DVB Logo
Home
မြန်မာသတင်း
ဓားခုတ်မှုအတွက် ငွေယူခဲ့သည့် တရားရုံးအကြီးတန်းစာရေးကို အဂတိမှုဖြင့် တိုင်ချက်ဖွင့် 
DVB
·
August 31, 2019
ဓားခုတ်မှုအတွက် ငွေယူခဲ့သည့် တရားရုံးအကြီးတန်းစာရေးကို အဂတိမှုဖြင့် တိုင်ချက်ဖွင့် 
Donate to DVB

စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ်မှာ ဓားနဲ့ခုတ်ခဲ့သူ ထောင်ဒဏ် ၂ နှစ်ကျတာကို မကျေနပ်လို့ ပြင်ဆင်မှု တက်ဖို့အတွက် ကူညီမယ်ဆိုပြီး ငွေကျပ် ၅၆ သိန်းကျော် ယူခဲ့တဲ့ တရားရုံး အကြီးတန်းစာရေးကို အဂတိမှုနဲ့ တိုင်ချက်ဖွင့်ထားတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ထီးချိုင့်မြို့နယ်တရားရုံးရဲ့ ရာဇဝတ်ကြီးမှုအမှတ် ၁၄၇/၂၀၁၇ အမှုနဲ့ ပတ်သက်ပြီး တရားခံကို ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရတဲ့အပေါ် ပြစ်မှုနဲ့ ပြစ်ဒဏ် မညီမျှဘူးလို့ ယူဆတာကြောင့် ပြင်ဆင်မှု တက်ဖို့နဲ့ တရားရုံးမှာ နစ်နာကြေးရဖို့အတွက် ကူညီပေးမယ်ဆိုပြီး တရားရုံး အကြီးတန်းစာရေး (ဘိလစ်စာရေး) ဦးဌေးဝင်းက ငွေကျပ် ၅,၆၆၀,၀၀ဝိ ကို အကြိမ်ကြိမ်ခွဲပြီး ရယူခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ တောင်တန်းကျွန်းစုမှာ တရွာတည်းနေသူက ဓားနဲ့ ခုတ်ခဲ့တာကို မြို့နယ်တရားသူကြီးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့လို့ မကျေနပ်တာကြောင့် ကျူးလွန်ခံရသူဘက်က ပြင်ဆင်မှုတက်ဖို့အတွက် လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုငွေယူတာကို ကော်မရှင်ကို တိုင်ခဲ့ပြီး စုံစမ်းစစ်ဆေးရာမှာတော့ အမှုသည်ဆီကနေ တံစိုးလက်ဆောင်တွေ ရယူခဲ့တာ ပေါ်ပေါက်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ထီးချိုင့်မြို့မရဲစခန်းမှာ သြဂုတ် ၃၀ ရက်နေ့က ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ကော်မရှင်က ဆိုပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဓားခုတ္မႈအတြက္ ေငြယူခဲ့သည့္ တရား႐ုံးအႀကီးတန္းစာေရးကို အဂတိမႈျဖင့္ တိုင္ခ်က္ဖြင့္ 

စစ္ကိုင္းတိုင္း ကသာခ႐ိုင္ ထီးခ်ိဳင့္ၿမိဳ႕နယ္မွာ ဓားနဲ႔ခုတ္ခဲ့သူ ေထာင္ဒဏ္ ၂ ႏွစ္က်တာကို မေက်နပ္လို႔ ျပင္ဆင္မႈ တက္ဖို႔အတြက္ ကူညီမယ္ဆိုၿပီး ေငြက်ပ္ ၅၆ သိန္းေက်ာ္ ယူခဲ့တဲ့ တရား႐ုံး အႀကီးတန္းစာေရးကို အဂတိမႈနဲ႔ တိုင္ခ်က္ဖြင့္ထားတယ္လို႔ ေကာ္မရွင္က ထုတ္ျပန္ပါတယ္။

ထီးခ်ိဳင့္ၿမိဳ႕နယ္တရား႐ုံးရဲ႕ ရာဇဝတ္ႀကီးမႈအမွတ္ ၁၄၇/၂၀၁၇ အမႈနဲ႔ ပတ္သက္ၿပီး တရားခံကို ရာဇသတ္ႀကီးပုဒ္မ ၃၂၆ အရ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံရတဲ့အေပၚ ျပစ္မႈနဲ႔ ျပစ္ဒဏ္ မညီမွ်ဘူးလို႔ ယူဆတာေၾကာင့္ ျပင္ဆင္မႈ တက္ဖို႔နဲ႔ တရား႐ုံးမွာ နစ္နာေၾကးရဖို႔အတြက္ ကူညီေပးမယ္ဆိုၿပီး တရား႐ုံး အႀကီးတန္းစာေရး (ဘိလစ္စာေရး) ဦးေဌးဝင္းက ေငြက်ပ္ ၅,၆၆၀,၀၀ဝိ ကို အႀကိမ္ႀကိမ္ခြဲၿပီး ရယူခဲ့တယ္လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က ဆိုပါတယ္။

စစ္ကိုင္းတိုင္း၊ ထီးခ်ိဳင့္ၿမိဳ႕နယ္၊ ေတာင္တန္းကြၽန္းစုမွာ တ႐ြာတည္းေနသူက ဓားနဲ႔ ခုတ္ခဲ့တာကို ၿမိဳ႕နယ္တရားသူႀကီးက ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခဲ့လို႔ မေက်နပ္တာေၾကာင့္ က်ဴးလြန္ခံရသူဘက္က ျပင္ဆင္မႈတက္ဖို႔အတြက္ လုပ္ခဲ့တာ ျဖစ္ပါတယ္။

ဒီလိုေငြယူတာကို ေကာ္မရွင္ကို တိုင္ခဲ့ၿပီး စုံစမ္းစစ္ေဆးရာမွာေတာ့ အမႈသည္ဆီကေန တံစိုးလက္ေဆာင္ေတြ ရယူခဲ့တာ ေပၚေပါက္လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၇ အရ ထီးခ်ိဳင့္ၿမိဳ႕မရဲစခန္းမွာ ၾသဂုတ္ ၃၀ ရက္ေန႔က ပထမ သတင္းေပးတိုင္ၾကားခ်က္ဖြင့္လွစ္ၿပီး တရားစြဲဆို အေရးယူဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ေကာ္မရွင္က ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013