အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံတွင် ဆွေးနွေး
DVB
·
August 31, 2019

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကြား ပဏာမ အပစ်ရပ် စာချုပ်မူကြမ်း အလွတ်သဘော ဆွေးနွေးပွဲကို ဒီနေ့ မနက် ၁၀ မှာ ကျိုင်းတုံမြို့နယ်က Amazing Keng Tong Resort ဟိုတယ်မှာ ပြုလုပ်နေပါတယ်။
အဲဒီဆွေးနွေးပွဲကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးတို့က ဦးဆောင် ဆွေးနွေးသွားကြမှာပါ။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်တဲ့ KIA ဘက်ကတော့ KIA ဒုတိယ ညှိနှိုင်းကွပ်ကဲရေးမှူးချုပ် ခွမ်လွန်၊ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်ထွန်းနဲ့ KIO ဗဟိုအတွင်းရေးမှူး ထင်နန်တို့က ဆွေးနွေးသွားမှာပါ။
အေအေအဖွဲ့ဘက်ကတော့ ဒုစစ်ဦးစီးချုပ်ဖြစ်တဲ့ ဒေါက်တာညိုထွန်းအောင်နဲ့ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ကျော်ဟန်တို့က ဆွေးနွေးမှာဖြစ်ပြီး TNLA ဘက်ကတော့ ဒုတိယဥက္ကဋ္ဌ ၂ တာခလန်းတို့က ဦးဆောင်ဆွေးနွေးကြမှာ ဖြစ်သလို ကိုးကန့်အဖွဲ့ဘက်ကတော့ ဒုစစ်ဦးစီးချုပ် ဖြစ်တဲ့ ဦးရန်ဝင်ကျုံးက ဦးဆောင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
မြောက်ပိုင်းအဖွဲ့တွေက အထူးဒေသ ၄ မိုင်းလားဒေသမှာ တည်းခိုနေပြီး ဒီကနေ့ အစည်းအဝေးအပြီးမှာ မိုင်းလားဒေသကို ပြန်မယ်လို့ သိရပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့က မြန်မာ့တပ်မတော်ဘက်ကနေ စစ်တိုင်း ၅ တိုင်းကို ပဏာမ အပစ်အခတ် ရပ်စဲပေးထားတဲ့ နောက်ဆုံးနေ့ဖြစ်ပြီး နောက်ထပ် အပစ်ရပ် ရက် ထပ်တိုး၊ မတိုးကတော့ ဒီကနေ့ ဆွေးနွေးပွဲ ရလဒ်တွေပေါ်မှာ မူတည်နေတယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်နေတဲ့သူတွေက သုံးသပ်ထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
အစိုးရႏွင့္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕ က်ိဳင္းတုံတြင္ ေဆြးေႏြး
အစိုးရနဲ႔ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕ၾကား ပဏာမ အပစ္ရပ္ စာခ်ဳပ္မူၾကမ္း အလြတ္သေဘာ ေဆြးေႏြးပြဲကို ဒီေန႔ မနက္ ၁၀ မွာ က်ိဳင္းတုံၿမိဳ႕နယ္က Amazing Keng Tong Resort ဟိုတယ္မွာ ျပဳလုပ္ေနပါတယ္။
အဲဒီေဆြးေႏြးပြဲကို အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္က ဒုတိယဥကၠ႒ ဦးသိန္းေဇာ္၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္ အတြင္းေရးမႉး အၿငိမ္းစား ဒုတိယဗိုလ္ခ်ဳပ္ႀကီးခင္ေဇာ္ဦးတို႔က ဦးေဆာင္ ေဆြးေႏြးသြားၾကမွာပါ။
ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕ျဖစ္တဲ့ KIA ဘက္ကေတာ့ KIA ဒုတိယ ညႇိႏႈိင္းကြပ္ကဲေရးမႉးခ်ဳပ္ ခြမ္လြန္၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္ထြန္းနဲ႔ KIO ဗဟိုအတြင္းေရးမႉး ထင္နန္တို႔က ေဆြးေႏြးသြားမွာပါ။
ေအေအအဖြဲ႕ဘက္ကေတာ့ ဒုစစ္ဦးစီးခ်ဳပ္ျဖစ္တဲ့ ေဒါက္တာညိဳထြန္းေအာင္နဲ႔ အတြင္းေရးမႉး (၁) ဗိုလ္မႉးႀကီး ေက်ာ္ဟန္တို႔က ေဆြးေႏြးမွာျဖစ္ၿပီး TNLA ဘက္ကေတာ့ ဒုတိယဥကၠ႒ ၂ တာခလန္းတို႔က ဦးေဆာင္ေဆြးေႏြးၾကမွာ ျဖစ္သလို ကိုးကန႔္အဖြဲ႕ဘက္ကေတာ့ ဒုစစ္ဦးစီးခ်ဳပ္ ျဖစ္တဲ့ ဦးရန္ဝင္က်ဳံးက ဦးေဆာင္ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။
ေျမာက္ပိုင္းအဖြဲ႕ေတြက အထူးေဒသ ၄ မိုင္းလားေဒသမွာ တည္းခိုေနၿပီး ဒီကေန႔ အစည္းအေဝးအၿပီးမွာ မိုင္းလားေဒသကို ျပန္မယ္လို႔ သိရပါတယ္။
ၾသဂုတ္လ ၃၁ ရက္ေန႔က ျမန္မာ့တပ္မေတာ္ဘက္ကေန စစ္တိုင္း ၅ တိုင္းကို ပဏာမ အပစ္အခတ္ ရပ္စဲေပးထားတဲ့ ေနာက္ဆုံးေန႔ျဖစ္ၿပီး ေနာက္ထပ္ အပစ္ရပ္ ရက္ ထပ္တိုး၊ မတိုးကေတာ့ ဒီကေန႔ ေဆြးေႏြးပြဲ ရလဒ္ေတြေပၚမွာ မူတည္ေနတယ္လို႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာ ပါဝင္ေနတဲ့သူေတြက သုံးသပ္ထားပါတယ္။