DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံတွင် ဆွေးနွေး
DVB
·
August 31, 2019
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံတွင် ဆွေးနွေး
Donate to DVB

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကြား ပဏာမ အပစ်ရပ် စာချုပ်မူကြမ်း အလွတ်သဘော ဆွေးနွေးပွဲကို ဒီနေ့ မနက် ၁၀ မှာ ကျိုင်းတုံမြို့နယ်က Amazing Keng Tong Resort ဟိုတယ်မှာ ပြုလုပ်နေပါတယ်။

အဲဒီဆွေးနွေးပွဲကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးတို့က ဦးဆောင် ဆွေးနွေးသွားကြမှာပါ။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်တဲ့ KIA ဘက်ကတော့ KIA ဒုတိယ ညှိနှိုင်းကွပ်ကဲရေးမှူးချုပ် ခွမ်လွန်၊ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်ထွန်းနဲ့ KIO ဗဟိုအတွင်းရေးမှူး ထင်နန်တို့က ဆွေးနွေးသွားမှာပါ။

အေအေအဖွဲ့ဘက်ကတော့ ဒုစစ်ဦးစီးချုပ်ဖြစ်တဲ့ ဒေါက်တာညိုထွန်းအောင်နဲ့ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ကျော်ဟန်တို့က ဆွေးနွေးမှာဖြစ်ပြီး TNLA ဘက်ကတော့ ဒုတိယဥက္ကဋ္ဌ ၂ တာခလန်းတို့က ဦးဆောင်ဆွေးနွေးကြမှာ ဖြစ်သလို ကိုးကန့်အဖွဲ့ဘက်ကတော့ ဒုစစ်ဦးစီးချုပ် ဖြစ်တဲ့ ဦးရန်ဝင်ကျုံးက ဦးဆောင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

မြောက်ပိုင်းအဖွဲ့တွေက အထူးဒေသ ၄ မိုင်းလားဒေသမှာ တည်းခိုနေပြီး ဒီကနေ့ အစည်းအဝေးအပြီးမှာ မိုင်းလားဒေသကို ပြန်မယ်လို့ သိရပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့က မြန်မာ့တပ်မတော်ဘက်ကနေ စစ်တိုင်း ၅ တိုင်းကို ပဏာမ အပစ်အခတ် ရပ်စဲပေးထားတဲ့ နောက်ဆုံးနေ့ဖြစ်ပြီး နောက်ထပ် အပစ်ရပ် ရက် ထပ်တိုး၊ မတိုးကတော့ ဒီကနေ့ ဆွေးနွေးပွဲ ရလဒ်တွေပေါ်မှာ မူတည်နေတယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်နေတဲ့သူတွေက သုံးသပ်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အစိုးရႏွင့္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕ က်ိဳင္းတုံတြင္ ေဆြးေႏြး

အစိုးရနဲ႔ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕ၾကား ပဏာမ အပစ္ရပ္ စာခ်ဳပ္မူၾကမ္း အလြတ္သေဘာ ေဆြးေႏြးပြဲကို ဒီေန႔ မနက္ ၁၀ မွာ က်ိဳင္းတုံၿမိဳ႕နယ္က Amazing Keng Tong Resort ဟိုတယ္မွာ ျပဳလုပ္ေနပါတယ္။

အဲဒီေဆြးေႏြးပြဲကို အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္က ဒုတိယဥကၠ႒ ဦးသိန္းေဇာ္၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္ အတြင္းေရးမႉး အၿငိမ္းစား ဒုတိယဗိုလ္ခ်ဳပ္ႀကီးခင္ေဇာ္ဦးတို႔က ဦးေဆာင္ ေဆြးေႏြးသြားၾကမွာပါ။

ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕ျဖစ္တဲ့ KIA ဘက္ကေတာ့ KIA ဒုတိယ ညႇိႏႈိင္းကြပ္ကဲေရးမႉးခ်ဳပ္ ခြမ္လြန္၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္ထြန္းနဲ႔ KIO ဗဟိုအတြင္းေရးမႉး ထင္နန္တို႔က ေဆြးေႏြးသြားမွာပါ။

ေအေအအဖြဲ႕ဘက္ကေတာ့ ဒုစစ္ဦးစီးခ်ဳပ္ျဖစ္တဲ့ ေဒါက္တာညိဳထြန္းေအာင္နဲ႔ အတြင္းေရးမႉး (၁) ဗိုလ္မႉးႀကီး ေက်ာ္ဟန္တို႔က ေဆြးေႏြးမွာျဖစ္ၿပီး TNLA ဘက္ကေတာ့ ဒုတိယဥကၠ႒ ၂ တာခလန္းတို႔က ဦးေဆာင္ေဆြးေႏြးၾကမွာ ျဖစ္သလို ကိုးကန႔္အဖြဲ႕ဘက္ကေတာ့ ဒုစစ္ဦးစီးခ်ဳပ္ ျဖစ္တဲ့ ဦးရန္ဝင္က်ဳံးက ဦးေဆာင္ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

ေျမာက္ပိုင္းအဖြဲ႕ေတြက အထူးေဒသ ၄ မိုင္းလားေဒသမွာ တည္းခိုေနၿပီး ဒီကေန႔ အစည္းအေဝးအၿပီးမွာ မိုင္းလားေဒသကို ျပန္မယ္လို႔ သိရပါတယ္။

ၾသဂုတ္လ ၃၁ ရက္ေန႔က ျမန္မာ့တပ္မေတာ္ဘက္ကေန စစ္တိုင္း ၅ တိုင္းကို ပဏာမ အပစ္အခတ္ ရပ္စဲေပးထားတဲ့ ေနာက္ဆုံးေန႔ျဖစ္ၿပီး ေနာက္ထပ္ အပစ္ရပ္ ရက္ ထပ္တိုး၊ မတိုးကေတာ့ ဒီကေန႔ ေဆြးေႏြးပြဲ ရလဒ္ေတြေပၚမွာ မူတည္ေနတယ္လို႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာ ပါဝင္ေနတဲ့သူေတြက သုံးသပ္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013