DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်ဒေသတွင် နေထိုင်ကြသူများ ဗုံးခိုကျင်းများ တူးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်
DVB
·
August 25, 2019
တိုက်ပွဲဖြစ်ဒေသတွင် နေထိုင်ကြသူများ ဗုံးခိုကျင်းများ တူးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ရာဒေသမှာ နေထိုင်ကြသူတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားဖို့၊ တိုက်ပွဲဖြစ်နေချိန် ခရီးသွားမယ့် သတင်းသမားတွေ၊ လူမှုကူညီရေးနဲ့ ဒေသခံတွေအနေနဲ့ ညီနောင် မဟာမိတ်တပ်တွေကို ဆက်သွယ် အကူအညီတောင်းနိုင်တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်မှာ စခဲ့တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA  တို့ရဲ့ တပ်မတော်ကို တိုက်ခိုက်တာကနေ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တွေမှာ နေ့တိုင်းဆိုသလို တိုက်ပွဲတွေ ဖြစ်နေတာပါ။

ဒီတိုက်ပွဲတွေကြားမှာ ဒဏ်ရာရ၊ သေဆုံးသူတွေကိုသွားသယ်တဲ့ ပရဟိတကား ၂ စီး တိုက်ပွဲကြားမှာ ပစ်ခတ်ခံခဲ့ရသလို မိုင်းထိခဲ့လို့ လူတယောက် သေဆုံးခဲ့ပါတယ်။

မြန်မာ့တပ်မတော်ဟာ လက်ရှိမှာ ပုံမှန်သုံးနေကျ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို မသုံးတော့ဘဲ အရပ်သား၊ ပြည်သူ့စစ်ပုံစံမျိုးနဲ့ အရပ်သားကားတွေသုံးတာ၊ ပရဟိတနဲ့ လူမှုကူညီ ကယ်ဆယ်ရေးကားတွေကို သုံးတာတွေ့ရတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ဒေသတွေက ပြည်သူတွေအနေနဲ့ အနေအထိုင်အသွားအလာဆင်ခြင်ဖို့ သူတို့က အလေးအနက် အသိပေးထားသလို လုံခြုံတဲ့ ဗုံးခိုကျင်းတွေတူးထားဖို့၊ တိုက်ပွဲဖြစ်တဲ့အသံ၊ သေနတ်သံတွေ ကြားရင် အပြင်မှာ သွားလာမနေဘဲ ဗုံးခိုကျင်းထဲမှာ နေဖို့ကိုလည်း အကြံပြုထားပါတယ်။

ခရီးသွားတွေ၊ သတင်းမီဒီယာတွေ၊ လူမှုကူညီရေး အသင်းအဖွဲ့တွေအနေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကာလမှာ လမ်းခရီးအခြေအနေတွေကို သေသေချာချာ လေ့လာစုံစမ်းပြီးမှ သွားကြဖို့နဲ့ အကူအညီလိုရင်လည်း သက်ဆိုင်ရာဒေသမှာ တာဝန်ယူ လှုပ်ရှားနေတဲ့ ညီနောင်မဟာမိတ် တပ်တွေကို ဆက်သွယ် အကူညီရယူနိုင်တယ်လို့ ဆိုပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

တိုက္ပြဲျဖစ္ေဒသတြင္ ေနထိုင္ၾကသူမ်ား ဗုံးခိုက်င္းမ်ား တူးရန္ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕ထုတ္ျပန္

ရွမ္းျပည္နယ္ေျမာက္ပိုင္း တိုက္ပြဲျဖစ္ရာေဒသမွာ ေနထိုင္ၾကသူေတြအေနနဲ႔ ဗုံးခိုက်င္းေတြ တူးထားဖို႔၊ တိုက္ပြဲျဖစ္ေနခ်ိန္ ခရီးသြားမယ့္ သတင္းသမားေတြ၊ လူမႈကူညီေရးနဲ႔ ေဒသခံေတြအေနနဲ႔ ညီေနာင္ မဟာမိတ္တပ္ေတြကို ဆက္သြယ္ အကူအညီေတာင္းႏိုင္တယ္လို႔ ဒီေန႔ ထုတ္ျပန္ပါတယ္။

မႏၲေလးတိုင္း ျပင္ဦးလြင္မွာ စခဲ့တဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA၊ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA နဲ႔ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA  တို႔ရဲ႕ တပ္မေတာ္ကို တိုက္ခိုက္တာကေန ရွမ္းျပည္နယ္ေျမာက္ပိုင္း ၿမိဳ႕နယ္ေတြမွာ ေန႔တိုင္းဆိုသလို တိုက္ပြဲေတြ ျဖစ္ေနတာပါ။

ဒီတိုက္ပြဲေတြၾကားမွာ ဒဏ္ရာရ၊ ေသဆုံးသူေတြကိုသြားသယ္တဲ့ ပရဟိတကား ၂ စီး တိုက္ပြဲၾကားမွာ ပစ္ခတ္ခံခဲ့ရသလို မိုင္းထိခဲ့လို႔ လူတေယာက္ ေသဆုံးခဲ့ပါတယ္။

ျမန္မာ့တပ္မေတာ္ဟာ လက္ရွိမွာ ပုံမွန္သုံးေနက် သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းေတြကို မသုံးေတာ့ဘဲ အရပ္သား၊ ျပည္သူ႔စစ္ပုံစံမ်ိဳးနဲ႔ အရပ္သားကားေတြသုံးတာ၊ ပရဟိတနဲ႔ လူမႈကူညီ ကယ္ဆယ္ေရးကားေတြကို သုံးတာေတြ႕ရတယ္လို႔ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္ပြဲျဖစ္ေဒသေတြက ျပည္သူေတြအေနနဲ႔ အေနအထိုင္အသြားအလာဆင္ျခင္ဖို႔ သူတို႔က အေလးအနက္ အသိေပးထားသလို လုံၿခဳံတဲ့ ဗုံးခိုက်င္းေတြတူးထားဖို႔၊ တိုက္ပြဲျဖစ္တဲ့အသံ၊ ေသနတ္သံေတြ ၾကားရင္ အျပင္မွာ သြားလာမေနဘဲ ဗုံးခိုက်င္းထဲမွာ ေနဖို႔ကိုလည္း အႀကံျပဳထားပါတယ္။

ခရီးသြားေတြ၊ သတင္းမီဒီယာေတြ၊ လူမႈကူညီေရး အသင္းအဖြဲ႕ေတြအေနနဲ႔ တိုက္ပြဲျဖစ္ေနတဲ့ ကာလမွာ လမ္းခရီးအေျခအေနေတြကို ေသေသခ်ာခ်ာ ေလ့လာစုံစမ္းၿပီးမွ သြားၾကဖို႔နဲ႔ အကူအညီလိုရင္လည္း သက္ဆိုင္ရာေဒသမွာ တာဝန္ယူ လႈပ္ရွားေနတဲ့ ညီေနာင္မဟာမိတ္ တပ္ေတြကို ဆက္သြယ္ အကူညီရယူႏိုင္တယ္လို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013