
ပြင်သစ်နည်းပြ ဒေးရီးယားဒေ့ရှောင့်ဟာ လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ၂၆ ယောက် ပါဝင်တဲ့ အင်အားတောင့်တင်းတဲ့ လူစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါလူစာရင်းမှာ ပရီးမီးယားလိဂ်မှ ကစားသမား ၇ ယောက်အထိ ပါဝင်လာပြီး အထူးသဖြင့် ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး မာတေတာနဲ့ နောက်ခံလူ လာခရွိုက်စ်တို့ ရွေးချယ်ခံရမှုက စိတ်ဝင်စားဖွယ် ဖြစ်ခဲ့ပါတယ်။
အမ်ဘာပေ၊ ဒမ်ဘီလီတို့လို ကြယ်ပွင့်တွေ ပါဝင်လာပေမဲ့ ရီးရဲလ်ကွင်းလယ်လူ ကာမာဗင်ဂါနဲ့ ဂိုးသမား လူကပ်စ်ချက်ဗယ်လီယာတို့ကတော့ ဒဏ်ရာနဲ့ ပုံမှန်ပွဲထွက်ခွင့် မရမှုတွေကြောင့် ချန်လှပ်ခံ ခဲ့ရပါတယ်။
ဒေရှောင့်အနေနဲ့ ဒီပြိုင်ပွဲအပြီးမှာ နည်းပြရာထူးကနေ နုတ်ထွက်တော့မှာဖြစ်လို့ ပြင်သစ်အသင်းဟာ အုပ်စု (I) မှာ ဆီနီဂေါ၊ အီရတ်၊ နော်ဝေးတို့နဲ့အတူ တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆု ကို ဆွတ်ခူးနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။










