DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့နယ် ခလရ ၂၉၁ တပ်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ တိုက်ခိုက်၊ လက်နက်ကြီး ရွာထဲကျသဖြင့် ရွာသားများ ထွက်ပြေး
DVB
·
August 28, 2019
လားရှိုးမြို့နယ် ခလရ ၂၉၁ တပ်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ တိုက်ခိုက်၊  လက်နက်ကြီး ရွာထဲကျသဖြင့် ရွာသားများ ထွက်ပြေး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်တိုက်နယ်အခြေစိုက် ခလရ ၂၉၁ မြန်မာ့တပ်မတော်စခန်းကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့က ဩဂုတ် ၂၈ ရက် ဒီကနေ့မနက်မှာ  ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး လက်နက်ကြီးတွေ ရွာနဲ့ လယ်တောတွေထဲ ကျရောက်လို့ ရာနဲ့ချီတဲ့ ရွာသားတွေနီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ဝင်ရောက်ခိုလှုံနေရတယ်လို့ ရွာသားတွေကို သွားရောက်ကူညီပေးနေတဲ့ TYO  လားရှိုးရှမ်းလူငယ် အဖွဲ့ခေါင်းဆောင် စိုင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။

“ကနေ့မနက် ၆ နာရီလောက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ နမ့်ပေါင် အ.ထ.က ကျောင်းနားတဝိုက်ကနေပြီး နမ့်ပေါင်အထွက် မိုင်းရယ်သွား လမ်းပေါ်မှာရှိတဲ့ ခလရ ၂၉၁ အစိုးရတပ်ကို ဝင်ပစ်တယ်လို့ ရွာသားတွေ ပြောပါတယ်။ အစိုးရတပ်ကလည်း  ပြန်ပစ်တော့ နှစ်ဖက် အပြန်အလှန် ပစ်ပြီး လက်နက်ကျည်တွေက ရပ်ကွက် ၂ ထဲက နားနောင်ရွာသစ်ထဲကို ၃ လုံး ကျတယ်။ လူနဲ့ နေအိမ်တွေတော့ ထိခိုက်မှုတော့ မရှိဘူး။ ဒါပေမဲ့ ကြောက်လန့်တကြားနဲ့ ဘုန်းကြီးကျောင်းကို ထွက်ပြေးကြတယ်။ အခု ဝေဠုဝန်ကျောင်းတိုက်မှာ ရွာသားပေါင်း ၅၀၀ နီးပါး နဲ့ မြို့လယ်ကျောင်းတိုက်မှာ ၂၀၀ ကျော် ရောက်နေပါတယ်ခင်ဗျ။”

ထွက်ပြေးလာတဲ့ ရွာသားတွေဟာ ခလရ ၂၉၁ အစိုးရ တပ်စခန်းအနီးတဝိုက် ရပ်ကွက် ၆ နဲ့ လက်နက်ကြီးကျရာ ရပ်ကွက် ၂ ထဲက ရွာသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ထွက်ပြေးလာတဲ့ နမ့်ပေါင်ရွာသူ တဦးက "ဒီကနေ့ မနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေ ရွာစာသင်ကျောင်းထဲဝင်လာပြီး ကျောင်းထဲ ကနေ စစ်တပ်ကို လာပစ်တယ်။ စာသင်ကျောင်းက စစ်တပ်နဲ့ မျက်နှာခြင်းဆိုင် ရှေ့မှာပဲရှိတယ်။ ကားလမ်းပဲခြားတယ်။ အဲ့တော့ စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ အဲ့ဒါကြောင့် အိမ်ကိုထားခဲ့ပြီး ဘုန်းကြီးကျောင်းမှာ ခဏလာနေနေတာဖြစ်တယ်" လို့ ပြောပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေဟာ တပ်ကိုပစ်ပြီး ပြန်ဆုတ်လာစဉ်  နမ့်ပေါင် ရပ်ကွက် ၆ က နေအိမ်ဝန်းအတွင်း ရပ်ထားတဲ့ ဆိုင်ကယ်တစီးကို အဓမ္မယူဆောင်သွားတယ်လို့လည်း မျက်မြင်သက်သေတွေနဲ့ ဆိုင်ကယ်ဆုံးရှုံးသွားတဲ့ မိသားစုတွေကပြောပါတယ်။

"ကျောင်းထဲကနေ စစ်တပ်ကို ပစ်ပြီးတော့ လက်နက်ကိုင်အဖွဲ့တွေ ကျမတို့ နေတဲ့ ရပ်ကွက်ဘက်ကို ဆုတ်လာပါတယ်။ ပြီးတော့ နေအိမ်ခြံဝန်းအတွင်းက ဆိုင်ကယ်တစ်စီးကို အတင်းအဓမ္မယူသွားခဲ့တယ်"လို့ မျက်မြင်သက်သေ ဆိုင်ကယ်ဆုံးရှုံးသွားတဲ့ မိသားစု ဝင်တဦးက ပြောပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းမှာ မြောက်ပိုင်း မဟာမိတ်တပ်တွေ ဆုတ်ခွာသွားပြီး ပစ်ခတ်သံတွေ ငြိမ်သွားပြီ ဖြစ်ပေမယ့် ခုတလော ပစ်ခတ်မှုတွေဟာ အချိန်မရွေး နေရာမရွေး ရုတ်တရက် ဖြစ်လာနိုင်တာမို့ သတိအနေအထားနဲ့ တိမ်းရှောင်နိုင်ဖို့ ပြင်ဆင်ထားသင့်တယ်လို့ စိုင်းဟန်က ပြောပါတယ်။

လက်ရှိ နမ့်ပေါင်ဝေဠုဝန်ဘုန်းကြီးကျောင်းနဲ့ မြို့လယ်ကျောင်းမှာ ပြည်သူလူထု ၆ဝဝကျော် ယာယီစစ်ရှောင်နေရပြီး နမ့်ပေါင် အထက်တန်းကျောင်းနဲ့ စျေးဆိုင်ခန်းတွေ လူနေအိမ်တွေ ပိတ်ထားရပါတယ်။

စာသင်ကျောင်းမှာ ပညာရေးဝန်ထမ်း ၃၅ ဦးရှိပြီး ကျောင်းသား ၉၀၀ ကျော် ပညာသင်ကြားနေပါတယ်။ ၂၀၁၆ ခုနှစ်မှာလည်း နမ့်ပေါင်ကျေးရွာအနီး တိုက်ပွဲဖြစ်လို့ ပြည်သူလူထုတွေ စစ်ဘေးရှောင်ခဲ့ရပါတယ်။ 

သတင်း- နန်းမြနဒီ၊ ခွန်ဇော်ဦး 

ဓာတ်ပုံ :  Sai Tiger Tai

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လားရႈိးၿမိဳ႕နယ္ ခလရ ၂၉၁ တပ္ကို ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ တိုက္ခိုက္၊ လက္နက္ႀကီး ႐ြာထဲက်သျဖင့္ ႐ြာသားမ်ား ထြက္ေျပး

ရွမ္းျပည္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕နယ္၊ နမ့္ေပါင္တိုက္နယ္အေျခစိုက္ ခလရ ၂၉၁ ျမန္မာ့တပ္မေတာ္စခန္းကို ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႕ ၃ ဖြဲ႕က ဩဂုတ္ ၂၈ ရက္ ဒီကေန႔မနက္မွာ  ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။

ဒါေၾကာင့္ ႏွစ္ဖက္ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားၿပီး လက္နက္ႀကီးေတြ ႐ြာနဲ႔ လယ္ေတာေတြထဲ က်ေရာက္လို႔ ရာနဲ႔ခ်ီတဲ့ ႐ြာသားေတြနီးစပ္ရာ ဘုန္းႀကီးေက်ာင္းေတြမွာ ဝင္ေရာက္ခိုလႈံေနရတယ္လို႔ ႐ြာသားေတြကို သြားေရာက္ကူညီေပးေနတဲ့ TYO  လားရႈိးရွမ္းလူငယ္ အဖြဲ႕ေခါင္းေဆာင္ စိုင္းဟန္က ဒီဗြီဘီကို ေျပာပါတယ္။

“ကေန႔မနက္ ၆ နာရီေလာက္က ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြ နမ့္ေပါင္ အ.ထ.က ေက်ာင္းနားတဝိုက္ကေနၿပီး နမ့္ေပါင္အထြက္ မိုင္းရယ္သြား လမ္းေပၚမွာရွိတဲ့ ခလရ ၂၉၁ အစိုးရတပ္ကို ဝင္ပစ္တယ္လို႔ ႐ြာသားေတြ ေျပာပါတယ္။ အစိုးရတပ္ကလည္း  ျပန္ပစ္ေတာ့ ႏွစ္ဖက္ အျပန္အလွန္ ပစ္ၿပီး လက္နက္က်ည္ေတြက ရပ္ကြက္ ၂ ထဲက နားေနာင္႐ြာသစ္ထဲကို ၃ လုံး က်တယ္။ လူနဲ႔ ေနအိမ္ေတြေတာ့ ထိခိုက္မႈေတာ့ မရွိဘူး။ ဒါေပမဲ့ ေၾကာက္လန႔္တၾကားနဲ႔ ဘုန္းႀကီးေက်ာင္းကို ထြက္ေျပးၾကတယ္။ အခု ေဝဠဳဝန္ေက်ာင္းတိုက္မွာ ႐ြာသားေပါင္း ၅၀၀ နီးပါး နဲ႔ ၿမိဳ႕လယ္ေက်ာင္းတိုက္မွာ ၂၀၀ ေက်ာ္ ေရာက္ေနပါတယ္ခင္ဗ်။”

ထြက္ေျပးလာတဲ့ ႐ြာသားေတြဟာ ခလရ ၂၉၁ အစိုးရ တပ္စခန္းအနီးတဝိုက္ ရပ္ကြက္ ၆ နဲ႔ လက္နက္ႀကီးက်ရာ ရပ္ကြက္ ၂ ထဲက ႐ြာသားေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။

ထြက္ေျပးလာတဲ့ နမ့္ေပါင္႐ြာသူ တဦးက "ဒီကေန႔ မနက္ပိုင္းက လက္နက္ကိုင္အဖြဲ႕ေတြ ႐ြာစာသင္ေက်ာင္းထဲဝင္လာၿပီး ေက်ာင္းထဲ ကေန စစ္တပ္ကို လာပစ္တယ္။ စာသင္ေက်ာင္းက စစ္တပ္နဲ႔ မ်က္ႏွာျခင္းဆိုင္ ေရွ႕မွာပဲရွိတယ္။ ကားလမ္းပဲျခားတယ္။ အဲ့ေတာ့ စစ္တပ္ကလည္း လက္နက္ႀကီးေတြနဲ႔ ျပန္ပစ္တယ္။ အဲ့ဒါေၾကာင့္ အိမ္ကိုထားခဲ့ၿပီး ဘုန္းႀကီးေက်ာင္းမွာ ခဏလာေနေနတာျဖစ္တယ္" လို႔ ေျပာပါတယ္။

လက္နက္ကိုင္တပ္ဖြဲ႕ေတြဟာ တပ္ကိုပစ္ၿပီး ျပန္ဆုတ္လာစဥ္  နမ့္ေပါင္ ရပ္ကြက္ ၆ က ေနအိမ္ဝန္းအတြင္း ရပ္ထားတဲ့ ဆိုင္ကယ္တစီးကို အဓမၼယူေဆာင္သြားတယ္လို႔လည္း မ်က္ျမင္သက္ေသေတြနဲ႔ ဆိုင္ကယ္ဆုံးရႈံးသြားတဲ့ မိသားစုေတြကေျပာပါတယ္။

"ေက်ာင္းထဲကေန စစ္တပ္ကို ပစ္ၿပီးေတာ့ လက္နက္ကိုင္အဖြဲ႕ေတြ က်မတို႔ ေနတဲ့ ရပ္ကြက္ဘက္ကို ဆုတ္လာပါတယ္။ ၿပီးေတာ့ ေနအိမ္ၿခံဝန္းအတြင္းက ဆိုင္ကယ္တစ္စီးကို အတင္းအဓမၼယူသြားခဲ့တယ္"လို႔ မ်က္ျမင္သက္ေသ ဆိုင္ကယ္ဆုံးရႈံးသြားတဲ့ မိသားစု ဝင္တဦးက ေျပာပါတယ္။

ဒီေန႔ မြန္းလြဲပိုင္းမွာ ေျမာက္ပိုင္း မဟာမိတ္တပ္ေတြ ဆုတ္ခြာသြားၿပီး ပစ္ခတ္သံေတြ ၿငိမ္သြားၿပီ ျဖစ္ေပမယ့္ ခုတေလာ ပစ္ခတ္မႈေတြဟာ အခ်ိန္မေ႐ြး ေနရာမေ႐ြး ႐ုတ္တရက္ ျဖစ္လာႏိုင္တာမို႔ သတိအေနအထားနဲ႔ တိမ္းေရွာင္ႏိုင္ဖို႔ ျပင္ဆင္ထားသင့္တယ္လို႔ စိုင္းဟန္က ေျပာပါတယ္။

လက္ရွိ နမ့္ေပါင္ေဝဠဳဝန္ဘုန္းႀကီးေက်ာင္းနဲ႔ ၿမိဳ႕လယ္ေက်ာင္းမွာ ျပည္သူလူထု ၆ဝဝေက်ာ္ ယာယီစစ္ေရွာင္ေနရၿပီး နမ့္ေပါင္ အထက္တန္းေက်ာင္းနဲ႔ ေစ်းဆိုင္ခန္းေတြ လူေနအိမ္ေတြ ပိတ္ထားရပါတယ္။

စာသင္ေက်ာင္းမွာ ပညာေရးဝန္ထမ္း ၃၅ ဦးရွိၿပီး ေက်ာင္းသား ၉၀၀ ေက်ာ္ ပညာသင္ၾကားေနပါတယ္။ ၂၀၁၆ ခုႏွစ္မွာလည္း နမ့္ေပါင္ေက်း႐ြာအနီး တိုက္ပြဲျဖစ္လို႔ ျပည္သူလူထုေတြ စစ္ေဘးေရွာင္ခဲ့ရပါတယ္။

သတင္း- နန္းျမနဒီ၊ ခြန္ေဇာ္ဦး 

ဓာတ္ပုံ :  Sai Tiger Tai

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013