DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူမြို့နယ်တွင် လူ ၂ ဦး ဓာတ်လိုက်သေဆုံး
DVB
·
August 28, 2019
ကျောက်ဖြူမြို့နယ်တွင် လူ ၂ ဦး ဓာတ်လိုက်သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ ငလပွေ့ကျေးရွာမှာ သြဂုတ် ၂၇ ရက်က ဓာတ်လိုက်နေတဲ့ အမျိုးသမီးတဦးကို ကယ်ဆယ်ရာက အမျိုးသမီးရော ကယ်ဆယ်တဲ့အမျိုးသားပါ သေဆုံးသွားတယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက သိရပါတယ်။

ဓာတ်လိုက်သေဆုံးသူ ဒေါ်မြင့်မြင့်ဌေးမှာ မုန့်တီရောင်းချနေသူတဦးဖြစ်ပြီး ပလပ်စတစ်ပါကင်အိတ်ထုပ်သွားဝယ်ယူစဉ် ဦးအေးမောင်ရဲ့ နေအိမ်ရှေ့ရှိ ဓါတ်မီးတိုင်မှာ လျှပ်စစ်ဝါယာကြိုးနဲ့တွဲလျက်သွယ်တန်းထားတဲ့ သွပ်ကြိုးက လမ်းမပေါ်မှာ ပြုတ်ကျနေတဲ့နေရာအနီး အရောက်မှာ ဒေါ်မြင့်မြင့်ဌေးမှာ ဓာတ်လိုက်ကာလဲကျသွားခဲ့ပါတယ်။

ဓာတ်လိုက်နေတဲ့ဒေါ်မြင့်မြင့်ဌေးကို ကိုနိုင်ဦး (ခ) ကိုအောင်နိုင်ဦးက မြင်တွေ့ခဲ့ တာကြောင့်  ကယ်တင်နိုင်ဖို့သွားရောက်စဉ်မှာ နှစ်ဦးစလုံးဓာတ်လိုက်သေဆုံးသွားခဲ့တာပါ။

ကျောက်ဖြူမြို့မရဲစခန်း ခေတ္တစခန်းမှူး ဒုရဲမှူးသိန်းထိုက်အေး “အဲဒီအမျိုးသမီးက မုန့်တီရောင်းတယ်လို့ပြောတယ်။ မုန်တီရောင်းရင်နဲ့ လိုအပ်တဲ့အိတ်သွားယူဖို့သွားရင်းနဲ့ လမ်းပေါ် မှာ ဓာတ်ကြိုးအိုက်မကျလာအောင်တွဲ ချည်ထားတဲ့ သံကြိုးကရေထဲကျနေတော့ လျှပ်စစ်ဝင်ပြီး ရှော့ဝင်ပြီးတော့ ဓာတ်လိုက်တယ်။ အနားမှာရှိတဲ့ သေဆုံးတဲ့ကောင်လေးက အသံကြားလို့ ထွက်ပြီးတော့ ကူညီမလို့သွားတဲ့အချိန်မှာ သူပါဓာတ်လိုက်ပြီးတော့ ဆုံးသွားတာပေါ့”လို့ ပြောပါတယ်။

ဒါကြောင့် သေဆုံးသူနှစ်ဦးကို ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ စစ်ဆေး နေပြီး ကျောက်ဖြူမြို့မရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်နေပါတယ်။

အခုလို ဓာတ်လိုက်ကာသေဆုံးမှုအများစုမှာ လျှပ်စစ်ဌာနရဲ့ ပေါ့ဆမှုကြောင့် ဖြစ်တယ်လို့ ကျောက်ဖြူမြို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

ကျောက်ဖြူမြို့နယ်မှာ အခုနှစ်အတွင်း ဓာတ်လိုက်သေဆုံး ၄ ဦးလောက်ရှိပြီး လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း လျှပ်စစ်ဝန်ထမ်းတဦးမှာ ဓာတ်တိုင်ပေါ်ရှိ သစ်ကိုင်းတွေကို တက်ရောက် ရှင်းလင်းရာမှ ဓာတ်လိုက်ကာ သေဆုံးခဲ့မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း- နောင်နောင် 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေက်ာက္ျဖဴၿမိဳ႕နယ္တြင္ လူ ၂ ဦး ဓာတ္လိုက္ေသဆုံး

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္၊ ေတာင္ရင္းေက်း႐ြာအုပ္စု၊ ငလေပြ႕ေက်း႐ြာမွာ ၾသဂုတ္ ၂၇ ရက္က ဓာတ္လိုက္ေနတဲ့ အမ်ိဳးသမီးတဦးကို ကယ္ဆယ္ရာက အမ်ိဳးသမီးေရာ ကယ္ဆယ္တဲ့အမ်ိဳးသားပါ ေသဆုံးသြားတယ္လို႔ ေက်ာက္ျဖဴၿမိဳ႕မရဲစခန္းက သိရပါတယ္။

ဓာတ္လိုက္ေသဆုံးသူ ေဒၚျမင့္ျမင့္ေဌးမွာ မုန္႔တီေရာင္းခ်ေနသူတဦးျဖစ္ၿပီး ပလပ္စတစ္ပါကင္အိတ္ထုပ္သြားဝယ္ယူစဥ္ ဦးေအးေမာင္ရဲ႕ ေနအိမ္ေရွ႕ရွိ ဓါတ္မီးတိုင္မွာ လွ်ပ္စစ္ဝါယာႀကိဳးနဲ႔တြဲလ်က္သြယ္တန္းထားတဲ့ သြပ္ႀကိဳးက လမ္းမေပၚမွာ ျပဳတ္က်ေနတဲ့ေနရာအနီး အေရာက္မွာ ေဒၚျမင့္ျမင့္ေဌးမွာ ဓာတ္လိုက္ကာလဲက်သြားခဲ့ပါတယ္။

ဓာတ္လိုက္ေနတဲ့ေဒၚျမင့္ျမင့္ေဌးကို ကိုႏိုင္ဦး (ခ) ကိုေအာင္ႏိုင္ဦးက ျမင္ေတြ႕ခဲ့ တာေၾကာင့္  ကယ္တင္ႏိုင္ဖို႔သြားေရာက္စဥ္မွာ ႏွစ္ဦးစလုံးဓာတ္လိုက္ေသဆုံးသြားခဲ့တာပါ။

ေက်ာက္ျဖဴၿမိဳ႕မရဲစခန္း ေခတၱစခန္းမႉး ဒုရဲမႉးသိန္းထိုက္ေအး “အဲဒီအမ်ိဳးသမီးက မုန႔္တီေရာင္းတယ္လို႔ေျပာတယ္။ မုန္တီေရာင္းရင္နဲ႔ လိုအပ္တဲ့အိတ္သြားယူဖို႔သြားရင္းနဲ႔ လမ္းေပၚ မွာ ဓာတ္ႀကိဳးအိုက္မက်လာေအာင္တြဲ ခ်ည္ထားတဲ့ သံႀကိဳးကေရထဲက်ေနေတာ့ လွ်ပ္စစ္ဝင္ၿပီး ေရွာ့ဝင္ၿပီးေတာ့ ဓာတ္လိုက္တယ္။ အနားမွာရွိတဲ့ ေသဆုံးတဲ့ေကာင္ေလးက အသံၾကားလို႔ ထြက္ၿပီးေတာ့ ကူညီမလို႔သြားတဲ့အခ်ိန္မွာ သူပါဓာတ္လိုက္ၿပီးေတာ့ ဆုံးသြားတာေပါ့”လို႔ ေျပာပါတယ္။

ဒါေၾကာင့္ ေသဆုံးသူႏွစ္ဦးကို ေက်ာက္ျဖဴခ႐ိုင္ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ကာ စစ္ေဆး ေနၿပီး ေက်ာက္ျဖဴၿမိဳ႕မရဲစခန္းမွာ ေသမႈေသခင္း ဖြင့္လွစ္ကာ စစ္ေဆးေဆာင္႐ြက္ေနပါတယ္။

အခုလို ဓာတ္လိုက္ကာေသဆုံးမႈအမ်ားစုမွာ လွ်ပ္စစ္ဌာနရဲ႕ ေပါ့ဆမႈေၾကာင့္ ျဖစ္တယ္လို႔ ေက်ာက္ျဖဴၿမိဳ႕ ေဒသခံေတြက ေဝဖန္ေျပာဆိုေနၾကပါတယ္။

ေက်ာက္ျဖဴၿမိဳ႕နယ္မွာ အခုႏွစ္အတြင္း ဓာတ္လိုက္ေသဆုံး ၄ ဦးေလာက္ရွိၿပီး လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကလည္း လွ်ပ္စစ္ဝန္ထမ္းတဦးမွာ ဓာတ္တိုင္ေပၚရွိ သစ္ကိုင္းေတြကို တက္ေရာက္ ရွင္းလင္းရာမွ ဓာတ္လိုက္ကာ ေသဆုံးခဲ့မႈျဖစ္ပြားခဲ့ပါတယ္။

သတင္း- ေနာင္ေနာင္ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013