DVB Logo
Home
မြန်မာသတင်း
မော်ချီးတွင် ကျောက်တောင်မြေ ပြိုကျ၊ လူနေအိမ်နှင့် သောက်သုံးရေထွက်ပေါက် ပျက်စီး
DVB
·
August 31, 2019
မော်ချီးတွင် ကျောက်တောင်မြေ ပြိုကျ၊ လူနေအိမ်နှင့် သောက်သုံးရေထွက်ပေါက် ပျက်စီး
1 / 5
Donate to DVB

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ မနေ့ညက မိုးသည်းထန်စွာ ရွာပြီး တောင်ပြိုမှု ဖြစ်ပွားခဲ့လို့  လူနေအိမ်တွေနဲ့ ကျေးရွာသုံး သောက်သုံးရေပေါက် ပျက်စီးသွားပါတယ်။

မော်ချီးသတ္တုတွင်း အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားတဲ့ ၁၃ ကုန်း မြောက်ဘက် KB1 ကျောက်တောင်ဘက်မှာ မနေ့ည ၉ နာရီခန့်က ပြိုကျခဲ့လို့ လူနေအိမ်တချို့နဲ့  ၁၃ ကုန်း ကျေးရွာသုံး သောက်သုံးရေပေါက် ပျက်စီးသွားခဲ့တာလို့ အဲဒီကျေးရွာမှာ နေထိုင်တဲ့ ပပွာကလူ ကရင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ နော်မားဂစိန်က ပြောပါတယ်။

“မနေ့ည ၇ နာရီလောက်မှာ မိုးတအားရွာလိုက်တယ်။ ပြီးတော့ မိုးကြိုးပစ်တယ်။ လေတွေ တအားတိုက်တယ်။ လေတွေ တအားတိုက်ပြီးတော့ ၈ နာရီခွဲဆိုတာနဲ့ တောင်က စပြိုတာပေါ့နော်။ ည ၁၁ နာရီအထိ တဖွဲဖွဲကျတုန်း ရှိတယ်။ အဲဒီ ၈ နာရီခွဲကနေ ၁ နာရီနီပါး အတုံးကြီးတွေ တောက်လျှောက်ကျတာပေါ့နော်။ အဲဒီမှာ ဇရပ်တဲတလုံးရယ်၊ ကားဂိတ်အပေါ်က အိမ်တလုံးရယ်၊ နောက်ပြီးတော့ ကျမတို့တရွာလုံး အားထားတဲ့ KB 1 သောက်ရေထွက်တဲ့ ကျင်းကလည်း ကျောက်တုံးနဲ့ ပိတ်နေတယ်။ နောက်ပြီး‌တော့ ဓာတ်တိုင်မီးကြိုးတွေကလည်း ပျက်တယ်ပေါ့နော်။  အဲတော့ လျှပ်စစ်မီးကတော့ တလလောက်တော့ ရဖို့ မရှိဘူးလို့ ကျမ မြင်တယ်ပေါ့နော်”

ဒါ့အပြင် ညသန်းခေါင်ကျော် အချိန်မှာလည်း ထပ်ပြိုခဲ့သလို လက်ရှိမှာလည်း မိုးဆက်တိုက် ရွာနေတဲ့အတွက်လည်း မြေထပ်ပြိုနိုင်တဲ့ အနေအထား ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ 

လတ်တလောမှာတော့ ကျောက်ပြိုတဲ့ နေရာတွေကို တပ်မတော်သားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ရှင်းလင်းမှုတွေ လုပ်ဆောင်နေပါတယ်။

၁၃ ကုန်းရွာက အန္တရာယ်ရှိနိုင်တဲ့ နေအိမ် ၂၅ လုံးခန့်ရှိနေပြီး မိုးဆက်လက် ရွာသွန်းမယ် ဆိုရင်တော့ အဲဒီနေအိမ်တွေပါ ပျက်စီးနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း နော်မားဂရက်စိန်က ပြောပါတယ်။

အဆိုပါ ၁၃ ကုန် KB1 နေရာဟာ အန္တရာယ်ဖြစ်နိုင်တဲ့ နေရာတွေ ဖြစ်ပြီး ပြိးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဘူမိဗေဒပညာရှင်အဖွဲ့က နေထိုင်ရန် မသင့်သလို တောင် အချိန်မရွေး ပြိုနိုင်တာကြောင့် တောင်အောက် ခဲကျင်းတွေ မတူးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် ဘာမှ ထိရောက်မှုမရှိခဲ့ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

“ကျမတို့ တရွာလုံး အားကိုးရတဲ့ ဒီရေ ဒီတောင်က ပြိုလို့မရဘူး။ အောက်ခြေကနေ ကျမကိုယ်တိုင်ပဲ ကျင်းတွေ မတူးဖို့ တောင်းဆိုထားတယ်။ နောက် ကျမက အဲဒီမှာ ချောင်း ခဲလုပ်တာကိုလည်း ပိတ်ဖို့ ကျမ ပြောခဲ့တယ်။ ၁၄ ရက် ၁၁ လ ၂၀၁၈ မှာ တောင်းဆိုတယ်။ နောက်ပြီး အပေါ်ကနေ မြေဇာ ဖျော်ချတာကို မလုပ်ဖို့ ပြောတယ်။ ဒါပေမဲ့ ဘာမှ အကာအကွယ် မရလိုက်ဘူး။ သူတို့ တားဆီးထားတာလည်း မရှိဘူး။ အခုလို ပြိုတဲ့အချိန်မှာကျတော့ ကျမတို့ အားကိုးရတဲ့ ရေတော့ ကျောက်တုံးတွေနဲ့ ပိတ်နေတယ်ပေါ့နော်”

လက်ရှိ တောင်ပြိုကျတဲ့နေရာဟာ ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့က ပြိုကျခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။  လက်ရှိမှာလည်း အက်ကြောင်းတွေ ဖြစ်ပေါ်နေပါတယ်။

~~~~~~~~~~~~~~~~~~~

Zawgyi_version

ေမာ္ခ်ီးတြင္ ေက်ာက္ေတာင္ေျမ ၿပိဳက်၊ လူေနအိမ္ႏွင့္ ေသာက္သုံးေရထြက္ေပါက္ ပ်က္စီး

ကယားျပည္နယ္၊ ဖားေဆာင္းၿမိဳ႕နယ္ ေမာ္ခ်ီးေဒသမွာ မေန႔ညက မိုးသည္းထန္စြာ ႐ြာၿပီး ေတာင္ၿပိဳမႈ ျဖစ္ပြားခဲ့လို႔  လူေနအိမ္ေတြနဲ႔ ေက်း႐ြာသုံး ေသာက္သုံးေရေပါက္ ပ်က္စီးသြားပါတယ္။

ေမာ္ခ်ီးသတၱဳတြင္း အႏၲရာယ္ဇုန္အျဖစ္ သတ္မွတ္ထားတဲ့ ၁၃ ကုန္း ေျမာက္ဘက္ KB1 ေက်ာက္ေတာင္ဘက္မွာ မေန႔ည ၉ နာရီခန႔္က ၿပိဳက်ခဲ့လို႔ လူေနအိမ္တခ်ိဳ႕နဲ႔  ၁၃ ကုန္း ေက်း႐ြာသုံး ေသာက္သုံးေရေပါက္ ပ်က္စီးသြားခဲ့တာလို႔ အဲဒီေက်း႐ြာမွာ ေနထိုင္တဲ့ ပပြာကလူ ကရင္အမ်ိဳးသမီးအဖြဲ႕ ဥကၠ႒ ေနာ္မားဂစိန္က ေျပာပါတယ္။

“မေန႔ည ၇ နာရီေလာက္မွာ မိုးတအား႐ြာလိုက္တယ္။ ၿပီးေတာ့ မိုးႀကိဳးပစ္တယ္။ ေလေတြ တအားတိုက္တယ္။ ေလေတြ တအားတိုက္ၿပီးေတာ့ ၈ နာရီခြဲဆိုတာနဲ႔ ေတာင္က စၿပိဳတာေပါ့ေနာ္။ ည ၁၁ နာရီအထိ တဖြဲဖြဲက်တုန္း ရွိတယ္။ အဲဒီ ၈ နာရီခြဲကေန ၁ နာရီနီပါး အတုံးႀကီးေတြ ေတာက္ေလွ်ာက္က်တာေပါ့ေနာ္။ အဲဒီမွာ ဇရပ္တဲတလုံးရယ္၊ ကားဂိတ္အေပၚက အိမ္တလုံးရယ္၊ ေနာက္ၿပီးေတာ့ က်မတို႔တ႐ြာလုံး အားထားတဲ့ KB 1 ေသာက္ေရထြက္တဲ့ က်င္းကလည္း ေက်ာက္တုံးနဲ႔ ပိတ္ေနတယ္။ ေနာက္ၿပီး‌ေတာ့ ဓာတ္တိုင္မီးႀကိဳးေတြကလည္း ပ်က္တယ္ေပါ့ေနာ္။  အဲေတာ့ လွ်ပ္စစ္မီးကေတာ့ တလေလာက္ေတာ့ ရဖို႔ မရွိဘူးလို႔ က်မ ျမင္တယ္ေပါ့ေနာ္”

ဒါ့အျပင္ ညသန္းေခါင္ေက်ာ္ အခ်ိန္မွာလည္း ထပ္ၿပိဳခဲ့သလို လက္ရွိမွာလည္း မိုးဆက္တိုက္ ႐ြာေနတဲ့အတြက္လည္း ေျမထပ္ၿပိဳႏိုင္တဲ့ အေနအထား ျဖစ္ေနတယ္လို႔လည္း ေျပာပါတယ္။

လတ္တေလာမွာေတာ့ ေက်ာက္ၿပိဳတဲ့ ေနရာေတြကို တပ္မေတာ္သားေတြနဲ႔ ကယ္ဆယ္ေရးအဖြဲ႕ေတြက သြားေရာက္ရွင္းလင္းမႈေတြ လုပ္ေဆာင္ေနပါတယ္။

၁၃ ကုန္း႐ြာက အႏၲရာယ္ရွိႏိုင္တဲ့ ေနအိမ္ ၂၅ လုံးခန႔္ရွိေနၿပီး မိုးဆက္လက္ ႐ြာသြန္းမယ္ ဆိုရင္ေတာ့ အဲဒီေနအိမ္ေတြပါ ပ်က္စီးႏိုင္တဲ့ အေနအထားမွာ ရွိေနတယ္လို႔လည္း ေနာ္မားဂရက္စိန္က ေျပာပါတယ္။

အဆိုပါ ၁၃ ကုန္ KB1 ေနရာဟာ အႏၲရာယ္ျဖစ္ႏိုင္တဲ့ ေနရာေတြ ျဖစ္ၿပီး ၿပိးခဲ့တဲ့ ၂၀၁၅ ခုႏွစ္က ဘူမိေဗဒပညာရွင္အဖြဲ႕က ေနထိုင္ရန္ မသင့္သလို ေတာင္ အခ်ိန္မေ႐ြး ၿပိဳႏိုင္တာေၾကာင့္ ေတာင္ေအာက္ ခဲက်င္းေတြ မတူးဖို႔ ေတာင္းဆိုမႈေတြ ရွိခဲ့ေပမယ့္ ဘာမွ ထိေရာက္မႈမရွိခဲ့ဘူးလို႔လည္း သူက ဆက္ေျပာပါတယ္။

“က်မတို႔ တ႐ြာလုံး အားကိုးရတဲ့ ဒီေရ ဒီေတာင္က ၿပိဳလို႔မရဘူး။ ေအာက္ေျခကေန က်မကိုယ္တိုင္ပဲ က်င္းေတြ မတူးဖို႔ ေတာင္းဆိုထားတယ္။ ေနာက္ က်မက အဲဒီမွာ ေခ်ာင္း ခဲလုပ္တာကိုလည္း ပိတ္ဖို႔ က်မ ေျပာခဲ့တယ္။ ၁၄ ရက္ ၁၁ လ ၂၀၁၈ မွာ ေတာင္းဆိုတယ္။ ေနာက္ၿပီး အေပၚကေန ေျမဇာ ေဖ်ာ္ခ်တာကို မလုပ္ဖို႔ ေျပာတယ္။ ဒါေပမဲ့ ဘာမွ အကာအကြယ္ မရလိုက္ဘူး။ သူတို႔ တားဆီးထားတာလည္း မရွိဘူး။ အခုလို ၿပိဳတဲ့အခ်ိန္မွာက်ေတာ့ က်မတို႔ အားကိုးရတဲ့ ေရေတာ့ ေက်ာက္တုံးေတြနဲ႔ ပိတ္ေနတယ္ေပါ့ေနာ္”

လက္ရွိ ေတာင္ၿပိဳက်တဲ့ေနရာဟာ ၿပီးခဲ့တဲ့ ဩဂုတ္ ၉ ရက္ေန႔က ၿပိဳက်ခဲ့တဲ့ ေနရာလည္း ျဖစ္ပါတယ္။  လက္ရွိမွာလည္း အက္ေၾကာင္းေတြ ျဖစ္ေပၚေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013