DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ငြိမ်းချမ်းရေး ပြီးစလွယ်လုပ်ရင် ပြဿနာက နောက်ရှင်းလို့ မလွယ်ဘူး - ပဒိုစောသမိန်ထွန်း
DVB
·
August 25, 2019
ငြိမ်းချမ်းရေး ပြီးစလွယ်လုပ်ရင် ပြဿနာက နောက်ရှင်းလို့ မလွယ်ဘူး - ပဒိုစောသမိန်ထွန်း
Donate to DVB

ငြိမ်းချမ်းရေးဟာ ၂၀၂၀ မှာ မရနိုင်သေးတဲ့အတွက် ၂၀၂၀ အလွန်ကိုပဲ ငြိမ်းချမ်းရေးအတွက် ကြိုးစားရဦးမှာ ဖြစ်သလို ငြိမ်းချမ်းရေးကို ပြီးစလွယ်လုပ်လို့ မရကြောင်း ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုကော်မတီဝင် ပဒို စောသမိန်ထွန်းက ပြောဆိုလိုက်ပါတယ်။

၂၀၂၀ မတိုင်မီ အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုရှိအောင် ဆွေးနွေးဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောင်တက်လာမယ့် အစိုးရလက်ထက် ဆက်လက်ဆွေးနွေးနိုင်ရေး ကေအန်ယူအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ မြဝတီမြို့နယ်၊ ရွှေက္ကိုမှာ အခုလို ပြောကြားခဲ့တာပါ။

“တပ်မတော်က နှုတ်ကတိအတိုင်းပဲ အချိန်ပြည့်သွားရင် ဘာလုပ်မယ်ဆိုတာ မသိဘူး။ အဲဒီလိုတာလုပ်ကြရင်တော့ ၂၀၂၀ က မရသေးဘူး။ ၂၀၂၀ အလွန်ကိုပဲ ကျနော်တို့ ငြိမ်းချမ်းရေးအတွက် ကြိုးစားရဦးမယ်။ ပြီးစလွယ်လုပ်လို့ မရဘူး။ ငြိမ်းချမ်းရေး ပြီးစလွယ်လုပ်ရင် ပြဿနာက နောက်ရှင်းလို့ မလွယ်ဘူး” လို့ ပြောပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့က ငြိမ်းချမ်းရေးက အဓိက နံပါတ် ၁ ဖြစ်ပြီး၊ နိုင်ငံ မဖွံ့ဖြိုး မတိုးတက်တာဟာ မငြိမ်းချမ်းလို့ ဖြစ်တာလို့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောပါတယ်။

“အဓိက နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့က နံတ်ပါတ် ၁ ငြိမ်းချမ်းရေး ဖြစ်နေတယ်။ ဘယ်နိုင်ငံမဆို ဘယ်ဒေသမဆို မဖွံ့ဖြိုး မတည်ငြိမ် မအေးချမ်းတဲ့ ဒေသဆိုရင် ဘယ်တော့မှ မဖွံ့ဖြိုးဘူး။ ကျနော်တို့ နိုင်ငံမှာလည်း မဖွံ့ဖြိုး မတိုးတက်တာ ဒါ မငြိမ်းချမ်းလို့”လို့ ပြောပါတယ်။

အန်စီအေ လက်မှတ်ရေးထိုးထားတာ ၄ နှစ်နီးပါး ရှိခဲ့ပေမယ့် အန်စီအေ အခန်း ၃ ပါ အချက်တွေ၊ အခန်း ၄ ပါ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှုလုပ်ငန်းစဉ်နဲ့ အခန်း ၆ ပါ အချက်တွေကို မဆွေးနွေးနိုင်ဘဲ ရပ်တန့်နေတဲ့အတွက် ဆက်လက်ညှိနှိုင်းဆွေးနွေးဖို့ ကေအန်ယူဘက်က ဆောင်ရွက်နေတာပါ။

တပ်မတော်ဘက်က ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာမှာ နှစ်ဖက် ညှိနှိုင်းတိုင်ပင်မှုတွေ မရှိသလို တပ်စခန်း တိုးချဲ့တာတွေ၊ အင်အားတိုးချဲ့တာတွေ ရှိခဲ့တဲ့အပြင် ပြီးခဲတဲ့ ဇူလိုင်က တပ်စခန်း ၅ ခု တိုးချဲ့လာတာတွေ ရှိတယ်လို့ ကေအန်ယူဘက်က ပြောဆိုထားပါတယ်။

ရဲမင်းခေါင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ၿငိမ္းခ်မ္းေရး ၿပီးစလြယ္လုပ္ရင္ ျပႆနာက ေနာက္ရွင္းလို႔ မလြယ္ဘူး - ပဒိုေစာသမိန္ထြန္း

ၿငိမ္းခ်မ္းေရးဟာ ၂၀၂၀ မွာ မရႏိုင္ေသးတဲ့အတြက္ ၂၀၂၀ အလြန္ကိုပဲ ၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးစားရဦးမွာ ျဖစ္သလို ၿငိမ္းခ်မ္းေရးကို ၿပီးစလြယ္လုပ္လို႔ မရေၾကာင္း ေကအန္ယူ ကရင္အမ်ိဳးသားအစည္းအ႐ုံး၊ ဗဟိုေကာ္မတီဝင္ ပဒို ေစာသမိန္ထြန္းက ေျပာဆိုလိုက္ပါတယ္။

၂၀၂၀ မတိုင္မီ အပစ္အခတ္ရပ္စဲေရး ခိုင္မာမႈရွိေအာင္ ေဆြးေႏြးဖို႔နဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ေနာင္တက္လာမ,့် အစိုးရလက္ထက္ ဆက္လက္ေဆြးေႏြးႏိုင္ေရး ေကအန္ယူအေနနဲ႔ ႀကိဳးပမ္းေဆာင္႐ြက္ေနတယ္လို႔ ျမဝတီၿမိဳ႕နယ္၊ ေ႐ႊကၠိဳမွာ အခုလို ေျပာၾကားခဲ့တာပါ။

“တပ္မေတာ္က ႏႈတ္ကတိအတိုင္းပဲ အခ်ိန္ျပည့္သြားရင္ ဘာလုပ္မယ္ဆိုတာ မသိဘူး။ အဲဒီလိုတာလုပ္ၾကရင္ေတာ့ ၂၀၂၀ က မရေသးဘူး။ ၂၀၂၀ အလြန္ကိုပဲ က်ေနာ္တို႔ ၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးစားရဦးမယ္။ ၿပီးစလြယ္လုပ္လို႔ မရဘူး။ ၿငိမ္းခ်မ္းေရး ၿပီးစလြယ္လုပ္ရင္ ျပႆနာက ေနာက္ရွင္းလို႔ မလြယ္ဘူး” လို႔ ေျပာပါတယ္။

ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ဖို႔က ၿငိမ္းခ်မ္းေရးက အဓိက နံပါတ္ ၁ ျဖစ္ၿပီး၊ ႏိုင္ငံ မဖြံ႕ၿဖိဳး မတိုးတက္တာဟာ မၿငိမ္းခ်မ္းလို႔ ျဖစ္တာလို႔ ကရင္ျပည္နယ္၊ နယ္ျခားေစာင့္တပ္ အေထြေထြအတြင္းေရးမႉး ဗိုလ္မႉးႀကီးေစာခ်စ္သူက ေျပာပါတယ္။

“အဓိက ႏိုင္ငံတႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ဖို႔က နံတ္ပါတ္ ၁ ၿငိမ္းခ်မ္းေရး ျဖစ္ေနတယ္။ ဘယ္ႏိုင္ငံမဆို ဘယ္ေဒသမဆို မဖြံ႕ၿဖိဳး မတည္ၿငိမ္ မေအးခ်မ္းတဲ့ ေဒသဆိုရင္ ဘယ္ေတာ့မွ မဖြံ႕ၿဖိဳးဘူး။ က်ေနာ္တို႔ ႏိုင္ငံမွာလည္း မဖြံ႕ၿဖိဳး မတိုးတက္တာ ဒါ မၿငိမ္းခ်မ္းလို႔”လို႔ ေျပာပါတယ္။

အန္စီေအ လက္မွတ္ေရးထိုးထားတာ ၄ ႏွစ္နီးပါး ရွိခဲ့ေပမယ့္ အန္စီေအ အခန္း ၃ ပါ အခ်က္ေတြ၊ အခန္း ၄ ပါ အပစ္အခတ္ရပ္စဲေရး ေစာင့္ၾကည့္မႈလုပ္ငန္းစဥ္နဲ႔ အခန္း ၆ ပါ အခ်က္ေတြကို မေဆြးေႏြးႏိုင္ဘဲ ရပ္တန႔္ေနတဲ့အတြက္ ဆက္လက္ညႇိႏႈိင္းေဆြးေႏြးဖို႔ ေကအန္ယူဘက္က ေဆာင္႐ြက္ေနတာပါ။

တပ္မေတာ္ဘက္က ေဒသဖြံ႕ၿဖိဳးေရး ေဆာင္႐ြက္ရာမွာ ႏွစ္ဖက္ ညႇိႏႈိင္းတိုင္ပင္မႈေတြ မရွိသလို တပ္စခန္း တိုးခ်ဲ႕တာေတြ၊ အင္အားတိုးခ်ဲ႕တာေတြ ရွိခဲ့တဲ့အျပင္ ၿပီးခဲတဲ့ ဇူလိုင္က တပ္စခန္း ၅ ခု တိုးခ်ဲ႕လာတာေတြ ရွိတယ္လို႔ ေကအန္ယူဘက္က ေျပာဆိုထားပါတယ္။

ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013