DVB Logo
Home
မြန်မာသတင်း
မြန်မာ-တရုတ် ချစ်ကြည်ရေး သစ်ပင် ၃၃၀၀ ကျော် နေပြည်တော်တွင် စိုက်ပျိုးမည်
DVB
·
August 31, 2019
မြန်မာ-တရုတ် ချစ်ကြည်ရေး သစ်ပင် ၃၃၀၀ ကျော် နေပြည်တော်တွင် စိုက်ပျိုးမည်
Donate to DVB

မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး သစ်တောစိုက်ခင်းအဖြစ် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိ ပန်းခြံ အမှတ် (၁) ရှိ မြေနေရာ ၁၈ ဧကကျော်မှာ သစ်ပင်ပေါင်း ၃၃၀၀ ကျော် စိုက်ပျိုးမယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

စိုက်ခင်းအတွင်း ကျွန်း၊ မဟော်ဂနီ၊ သင်းဝင်၊ ပိတောက်၊ ခရေနဲ့ စိန်ပန်း စုစုပေါင်း ၃၃၅၃ ပင်ကို ၂၀၁၈ - ၂၀၁၉ ၊ ၂၀၁၉ -၂၀၂၀ ၊ ၂၀၂၀ - ၂၀၂၁ နဲ့ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွေမှာ  လေးနှစ် စီမံချက်နဲ့ စိုက်ပျိုးသွားမယ်လို့ ဆိုပါတယ်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့ ပူးပေါင်းဆောင်ရွက်တဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး သစ်တောစိုက်ပျိုးရေး နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးတဲ့ အခမ်းအနားကို မနေ့က နေပြည်တော်မှာ ကျင်းပရာမှာ ဒီအစီအဉ်ကို ထုတ်ဖော်ပြောလိုက်တာပါ။ 

သစ်ပင်တွေ စိုက်ပျိုးမှု ကုန်ကျစရိတ်၊ မြေနေရာနဲ့ ချုံနွယ်တွေ ရှင်းလင်းတာ၊ လူသွားလမ်း၊ စင်္ကြံ၊ တံတား၊ နားနေဆောင်၊ ခြံစည်းရိုးကာတာနဲ့ ပြုပြင်ထိန်းသိမ်း ကုန်ကျစရိတ်တွေကို တရုတ်သံရုံးက ကျခံပေးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ Art Wave ကုမ္ပဏီကို လုပ်ငန်းအပ်နှံထားတယ်လို့ သိရပါတယ်။

အမ်အိုယူ လက်မှတ်ထိုးတဲ့ အခမ်းအနားမှာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က နှစ်နိုင်ငံ ချစ်ကြည်ရေး သစ်တောစိုက်ခင်းဟာ မြန်မာ ပြည်သူတွေအတွက် သာယာလှပတဲ့ နေထိုင်မှု ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အခွင့်အလမ်း ရရှိရေး၊ ပြည်သူလူထု ဘ၀ ကောင်းမွန်လာစေရေးတို့ကို မြှင့်တင်ပေးနိုင်ကာ နောင်လာနောက်သားတွေ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကြွယ်ဝချမ်းသာမှုတွေ ချန်ရစ်ထားနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောသွားပါတယ်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကလည်း  နေပြည်တော်ကို စမတ်စီးတီး အဖြစ် အကောင်အထည်ဖော်နေတဲ့ ကာလမှာ သစ်တောစိုက်ခင်းကြောင့် နေပြည်တော်ကို လာရောက်တဲ့သူတွေ သန့်ရှင်းလတ်ဆတ်တဲ့ လေနဲ့ သဘာဝပတ်ဝန်းကျင်ကို ခံစားရရှိစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးသစ်တောရဲ့ ပထမဆုံး စီမံကိန်းအဖြစ် ဧက ၁၀၀ ရှိတဲ့ တရုတ်-မြန်မာ စံပြသစ်တော စိုက်ခင်းတခုကို ၂၀၁၇ ခုနှစ်က  မကွေးတိုင်းဒေသကြီးမှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသကနေ ထွက်ရှိတဲ့ သစ်တွေကို တရားမဝင် တင်သွင်းနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။  

~~~~~~~~~~~~~~~~~~~~~
Zawgyi_version

ျမန္မာ-တ႐ုတ္ ခ်စ္ၾကည္ေရး သစ္ပင္ ၃၃၀၀ ေက်ာ္ ေနျပည္ေတာ္တြင္ စိုက္ပ်ိဳးမည္

ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး သစ္ေတာစိုက္ခင္းအျဖစ္  ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္၊ ဓနသိဒၶိ ပန္းၿခံ အမွတ္ (၁) ရွိ ေျမေနရာ ၁၈ ဧကေက်ာ္မွာ သစ္ပင္ေပါင္း ၃၃၀၀ ေက်ာ္ စိုက္ပ်ိဳးမယ္လို႔ ႏိုင္ငံပိုင္ သတင္းစာေတြမွာ ေဖာ္ျပပါတယ္။

စိုက္ခင္းအတြင္း ကြၽန္း၊ မေဟာ္ဂနီ၊ သင္းဝင္၊ ပိေတာက္၊ ခေရနဲ႔ စိန္ပန္း စုစုေပါင္း ၃၃၅၃ ပင္ကို ၂၀၁၈ - ၂၀၁၉ ၊ ၂၀၁၉ -၂၀၂၀ ၊ ၂၀၂၀ - ၂၀၂၁ နဲ႔ ၂၀၂၁ - ၂၀၂၂ ဘ႑ာေရးႏွစ္ေတြမွာ  ေလးႏွစ္ စီမံခ်က္နဲ႔ စိုက္ပ်ိဳးသြားမယ္လို႔ ဆိုပါတယ္။

ေနျပည္ေတာ္ စည္ပင္သာယာေရး ေကာ္မတီနဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးတို႔ ပူးေပါင္းေဆာင္႐ြက္တဲ့ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး သစ္ေတာစိုက္ပ်ိဳးေရး နားလည္မႈ စာခြၽန္လႊာ လက္မွတ္ ေရးထိုးတဲ့ အခမ္းအနားကို မေန႔က ေနျပည္ေတာ္မွာ က်င္းပရာမွာ ဒီအစီအဥ္ကို ထုတ္ေဖာ္ေျပာလိုက္တာပါ။

သစ္ပင္ေတြ စိုက္ပ်ိဳးမႈ ကုန္က်စရိတ္၊ ေျမေနရာနဲ႔ ခ်ဳံႏြယ္ေတြ ရွင္းလင္းတာ၊ လူသြားလမ္း၊ စႀကႍ၊ တံတား၊ နားေနေဆာင္၊ ၿခံစည္း႐ိုးကာတာနဲ႔ ျပဳျပင္ထိန္းသိမ္း ကုန္က်စရိတ္ေတြကို တ႐ုတ္သံ႐ုံးက က်ခံေပးသြားမွာျဖစ္ၿပီး ျမန္မာႏိုင္ငံသားပိုင္ ကုမၸဏီ Art Wave ကုမၸဏီကို လုပ္ငန္းအပ္ႏွံထားတယ္လို႔ သိရပါတယ္။

အမ္အိုယူ လက္မွတ္ထိုးတဲ့ အခမ္းအနားမွာ တ႐ုတ္ႏိုင္ငံ သံအမတ္ႀကီး မစၥတာခ်န္းဟိုင္တို႔က ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး သစ္ေတာစိုက္ခင္းဟာ ျမန္မာ ျပည္သူေတြအတြက္ သာယာလွပတဲ့ ေနထိုင္မႈ ပတ္ဝန္းက်င္ ဖန္တီးေပးႏိုင္ၿပီး လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရး၊ အလုပ္အခြင့္အလမ္း ရရွိေရး၊ ျပည္သူလူထု ဘ၀ ေကာင္းမြန္လာေစေရးတို႔ကို ျမႇင့္တင္ေပးႏိုင္ကာ ေနာင္လာေနာက္သားေတြ အတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ ႂကြယ္ဝခ်မ္းသာမႈေတြ ခ်န္ရစ္ထားႏိုင္မယ္လို႔ ယုံၾကည္တဲ့အေၾကာင္း ေျပာသြားပါတယ္။

ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္ကလည္း  ေနျပည္ေတာ္ကို စမတ္စီးတီး အျဖစ္ အေကာင္အထည္ေဖာ္ေနတဲ့ ကာလမွာ သစ္ေတာစိုက္ခင္းေၾကာင့္ ေနျပည္ေတာ္ကို လာေရာက္တဲ့သူေတြ သန္႔ရွင္းလတ္ဆတ္တဲ့ ေလနဲ႔ သဘာဝပတ္ဝန္းက်င္ကို ခံစားရရွိေစမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးသစ္ေတာရဲ႕ ပထမဆုံး စီမံကိန္းအျဖစ္ ဧက ၁၀၀ ရွိတဲ့ တ႐ုတ္-ျမန္မာ စံျပသစ္ေတာ စိုက္ခင္းတခုကို ၂၀၁၇ ခုႏွစ္က  မေကြးတိုင္းေဒသႀကီးမွာ စတင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းေဒသကေန ထြက္ရွိတဲ့ သစ္ေတြကို တရားမဝင္ တင္သြင္းေနတဲ့ ႏိုင္ငံတႏိုင္ငံ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013