DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်မြို့စွန်တွင် လက်နက်ကြီးကျည်ကျ၍ ၅ ဦး သေဆုံး
DVB
·
August 31, 2019
ကွတ်ခိုင်မြို့စွန်တွင် လက်နက်ကြီးကျည်ကျ၍ ၅ ဦး သေဆုံး
1 / 2
Donate to DVB

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နားဝိုင်ကျေးရွာအုပ်စု မော်ဟစ်ရွာရှိ ဦးဇော်ဘောက် ဆိုသူရဲ့ နေအိမ်မှာ ဒီနေ့မနက် ၁၀ နာရီခွဲအချိန်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့  ၅ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျ ပေါက်ကွဲချိန်မှာ ၄ ယောက်က အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ရသလို ၁ ယောက်ကတော့ ကွတ်ခိုင်ပြည်သူ့ဆေးရုံအ‌ရောက်မှာ သေဆုံးခဲ့ရတာပါ။ သေဆုံးခဲ့တဲ့အထဲမှာ ကလေးအမေနဲ့ လသားအရွယ် ကလေးငယ်တယောက် ပါဝင်ပါတယ်။ 

ကွတ်ခိုင်ဒေသခံတယောက်က “မြို့ပတ်ဝန်းကျင်မှာလည်း ပစ်နေတယ်။ မြို့ထဲမှာလည်း ပစ်တာပဲ။ မနက်ကတည်းက ၃ ဖွဲ့လား၊ ဘယ်နှဖွဲ့လဲတော့ မသိတော့ပါဘူး။ သူတို့က ရပ်ကွက် ၈ မှာ နေရာဝင်ယူတော့ မနက် ၇ နာရီလောက်မှာ တပ်က ဝင်ရှင်းတော့ ပစ်ကြ၊ ခတ်ကြတာ။ မြို့ပတ်လည်မှာ ပစ်ကြတာမှာတော့ တိုးဂိတ်နားက မောင်ဟစ်ရွာမှာ ၅ လအရွယ် ကလေး တယောက်နဲ့ သူ့အမေ အပါအဝင် ၅ ယောက်သေတယ်။ ၃ ယောက် ဒဏ်ရာရတယ်။ ၂ ယောက်ကတော့ လက်ပြင်နဲ့ ဂုတ်ပိုးမှာ ဒဏ်ရာရလို့ လားရှိုးဆေးရုံကို အရေးပေါ်ပို့ထားရတယ်” လို့ ပြောပါတယ်။

ဒဏ်ရာရသူ ၃ ယောက်ထဲက ၂ ယောက်ကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ဖြစ်နေလို့ လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ကျန်တယောက်ကတော့ ကွတ်ခိုင်ပြည်သူ့ဆေးရုံမှာပဲ ဆေးဝါးကုသမှု ခံယူနေပါတယ်။

ဒီနေ့မနက်ကစပြီး ကွတ်ခိုင်မြို့စွန်နားမှာ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကွတ်ခိုင်မြို့နဲ့ အနီးဆုံးနေရာတွေမှာ လက်နက်ငယ်၊ လက်နက်ကြီးသံတွေ ကြားနေရပြီး မြို့ကတော့ လုံးဝ တိတ်ဆိတ်သွားပါတယ်။ 

အခု ညနေအချိန်မှာတော့ ပစ်ခတ်တာတွေ ငြိမ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ 

“ရပ်ကွက် ၄ ဘက်မှာလည်း လက်နက်ကြီးကျည် ကျခဲ့ပေမယ့် မပေါက်ခဲ့ဘူးလို့ သိရတယ်။ အခုတော့ ငြိမ်သွားပြီ။ သွားသွားလာလာတွေ လုပ်နေကြတယ်။ စောစောက ဘာမှ မဖြစ်ခဲ့တဲ့အတိုင်းပဲ။ ကျနော်တို့ကတော့ အိမ်ထဲမှာပဲ နေနေပါတယ်။” 

မြို့အဝင် လမ်းမတွေကိုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပိတ်ဆို့ထားပြီး နေရာယူထားကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - khon jar

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ကြတ္ခိုင္ၿမိဳ႕စြန္တြင္ လက္နက္ႀကီးက်ည္က်၍ ၅ ဦး ေသဆုံး

ရွမ္းျပည္နယ္ ကြတ္ခိုင္ၿမိဳ႕နယ္ နားဝိုင္ေက်း႐ြာအုပ္စု ေမာ္ဟစ္႐ြာရွိ ဦးေဇာ္ေဘာက္ ဆိုသူရဲ႕ ေနအိမ္မွာ ဒီေန႔မနက္ ၁၀ နာရီခြဲအခ်ိန္မွာ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲခဲ့လို႔  ၅ ေယာက္ ေသဆုံးခဲ့ၿပီး ၃ ေယာက္ ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

လက္နက္ႀကီးက် ေပါက္ကြဲခ်ိန္မွာ ၄ ေယာက္က အခင္းျဖစ္ေနရာမွာ ေသဆုံးခဲ့ရသလို ၁ ေယာက္ကေတာ့ ကြတ္ခိုင္ျပည္သူ႔ေဆး႐ုံအ‌ေရာက္မွာ ေသဆုံးခဲ့ရတာပါ။ ေသဆုံးခဲ့တဲ့အထဲမွာ ကေလးအေမနဲ႔ လသားအ႐ြယ္ ကေလးငယ္တေယာက္ ပါဝင္ပါတယ္။

ကြတ္ခိုင္ေဒသခံတေယာက္က “ၿမိဳ႕ပတ္ဝန္းက်င္မွာလည္း ပစ္ေနတယ္။ ၿမိဳ႕ထဲမွာလည္း ပစ္တာပဲ။ မနက္ကတည္းက ၃ ဖြဲ႕လား၊ ဘယ္ႏွဖြဲ႕လဲေတာ့ မသိေတာ့ပါဘူး။ သူတို႔က ရပ္ကြက္ ၈ မွာ ေနရာဝင္ယူေတာ့ မနက္ ၇ နာရီေလာက္မွာ တပ္က ဝင္ရွင္းေတာ့ ပစ္ၾက၊ ခတ္ၾကတာ။ ၿမိဳ႕ပတ္လည္မွာ ပစ္ၾကတာမွာေတာ့ တိုးဂိတ္နားက ေမာင္ဟစ္႐ြာမွာ ၅ လအ႐ြယ္ ကေလး တေယာက္နဲ႔ သူ႔အေမ အပါအဝင္ ၅ ေယာက္ေသတယ္။ ၃ ေယာက္ ဒဏ္ရာရတယ္။ ၂ ေယာက္ကေတာ့ လက္ျပင္နဲ႔ ဂုတ္ပိုးမွာ ဒဏ္ရာရလို႔ လားရႈိးေဆး႐ုံကို အေရးေပၚပို႔ထားရတယ္” လို႔ ေျပာပါတယ္။

ဒဏ္ရာရသူ ၃ ေယာက္ထဲက ၂ ေယာက္ကေတာ့ စိုးရိမ္ရတဲ့ ဒဏ္ရာေတြ ျဖစ္ေနလို႔ လားရႈိးျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ခဲ့ရၿပီး က်န္တေယာက္ကေတာ့ ကြတ္ခိုင္ျပည္သူ႔ေဆး႐ုံမွာပဲ ေဆးဝါးကုသမႈ ခံယူေနပါတယ္။

ဒီေန႔မနက္ကစၿပီး ကြတ္ခိုင္ၿမိဳ႕စြန္နားမွာ တိုက္ပြဲ ျဖစ္ပြားေနတာေၾကာင့္ ကြတ္ခိုင္ၿမိဳ႕နဲ႔ အနီးဆုံးေနရာေတြမွာ လက္နက္ငယ္၊ လက္နက္ႀကီးသံေတြ ၾကားေနရၿပီး ၿမိဳ႕ကေတာ့ လုံးဝ တိတ္ဆိတ္သြားပါတယ္။

အခု ညေနအခ်ိန္မွာေတာ့ ပစ္ခတ္တာေတြ ၿငိမ္ေနတယ္လို႔ ေဒသခံတေယာက္က ေျပာပါတယ္။

“ရပ္ကြက္ ၄ ဘက္မွာလည္း လက္နက္ႀကီးက်ည္ က်ခဲ့ေပမယ့္ မေပါက္ခဲ့ဘူးလို႔ သိရတယ္။ အခုေတာ့ ၿငိမ္သြားၿပီ။ သြားသြားလာလာေတြ လုပ္ေနၾကတယ္။ ေစာေစာက ဘာမွ မျဖစ္ခဲ့တဲ့အတိုင္းပဲ။ က်ေနာ္တို႔ကေတာ့ အိမ္ထဲမွာပဲ ေနေနပါတယ္။”

ၿမိဳ႕အဝင္ လမ္းမေတြကိုလည္း ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕က ပိတ္ဆို႔ထားၿပီး ေနရာယူထားၾကဆဲ ျဖစ္တယ္လို႔ သိရပါတယ္။

ဓာတ္ပုံ - khon jar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013