DVB Logo
Home
မြန်မာသတင်း
ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တွင်  ဗင်နီဇွဲလား သံတမန်ရုံးဖွင့်လှစ်
DVB
·
August 30, 2019
ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တွင်  ဗင်နီဇွဲလား သံတမန်ရုံးဖွင့်လှစ်
Donate to DVB

ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့မှာ  ဗင်နီဇွဲလားဆိုင်ရာ သံတမန် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်လိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၂၈ ရက်နေ့မှာ ပြောပါတယ်။ 

ဗင်နီဇွဲလားရေးရာအဖွဲ့(VAU) ကို ဗင်နီဇွဲလားအရေး အမေရိကန် တာဝန်ရှိသူ ဂျိမ်းစ် စတိုရီက ဦးဆောင်သွားမှာပါ။ 

ဗင်နီဇွဲလားနိုင်ငံမှာ ဒီမိုကရေစီနစ်နဲ့  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်အသက်သွင်းဖို့အပြင်  လုံခြုံရေးကဏ္ဍနဲ့ ဗင်နီဇွဲလား ပြည်သူတွေရဲ့ဘဝ တိုးတက်ကောင်းမွန်ဖို့  VAU အဖွဲ့က လုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

လက်ရှိ ဗင်နီဇွဲလား သမ္မတ မာဒူရိုလက်ထက်မှာ နိုင်ငံတွင်း စီးပွားရေးအကြပ် အတည်းတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးနေကြရပါတယ်။ 

မကြာသေးခင်နှစ်တွေမှာပဲ ကိုလံဘီယာနိုင်ငံကို ထွက်ပြေးလာတဲ့ ဗင်နီဇွဲလား နိုင်ငံသား အရေအတွက် ၁ ဒဿမ ၄ သန်းကျော် ရှိပါတယ်။ 

အမေရိကန်အပါအဝင်  အနောက်နိုင်ငံ တော်တော်များများက ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို ဗင်နီဇွဲလားသမ္မအဖြစ် အသိအမှတ်ပြုထားကြပါတယ်။ 

ဗင်နီဇွဲလား အောက်လွှတ်တော် ဥက္ကဋ္ဌလည်ဖြစ်တဲ့ ဟွမ်ဂွယ်ဒိုက နိုင်ငံခြားရေးရာ၊ စီးပွားရေး၊ ပိုင်ဆိုင်မှု ကာကွယ်ရေးနဲ့ လူ့အခွင့်အရေးကဏ္ဍတွေအတွက် ဝန်ကြီးအသစ် လေးယောက် ခန့်အပ်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။ 

ဒါပေမယ့် အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒို အသစ်ခန့်အပ်လိုက်တဲ့ ဝန်ကြီးအများစုဟာ လက်ရှိ သမ္မတ မာဒူရို အစိုးရရဲ့ တရားဝင် တားမြစ်ချက်ကြောင့် ပြည်ပကို ရောက်နေကြပါတယ်။ 

ဂွယ်ဒိုရဲ့  Volutad Popular ပါတီကို တည်ထောင်သူနဲ့ ခေါင်းဆောင် လီယိုပိုဒို လိုပဲ့ဇ်က ဝန်ကြီးအသစ်တွေကို ညှိနှိုင်းပေးမှာပါ။ လိုပဲ့ဇ်ဟာ နေအိမ် အကျယ်ချုပ်ကာလ အဆုံးသတ်ချိန်မှာ မြို့တော် ကာရာကတ်စ်က စပိန် သံအမတ်ကြီးနေအိမ်မှာ ဆက်လက်နေထိုင်ပါတယ်။




ကိုလံဘီယာႏိုင္ငံ ဘိုဂိုတာၿမိဳ႕တြင္ ဗင္နီဇြဲလား သံတမန္႐ုံးဖြင့္လွစ္
DVB
ကိုလံဘီယာႏိုင္ငံ ဘိုဂိုတာၿမိဳ႕မွာ ဗင္နီဇြဲလားဆိုင္ရာ သံတမန္ ကိုယ္စားလွယ္႐ုံး ဖြင့္လွစ္လိုက္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ၾသဂုတ္ ၂၈ ရက္ေန႔မွာ ေျပာပါတယ္။

ဗင္နီဇြဲလားေရးရာအဖြဲ႕(VAU) ကို ဗင္နီဇြဲလားအေရး အေမရိကန္ တာဝန္ရွိသူ ဂ်ိမ္းစ္ စတိုရီက ဦးေဆာင္သြားမွာပါ။

ဗင္နီဇြဲလားႏိုင္ငံမွာ ဒီမိုကေရစီနစ္နဲ႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပန္အသက္သြင္းဖို႔အျပင္ လုံၿခဳံေရးက႑နဲ႔ ဗင္နီဇြဲလား ျပည္သူေတြရဲ႕ဘဝ တိုးတက္ေကာင္းမြန္ဖို႔ VAU အဖြဲ႕က လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

လက္ရွိ ဗင္နီဇြဲလား သမၼတ မာဒူ႐ိုလက္ထက္မွာ ႏိုင္ငံတြင္း စီးပြားေရးအၾကပ္ အတည္းေတြနဲ႔ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြေၾကာင့္ ႏိုင္ငံသားေတြဟာ အိမ္နီးခ်င္းႏိုင္ငံေတြဆီ ထြက္ေျပးေနၾကရပါတယ္။

မၾကာေသးခင္ႏွစ္ေတြမွာပဲ ကိုလံဘီယာႏိုင္ငံကို ထြက္ေျပးလာတဲ့ ဗင္နီဇြဲလား ႏိုင္ငံသား အေရအတြက္ ၁ ဒႆမ ၄ သန္းေက်ာ္ ရွိပါတယ္။

အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားက ဗင္နီဇြဲလား အတိုက္အခံ ေခါင္းေဆာင္ ဟြမ္ဂြယ္ဒိုကို ဗင္နီဇြဲလားသမၼအျဖစ္ အသိအမွတ္ျပဳထားၾကပါတယ္။

ဗင္နီဇြဲလား ေအာက္လႊတ္ေတာ္ ဥကၠ႒လည္ျဖစ္တဲ့ ဟြမ္ဂြယ္ဒိုက ႏိုင္ငံျခားေရးရာ၊ စီးပြားေရး၊ ပိုင္ဆိုင္မႈ ကာကြယ္ေရးနဲ႔ လူ႔အခြင့္အေရးက႑ေတြအတြက္ ဝန္ႀကီးအသစ္ ေလးေယာက္ ခန႔္အပ္ေၾကာင္း မေန႔က ေၾကညာခဲ့ပါတယ္။

ဒါေပမယ့္ အတိုက္အခံေခါင္းေဆာင္ ဟြမ္ဂြယ္ဒို အသစ္ခန႔္အပ္လိုက္တဲ့ ဝန္ႀကီးအမ်ားစုဟာ လက္ရွိ သမၼတ မာဒူ႐ို အစိုးရရဲ႕ တရားဝင္ တားျမစ္ခ်က္ေၾကာင့္ ျပည္ပကို ေရာက္ေနၾကပါတယ္။

ဂြယ္ဒိုရဲ႕ Volutad Popular ပါတီကို တည္ေထာင္သူနဲ႔ ေခါင္းေဆာင္ လီယိုပိုဒို လိုပဲ့ဇ္က ဝန္ႀကီးအသစ္ေတြကို ညႇိႏႈိင္းေပးမွာပါ။ လိုပဲ့ဇ္ဟာ ေနအိမ္ အက်ယ္ခ်ဳပ္ကာလ အဆုံးသတ္ခ်ိန္မွာ ၿမိဳ႕ေတာ္ ကာရာကတ္စ္က စပိန္ သံအမတ္ႀကီးေနအိမ္မွာ ဆက္လက္ေနထိုင္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013