာက္စားေသာက္ ဖ်က္ဆီးခဲ့တာေၾကာင့္ ဘဏ္ေခ်းေငြေခ်းၿပီး စိုက္ပ်ိဳးရတဲ့ေတာင္သူေတြ စိုက္ဘဏ္ေခ်းေငြ ျပန္ဆပ္ဖို႔ အခက္အခဲရွိတယ္။ တျခား႐ြာေတြမွာလည္း ဆင္ေတြ ဝင္တယ္လို႔ သိရတယ္။ ဆင္ေတြက ႐ြာေတြထဲအထိပါ ဝင္ၿပီး အစားအေသာက္ရွာတယ္။ ႐ြာအနားမွာ ရွိတဲ့ တဲေတြကို ဖ်က္ဆီးတာေတြ လူကို နင္းသတ္တာေတြလည္း ရွိတယ္"လို႔ ေျပာပါတယ္။

၁၉၉၆ ခုႏွစ္ ဥကၠံၿမိဳ႕ တဘူးလွဆည္ တည္ေဆာက္ၿပီး ေနာက္ပိုင္း ေတာဆင္႐ိုင္းေတြ စားက်က္ေပ်ာက္ခဲ့တဲ့အတြက္ လူေနေက်း႐ြာေတြအထိ ဝင္ေရာက္လာခဲ့ၿပီး စိုက္ပ်ိဳးထားတဲ့ စပါး၊ ႀကံ၊ ကေလာနဲ႔ ငွက္ေပ်ာစိုက္ခင္းေတြကို ဝင္ေရာက္စားေသာက္ ဖ်က္ဆီးတာ၊ လူေနအိမ္ေတြမွာရွိတဲ့ ဆန္ ၊ ငပိ၊ ငါးေျခာက္ေတြနဲ႔ အစားအေသာက္ေတြ ဝင္ေရာက္စားေသာက္ ဖ်က္ဆီးတာေတြ ရွိေနၿပီး လူကိုပါ အသက္အႏၲရာယ္ျပဳတာေတြ နင္းသတ္တာေတြပါ ျပဳလုပ္လာပါတယ္။

၂၀၁၅ ခုႏွစ္က စတင္ကာ ဆင္သတ္မုဆိုးေတြေၾကာင့္ ေတာဆင္႐ိုင္း ၁၀ ေကာင္နဲ႔အထက္ အသတ္ခံရၿပီး သားေရ၊ အစြယ္နဲ႔ ႏွာေမာင္းေတြကို ျဖတ္ေတာက္ ယူေဆာင္တာေတြ ရွိခဲ့ပါတယ္။

ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013