DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းကို ထိန်းချုပ်မည်
DVB
·
August 31, 2019
ရန်ကုန်တိုင်းအတွင်း ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းကို ထိန်းချုပ်မည်
Donate to DVB

ရန်ကုန်တိုင်းအတွင်း ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဇီးရိုးဘတ်ဂျက်နဲ့ ဝင်ရောက်လာတဲ့ ခရီးသွားဧည့်သည်တွေကို စည်းကမ်းတင်းကျပ် ကန့်သတ်တာတွေကို ဒီနှစ်အတွင်းမှာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

သြဂုတ် ၃၀ နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ ကျင်းပတဲ့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီရဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။ 

အဲဒီကန့်သတ်ချက်တွေမှာတော့ ခရီးသွားတွေရဲ့ငွေကြေး သုံးစွဲမှုကို စိစစ်သွားမှာ ဖြစ်သလို ငွေကြေးသုံးစွဲမှုအလိုက် ဝန်ဆောင်မှု အခွင့်အရေးတွေကိုပါ အဆင့်သတ်မှတ်ပြီး လုပ်ဆောင်သွားမယ်လို့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး (ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ) (ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ) နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။

ဒါ့အပြင် ခရီးသွားတွေရဲ့ ငွေကြေးသုံးစွဲမှုကို သိရှိနိုင်ဖို့အတွက် သက်ဆိုင်ရာ နည်းပညာဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ အခွန်ကောက်ခံသွားမယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ တရုတ်နိုင်ငံက ဇီးရိုးဘတ်ဂျတ်နဲ့ ဝင်ရောက်တဲ့ခရီးသွားက အများဆုံးဖြစ်ပြီး ဒီနှစ် ဇူလိုင်လကုန်အထိ စာရင်းတွေအရ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ခရီးသွားဧည့်သည် အယောက် ၆ သိန်းခွဲနီးပါး ဝင်ရောက်ခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

ရန္ကုန္တိုင္းအတြင္း ဇီး႐ိုးဘတ္ဂ်က္ ခရီးသြားလုပ္ငန္းကို ထိန္းခ်ဳပ္မည္

ရန္ကုန္တိုင္းအတြင္း ဇီး႐ိုးဘတ္ဂ်က္ ခရီးသြားလုပ္ငန္းကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ဇီး႐ိုးဘတ္ဂ်က္နဲ႔ ဝင္ေရာက္လာတဲ့ ခရီးသြားဧည့္သည္ေတြကို စၫ္းကမ္းတင္းက္ပ္ ကန႔္သတ္တာေတြကို ဒီႏွစ္အတြင္းမွာ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္၊

ၾသဂုတ္ ၃၀ ေန႔က ရန္ကုန္တိုင္းေဒသႀကီးအစိုးရ႐ုံးမွာ က်င္းပတဲ့ ေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီရဲ႕ မီဒီယာေတြနဲ႔ ေတြ႕ဆုံပြဲမွာ ေျပာပါတယ္။

အဲဒီကန႔္သတ္ခ်က္ေတြမွာေတာ့ ခရီးသြားေတြရဲ႕ေငြေၾကး သုံးစြဲမႈကို စိစစ္သြားမွာ ျဖစ္သလို ေငြေၾကးသုံးစြဲမႈအလိုက္ ဝန္ေဆာင္မႈ အခြင့္အေရးေတြကိုပါ အဆင့္သတ္မွတ္ၿပီး လုပ္ေဆာင္သြားမယ္လို႔ ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး (ေဒသဆိုင္ရာ ခရီးသြားလုပ္ငန္း ေကာ္မတီ) (ေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီ) ေနာ္ပန္းသၪၨာမ်ိဳးက ေျပာပါတယ္။

ဒါ့အျပင္ ခရီးသြားေတြရဲ႕ ေငြေၾကးသုံးစြဲမႈကို သိရွိႏိုင္ဖို႔အတြက္ သက္ဆိုင္ရာ နည္းပညာဆိုင္ရာ အဖြဲ႕အစည္းေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ အခြန္ေကာက္ခံသြားမယ္လို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ တ႐ုတ္ႏိုင္ငံက ဇီး႐ိုးဘတ္ဂ်တ္နဲ႔ ဝင္ေရာက္တဲ့ခရီးသြားက အမ်ားဆုံးျဖစ္ၿပီး ဒီႏွစ္ ဇူလိုင္လကုန္အထိ စာရင္းေတြအရ ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္ကေန ခရီးသြားဧည့္သည္ အေယာက္ ၆ သိန္းခြဲနီးပါး ဝင္ေရာက္ခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013