DVB Logo
Home
မြန်မာသတင်း
“လူငယ်နဲ့ အနာဂတ်” ပြည်သူ့စကားဝိုင်း လက်ပံတန်းတွင် ပြုလုပ်
DVB
·
August 31, 2019
“လူငယ်နဲ့ အနာဂတ်” ပြည်သူ့စကားဝိုင်း လက်ပံတန်းတွင် ပြုလုပ်
1 / 4
Donate to DVB

"လူငယ်နဲ့ အနာဂတ်" ဆိုတဲ့ခေါင်းစဉ်နဲ့ ပြည်သူ့စကားဝိုင်းတခုကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ ၂-လမ်းရှိ မြို့နယ်ခန်းမမှာ သြဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

"လူငယ်နဲ့ အနာဂတ်" ပြည်သူ့စကားဝိုင်းကို လက်ပံတန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ လက်ပံတန်း လူမှုကယ်ဆယ်ရေးအသင်းတို့ ပူးပေါင်းကာ ပြုလုပ်ကျင်းပတာပါ။

စကားဝိုင်းမှာ  လက်ပံတန်းမြို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်၊ စာရေးဆရာ အကြည်တော်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးသန်း၊ မြို့နယ်အားကစားမှူး ဦးဇော်မျိုးလှိုင်၊ Book Club အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာ မြင့်သိန်း ရွှေတောင်တို့က ဟောပြောခဲ့ကြပါတယ်။ 

စကားဝိုင်းမှာ တက်ရောက်လာတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ မေးမြန်းချက်တွေကိုလည်း ဖြေကြားပေးခဲ့တယ်လို့ လက်ပံတန်း လူမှုကယ်ဆယ်ရေးအသင်းမှ ကိုနိုင်က ပြောပါတယ်။

စာရေးဆရာ အကြည်တော်က အခုခေတ်လူငယ်တွေအနေနဲ့ လွတ်လပ်မှုနဲ့ စာသင်ကျောင်း ဆိုရင် စာသင်ကျောင်းကိုသာ ဦးစားပေး ရွေးချယ်သင့်ကြောင်းကို "လမ်းနှစ်သွယ်" ဆိုတဲ့ ကဗျာနဲ့ ကဗျာရဲ့ ဆိုလိုရင်း အဓိပ္ပာယ် အကြောင်းအရာတွေကို တက်ရောက်လာသူ ကျောင်းသား ကျောင်းသူများကို ဦးတည်ကာ စိတ်ဝင်စားဖွယ် ရှင်းလင်းဟောပြောခဲ့တယ်လို့ တက်ရောက်လာသူ ကျောင်းသားတဦးက ပြောပါတယ်။

ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ဒီမိုကရေစီအင်္ဂါရပ်နဲ့အညီ အများပြည်သူနှင့် အစိုးရ တာဝန်ရှိသူတွေအကြား အပြန်အလှန် ဆွေးနွေးပြောကြားနိုင်တဲ့ အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးနိုင်ဖို့နဲ့ ကျောင်းသားလူငယ်တွေ စဉ်းစားတွေးခေါ်မှုနဲ့ အစုအဖွဲ့အတွင်းမှာ ပါဝင်ဆွေးနွေးတတ်တဲ့ အလေ့အကျင့်တွေ ရရှိဖို့ ဒီစကားဝိုင်းကို ကျင်းပရတာလို့ ပြောပါတယ်။

 "လူငယ်နဲ့ အနာဂတ် " ပြည်သူ့စကားဝိုင်းကို ဌာနဆိုင်ရာများ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ စုစုပေါင်း ၅၀၀ နီးပါးလောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဝဏ္ဏထွန်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

“လူငယ္နဲ႔ အနာဂတ္” ျပည္သူ႔စကားဝိုင္း လက္ပံတန္းတြင္ ျပဳလုပ္

"လူငယ္နဲ႔ အနာဂတ္" ဆိုတဲ့ေခါင္းစဥ္နဲ႔ ျပည္သူ႔စကားဝိုင္းတခုကို ပဲခူးတိုင္းေဒသႀကီး၊ သာယာဝတီခ႐ိုင္၊ လက္ပံတန္းၿမိဳ႕ ၂-လမ္းရွိ ၿမိဳ႕နယ္ခန္းမမွာ ၾသဂုတ္လ ၃၀ ရက္ေန႔က ျပဳလုပ္ခဲ့ပါတယ္။

"လူငယ္နဲ႔ အနာဂတ္" ျပည္သူ႔စကားဝိုင္းကို လက္ပံတန္းၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျပန္ၾကားေရးနဲ႔ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနနဲ႔ လက္ပံတန္း လူမႈကယ္ဆယ္ေရးအသင္းတို႔ ပူးေပါင္းကာ ျပဳလုပ္က်င္းပတာပါ။

စကားဝိုင္းမွာ  လက္ပံတန္းၿမိဳ႕ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးမ်ိဳးေအာင္၊ စာေရးဆရာ အၾကည္ေတာ္၊ ၿမိဳ႕နယ္ပညာေရးမႉး ေဒၚေအးသန္း၊ ၿမိဳ႕နယ္အားကစားမႉး ဦးေဇာ္မ်ိဳးလႈိင္၊ Book Club အဖြဲ႕ဥကၠ႒ စာေရးဆရာ ျမင့္သိန္း ေ႐ႊေတာင္တို႔က ေဟာေျပာခဲ့ၾကပါတယ္။

စကားဝိုင္းမွာ တက္ေရာက္လာတဲ့ ေက်ာင္းသား ေက်ာင္းသူေတြရဲ႕ ေမးျမန္းခ်က္ေတြကိုလည္း ေျဖၾကားေပးခဲ့တယ္လို႔ လက္ပံတန္း လူမႈကယ္ဆယ္ေရးအသင္းမွ ကိုႏိုင္က ေျပာပါတယ္။

စာေရးဆရာ အၾကည္ေတာ္က အခုေခတ္လူငယ္ေတြအေနနဲ႔ လြတ္လပ္မႈနဲ႔ စာသင္ေက်ာင္း ဆိုရင္ စာသင္ေက်ာင္းကိုသာ ဦးစားေပး ေ႐ြးခ်ယ္သင့္ေၾကာင္းကို "လမ္းႏွစ္သြယ္" ဆိုတဲ့ ကဗ်ာနဲ႔ ကဗ်ာရဲ႕ ဆိုလိုရင္း အဓိပၸာယ္ အေၾကာင္းအရာေတြကို တက္ေရာက္လာသူ ေက်ာင္းသား ေက်ာင္းသူမ်ားကို ဦးတည္ကာ စိတ္ဝင္စားဖြယ္ ရွင္းလင္းေဟာေျပာခဲ့တယ္လို႔ တက္ေရာက္လာသူ ေက်ာင္းသားတဦးက ေျပာပါတယ္။

ျပန္ၾကားေရးနဲ႔ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန ဦးစီးမႉး ေဒၚဝင့္နႏၵာေဌးက ဒီမိုကေရစီအဂၤါရပ္နဲ႔အညီ အမ်ားျပည္သူႏွင့္ အစိုးရ တာဝန္ရွိသူေတြအၾကား အျပန္အလွန္ ေဆြးေႏြးေျပာၾကားႏိုင္တဲ့ အခြင့္အလမ္းေတြကို ေဖာ္ေဆာင္ေပးႏိုင္ဖို႔နဲ႔ ေက်ာင္းသားလူငယ္ေတြ စဥ္းစားေတြးေခၚမႈနဲ႔ အစုအဖြဲ႕အတြင္းမွာ ပါဝင္ေဆြးေႏြးတတ္တဲ့ အေလ့အက်င့္ေတြ ရရွိဖို႔ ဒီစကားဝိုင္းကို က်င္းပရတာလို႔ ေျပာပါတယ္။

"လူငယ္နဲ႔ အနာဂတ္ " ျပည္သူ႔စကားဝိုင္းကို ဌာနဆိုင္ရာမ်ား ဆရာ ဆရာမေတြ၊ ေက်ာင္းသား ေက်ာင္းသူေတြ စုစုေပါင္း ၅၀၀ နီးပါးေလာက္ တက္ေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ဝဏၰထြန္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013